Monday 12 May 2014

ရာဇမဏိစူဠာ ကောင်းမှုတော်ဘုရားကြီးတွင် သိကြားမင်းခရု သင်းရေ သွန်းလောင်း ပွဲ ကဆုန်လပြည့်နေ့တိုင်း ကျင်းပ

ကဆုန်လပြည့်နေ့သည် ဗုဒ္ဓ ဘာသာ မြန်မာလူမျိုးများ၏ အထွတ်အမြတ်ထားရှိသည့် နေ့ ထူးနေ့မြ တ်ဖြစ်ပေ သည်။ ''ဖွား ပွင့် နိဗ္ဗာန် ဗျာဒိတ်ခံ၊ မှတ်ရန် ကဆုန် လပြည့်ကြုံ''ဟူ၍ အမှတ် အသားပြုကြ သည်။ ကဆုန်လပြည့် နေ့တွင် ဂေါတမဘုရားရှင်၏ အလောင်းအလျာ သုမေဓာရှင်ရသေ့ သည် ဒီပင်္ကရာ ဘုရားရှင်ထံမှ နိယတဗျာဒိတ် ခံယူတော်မူခဲ့ သည်။ ကဆုန်လပြည့်နေ့တွင် ဖွားမြင်တော် မူခဲ့သည်။ ကဆုန် လပြည့်နေ့မှာပင် ညောင်ဗုဒ္ဓဟေ ဗောဓိပင်အောက်တွင် သဗ္ဗညုတ ရွှေÓဏ်တော်ကို ရရှိတော်မူကာ သမ္မာသမ္ဗုဒ္ဓဘုရားအဖြစ်သို့ ရောက် ရှိတော်မူသည်။ ထိုကဆုန်လပြည့် နေ့မှာပင် ကုသိ နာရုံပြည်မလ္လာမင်း တို့၏အင်ကြင်းတောတွင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့သည်။ ကဆုန် လပြည့်နေ့သည် ဗုဒ္ဓဘုရားရှင်နှင့် များစွာဆက်စပ်နေသဖြင့် ကဆုန် လပြည့်နေ့ကို ဗုဒ္ဓနေ့ဟု အမည် တွင်ခဲ့ပေသည်။
ကဆုန်လပြည့်နေ့တွင် ဗုဒ္ဓ ဘာသာမြန်မာလူမျိုးများသည် ဗောဓိညောင်ပင် အား ရေစင် သွန်း လောင်းလေ့ရှိကာ 'ညောင်ရေ သွန်းပွဲတော်'ကို ကျင်းပကြသည်။ ကဆုန်လပြည့်နေ့တွင် ညောင်ရေ သွန်း ပွဲ ကျင်းပပြုလုပ်ကြသည့် နည်းတူ စစ်ကိုင်းမြို့ ရာဇမဏိ စူဠာကောင်းမှုတော်စေတီတော် ကြီးရှိ သိကြားမင်းရုပ်တု တွင် ခရုသင်းရေသွန်းလောင်းပွဲ ပြုလုပ် လေ့ရှိကြသည်။ ရာဇမဏိ စူဠာ ကောင်း မှုတော်ဘုရားကြီး၏ အရှေ့ မြောက်ထောင့်အပြင်တံတိုင်းတွင် လိုဏ်ဂူနှင့်တည်ထားသည့် သိကြား မင်းရုပ်တုကြီး ရှိသည်။ အဆိုပါ သိကြားမင်းရုပ်တုမှာလည်း သမိုင်း ရာဇဝင်နှင့်တကွ ထုလုပ်တည် ထားခဲ့ခြင်းဖြစ်ပါသည်။ အင်းဝ နန်းစံ သာလွန်မင်းတရားကြီးသည် ကောင်းမှုတော်စေတီကြီး တည် ထားရန် အဘယဂါမဏိ ဦးဆောင် သည့် မှူးမတ်ကြီးများကို မြေ နေရာရှာဖွေစေခဲ့သည်။ စစ်ကိုင်း ဘက် ရှေးဟောင်း တန့်တည်း ဘုရားအနီးတွင် ကောင်းမှုတော် ကြီး တည်ထားရန်အတွက် ပြန့်ပြူးညီညာသည့်မြေနေရာကို သိကြားမင်းက အဘိုးအိုဟန် ဖန် ဆင်းကာ လမ်းညွှန်ပြသခဲ့သည်။  

