Monday 12 May 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် (၂၄)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား

(၂၄)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီ တွင် နေပြည်တော် ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန၌ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်၍ မိန့်ခွန်းပြောကြားသည်။
ရှေးဦးစွာ အာဆီယံနိုင်ငံများမှ နိုင်ငံခေါင်းဆောင်များနှင့် အစိုးရအဖွဲ့အကြီး အ ကဲ များသည် မြန်မာ အပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန သို့ ရောက်ရှိလာရာ နိုင်ငံတော်သမ္မတ ဦးသိန်းနှင့်ဇနီး ဒေါ် ခင်ခင်ဝင်း တို့က ကွန်ဗင်းရှင်းဗဟိုဌာနအဝင်မုခ်ဦးမှ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ကွန်ဗင်းရှင်းဗဟိုဌာန ပထမထပ်ရှိ ကျောက်စိမ်းခန်းမ၌ (၂၄)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကိုကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်ဇနီးတို့နှင့်အတူ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘုရင် ဆူလ်တန် ဟာဂျီဟာဆန်နယ် ဘိုလ်ကီးယား မူအစ်ဇာဒင်ဝါဒေါင်လာ၊ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ခ်ဟွန် ဆန်၊ အင်ဒိုနီးရှားသမ္မတနိုင်ငံ သမ္မတ ဒေါက်တာဆူစီလိုဘမ်ဘမ်း ယူဒိုရိုနိုနှင့်ဇနီး၊ လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာသောင်ဆင်းသမ်မာဗောင်၊ မလေးရှားနိုင်ငံဝန်ကြီးချုပ် ဒါတိုဆရီ ဟာဂျီ မိုဟာမက် နာဂျစ်နှင့်ဇနီး၊ ဖိလစ်ပိုင်သမ္မတနိုင်ငံ သမ္မတ မစ္စတာဘီနစ်ဂ်နို အာကွီနို၊ စင်ကာပူသမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာလီရှန်လွန်းနှင့်ဇနီး၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာငုယင်တန်ဇွန်း၊ ထိုင်းနိုင်ငံမှ အထူးကိုယ်စားလှယ် ဒုတိယဝန်ကြီးချုပ် မစ္စတာဖောင်တက်ဖ် သပ်ခန်ဂျာန၊ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စု တရား သူကြီး ချုပ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ အာဆီယံ အတွင်းရေးမှူးချုပ် မစ္စတာလီယောင် မင်၊ အာဆီယံနိုင်ငံများမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အာဆီယံနိုင်ငံ များမှ မြန်မာသံအမတ်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။ ရှေးဦးစွာ အာဆီယံဂုဏ်ပြုတေးသီချင်းဖြင့် အခမ်းအနား ကိုဖွင့် လှစ်သည်။ ထို့နောက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အဖွင့် မိန့်ခွန်းပြောကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အာဆီယံခေါင်းဆောင်များသည် စုပေါင်း၍မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြ သည်။ ဆက်လက်၍ မြန်မာနိုင်ငံ၏ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ထမ်းဆောင်မှုဆိုင်ရာ ဗွီဒီယိုပြကွက် ကို မိတ်ဆက်ပြသပြီး ယဉ်ကျေးမှုဝန်ကြီးဌာနမှ အနုပညာရှင်များက မြန်မာ့ယဉ်ကျေးမှုအဆို၊ အက များဖြင့် ဖျော်ဖြေတင်ဆက်ကာ ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

MOI Webportal Myanmar

No comments:

Post a Comment