Monday 12 May 2014

ရာသီဥတု ပူပြင်းမှုနှင့်အတူ ထားဝယ်တွင် သက်ကြီးသေဆုံးမှု များပြား

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် ယခုနှစ် နွေရာသီ၌ ရာသီဥတု ပူပြင်းမှုနှင့်အတူ သက်ကြီး သေ ဆုံး မှု ပိုမိုများပြားလာေ ကြာင်း ထားဝယ်မြို့ နာရေးကူညီမှု အသိုင်းအဝိုင်းက ပြောကြားသည်။ ဖေဖော်ဝါရီလတွင် ထားဝယ်မြို့၏ အမြင့်ဆုံး အပူချိန်များမှာ ၃၅ ဒသမ ၅ ဒီဂရီ စင်တီဂရိတ် ရှိရာမှ မတ်လနှင့် ဧပြီလများတွင် ၃၈ ဒီဂရီ စင်တီဂရိတ်အထိ ထိုးတက်သွားခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။ 

ဖေဖော်ဝါရီလတွင် ထားဝယ်မြို့၌ သေဆုံးသူ ၅၂ ဦးရှိရာမှ အပူချိန် ထိုးတက်သွားသည့် မတ်လတွင် ၆၁ ဦးနှင့် ဧပြီလတွင် ၆၇ ဦး ရှိကြောင်း၊ ယခုလတွင် မေလ ၈ ရက်နေ့အထိ အမြင့်ဆုံး အပူချိန်မှာ ၃၇ ဒီဂရီစင်တီဂရိတ် ဖြစ်ပြီး သေဆုံးသူ ၁၃ ဦးရှိပြီ ဖြစ်ကြောင်း နာရေးကူညီမှု (ထားဝယ်) ရုံးထံမှ သိရသည်။

အဆိုပါ သေဆုံးသူများအနက် အသက် ၇၀ နှင့်အထက် သေဆုံးမှုနှုန်းမှာ မတ်လတွင် ၁၈ ဦးနှင့် ဧပြီလတွင် ၂၀ ဦး ရှိပြီး မေလ ၈ ရက်နေ့အထိ ခုနစ်ဦး သေဆုံးခဲ့သည်ဟု အထက်ပါရုံး၏ သေဆုံးမှု မှတ်တမ်းအရ သိရသည်။

“ယခင်လနဲ့စာရင် မတ်လ၊ ဧပြီလမှာ လူကြီးပိုင်းတွေ သေဆုံးမှု ပိုများလာတယ်။ ကလေးသေနှုန်းကတော့ မကြားရဘူး” ဟု နာရေးကူညီမှု (ထားဝယ်) ၏ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ဆိုသည်။ 

ယင်းသို့ သေဆုံးမှုနှုန်း မြင့်တက်နေသည့် အချိန်တွင် ထားဝယ်မြို့ အထွေထွေရောဂါကု ဆေးရုံကြီး သို့ ဆေးဝါး တက်ရောက် ကုသမှု ခံယူသူများ၌ အပူရှိန်ကြောင့် သေဆုံးမှု မရှိကြောင်း ယင်းဆေးရုံကြီးမှ တာဝန် ရှိသူက ပြောဆိုသည်။

အပူဒဏ်ကြောင့် မလိုလားအပ်သော အကျိုးဆက်များ မဖြစ်ပေါ်စေရေးအတွက် နေပူထဲမှ ပြန်လာပြီး ချက် ချင်း ရေချိုးခြင်းမှ ရှောင်ကြဉ်ရန်၊ ချွေးထွက်လွန်ပါက ကိုယ်တွင်းရှိ ရေနှင့်ဓာတ်ဆား ဆုံးရှုံးမှုကို ပြန် လည် ဖြည့်တင်းနိုင်ရန် ဓာတ်ဆားရည် သောက်ရန်၊ ကိုယ်အပူရှိန် တက်ပါက ရေအေးဖတ်နိုင်နိုင် တိုက်ရန်၊ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်အပူချိန်တက်ခြင်း၊ သတိလစ်ခြင်းနှင့် အတက်ရောဂါ ဖြစ် လျှင် ဆေးရုံ အရောက်နောက်ကျပါက အသက်ဆုံးရှုံး နိုင်သဖြင့် ဆေးရုံသို့ အမြန်ဆုံးပြသကြရန် စသောအချက် ၁၂ ချက်ဖြင့် ကျန်းမာရေး ဝန်ကြီးဌာနက အသိပေး နှိုးဆော်ထားသည်။

ပြီးခဲ့သည့်နှစ် မတ်လက ထားဝယ်မြို့၌ သေဆုံးနှုန်းမှာ ၆၁ ဦးရှိရာမှ အသက် ၇၀ နှစ်နှင့်အထက် သေဆုံး သူ ဦးရေမှာ ၂၁ ဦးရှိပြီး ဧပြီလတွင် ၅၄ ဦး သေဆုံးကာ အသက် ၇၀ နှစ်နှင့်အထက် သေဆုံးမှုနှုန်းမှာ ၁၆ ဦး ရှိသည်ဟု သိရသည်။

အပူဒဏ်ကြောင့် ချွေးထွက်လွန်ပြီး ခန္ဓာကိုယ်အတွင်းရှိ ရေနှင့်ဓာတ်ဆား ဆုံးရှုံးမှုများပြားကာ ထိုသို့ ဆုံးရှုံး မှုကြောင့် မိတ်နှင့် ယားနာဖုများ ထွက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မူးမော်ခြင်း၊ ကြွက်တက်ခြင်း ၊ ချွေးခြော က်ပြီး ကိုယ်အပူချိန်တက်ခြင်း၊ သတိလစ်ခြင်းတို့အပြင် အသက်အန္တရာယ် စိုးရိမ်ရသော အခြေအနေ အထိ ဖြစ်တတ်သည်ဟု အပူဒဏ်အန္တရာယ်ကာကွယ်ရန် ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားသည်။

The Voice Weekly

No comments:

Post a Comment