ဘုရားတည်ပြီး မေတ္တာကန်တူး ဖော်ရန်လည်း မေတ္တာရပ်ခံခဲ့သည်။ ဘုရားကြီးတည်ထား ရန် ညွှန်ပြပြီး နော က် သိကြားမင်းသည် ပျောက် ကွယ်သွားခဲ့သည်။ သက္ကရာဇ် ၉၉၈ခုနှစ်တွင် ရာဇမဏိ စူဠာ ကောင်း မှုတော် ဘုရားကြီး တည် ထားသည့်အခါ သိကြားမင်း ပျောက်ကွယ်သွားသည့် နေရာတွင် ဂူနှင့်တကွ သိကြားမင်းရုပ်တုကို ထုလုပ်တည်ထားခဲ့သည်။သိကြား မင်း၏ရုပ်တုသည် ခရုသင်းကို လက်နှစ်ဖက်ဖြင့် ကိုင်ဆောင်ထား သည်။

ညောင်ရေသွန်းပွဲတော်ကျင်းပ သည့် ကဆုန်လပြည့်နေ့တွင် စစ်ကိုင်းမြို့နှင့် ကောင်းမှုတော် ဘုရားကြီး၏ ဝန်းကျင်မှ ကျေးရွာ များသည် သိကြားမင်းကိုင်ဆောင် ထားသည့် ခရုသင်းအတွင်း သို့ ရေစင် သွန်းလောင်းလေ့ရှိကြ သည်။ သိကြားမင်းကိုင်ထားသည့် ခရုသင်းအတွင်းမှ ရေစင်ကို ပြန် လည်ခံယူကာ အန္တရာယ်ကင်းရှင်း ကြစေရန် ပရိတ်ရေကဲ့သို့ အသုံး ပြုလေ့ရှိကြသည်။ ခရုသင်းမှ ခံယူသည့် သိကြားရေစင် ကို သောက်သုံးပါက အန္တရာယ်ကင်း သည်၊ ကျန်းမာသည်။ နေအိမ် အဆောက်အအုံ၏ အရံအတား တွင် ပက်ဖျန်းထားပါက မီးဘေးအန္တရာယ် ကင်းသည်။ သိကြားရေစင်ကို သနပ်ခါးနံ့သာ တို့ဖြင့် သွေး၍ လိမ်းပါက လူချစ်လူခင်ပေါများ သည် စသည်ဖြင့်ယုံကြည်ကာ သုံးစွဲကြကြောင်း သိရသည်။

ကဆုန်လပြည့်နေ့တွင် ဗောဓိပင် အား ညောင်ရေသွန်းလောင်းကြ သကဲ့သို့ စစ်ကိုင်းမြို့ ရာဇမဏိ စူဠာကောင်းမှုတော် ဘုရားကြီးရှိ သိကြားမင်းရုပ်တုတွင်လည်း ခရု သင်းရေသွန်းလောင်းသည့် ထူးခြား သော ရိုးရာဓလေ့ရှိကြောင်း တင်ပြ လိုက်ပါသည်။ သိကြားမင်းရုပ်တု သည် ကောင်းမှုတော် ဘုရားကြီး အရှေ့ မုခ်မှသွားရပြီး အရှေ့မြောက် ထောင့်(ဧသံအရပ်) မေတ္တာကန်ကြီး ၏အရှေ့ဘက် တံတိုင်း အပြင် တွင် တည်ရှိသည်။

The Union Daily

No comments:

Post a Comment