ပြည်သူဗဟိုပြုတဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ပွင့်လင်းမြင်သာမှုများနဲ့ အတူ အခက်အခဲပေါင်းမြောက် များ စွာ ကို ရင်ဆိုင်လျှောက်လှမ်းပြီး အမိမြန်မာနိုင်ငံကို အခြားနိုင်ငံများနည်းတူ လူမှုရေး၊စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုများ ခေတ်နောက်ကျ မကျန်စေရေးအတွက် ပြည်သူလူထု၏ လိုလားချက်များနဲ့ လိုအပ်ချက်များ အပေါ် တိကျသော ရလာဒ်ကောင်းများဖြင့် ပိုမိုဖြည့်ဆည်းပေးနိုင်စေရေး နိုင်ငံတော်အနေဖြင့် လူဦးရေ သန်းခေါင် စာရင်းအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ခဲ့ပါတယ်။
KIA တို့ရဲ့ ``ဂျိန်းဖော´´ ဆိုတဲ့လူမျိုးစွဲဝါဒကြောင့် အခြားကချင်များကိုပါ မျိုးတုန်းပျောက်ကွယ်အောင် ရည်ရွယ် လုပ်ဆောင်နေသလို ကမ္ဘာ့အလယ်မှာ ကချင်လူမျိုးများဟာ ရိုင်းစိုင်းသူများအဖြစ် အယုံ အကြည်မရှိ အောင် လုပ်ဆောင်နေသလားဆိုတာ မေးစရာပါ။ နိုင်ငံတော်အစိုးရရဲ့ စေတနာအမှန်ကို မသိကျိုးကျွန်ပြုပြီး ကိုယ့်ကချင်လူမျိုးအချင်းချင်းအပေါ် သွေးခွဲကာ ခွဲခြားဆက်ဆံတဲ့အပြင် ၎င်းတို့ KIA ကြီးစိုးရာ နယ်မြေအချို့က တိုင်းရင်းသားတွေနဲ့ အခြားမြို့/ရွာများမှ ဒေသခံတိုင်းရင်းသားများကိုပါ နည်းလမ်း အမျိုးမျိုးနဲ့ ခြိမ်းခြောက်ခဲ့ပြီး ကချင်လူမျိုးရဲ့ကုတ်နံပါတ်(၁၀၁)ကိုသာ အတင်းအကြပ် ထည့်သွင်း ခိုင်းစေခဲ့ပါတယ်။ အညိုရောင်ဒေသဖြစ်လို့ သန်းခေါင်စာရင်းကောက်ခံတဲ့အဖွဲ့များကို ရဲတပ်ဖွဲ့များက လုံခြုံရေး လိုက်ပါခဲ့သလို တပ်မတော်မှ အဓိက အကာအကွယ်ပေးပြီးတော့ တိကျတဲ့အဖြေများရရှိအောင် ကူညီလုပ်ဆောင်ပေးနေစဉ်မှာပဲ KIA ဟာမိုက်မဲစွာ ချောင်းမြောင်းတိုက်ခိုက်ခဲ့လို့ တပ်မတော်မှ ဒုတိယ တပ်ရင်းမှူးတစ်ဦးဟာ နိုင်ငံတော်အတွက် အသက်ပေးဆပ် ခဲ့ရတာ အားလုံးအသိပဲ ဖြစ်ပါတယ်။
နိုင်ငံတော်အစိုးရရဲ့ ကြီးမားတဲ့ စေတနာနဲ့ နားလည်ခွင့်လွှတ်ပေးမှုများအပေါ် အကြိမ်ကြိမ်အလွဲသုံးစား လုပ်ပြီး ကိုယ့်လူမျိုးအချင်းအချင်း အပေါ်တောင် ခေါင်းပုံဖြတ်သွေးခွဲပြီး အတိဒုက္ခရောက်အောင်ပြုလုပ်နေတဲ့ ဒီ KIA ဆိုတဲ့ လူနည်းစုလက်နက်ကိုင်အဖွဲ့ဟာ ကချင်လူမျိုးအကျိုးအတွက်လား ဆိုတာ စဉ်းစားကြည့်ပါ။ လူမျိုး အတွက်လား၊ မိမိအတွက်လားဆိုတာ မခွဲခြားတတ်တာလဲ မပြောနဲ့လေ၊ လိုင်ဇာက KIA လူကြီးတွေ ဟာ အစစအရာရာ သူတို့လောက်ဘယ်သူမှ မသိကြ၊ မတတ်ကြဘူးလို့ တဖက်သတ် အသံ ကောင်း ဟစ်နေ ကြတာ ရယ်စရာပါ။ ပွဲကြည့်နေတဲ့ ပရိသတ်တွေ ကတော့ အဲဒီ့မင်းသား(ဒဿဂီရိ)ကို ပွဲကြည့် စင်ပေါ်က ဆင်းပေးဖို့ တကြော်ကြော်နဲ့ အော်ဟစ်ကာ တောင်းဆိုနေလေရဲ့။
အရှင်းဆုံးပြောရရင် အစိုးရနဲ့ နားလည်မှုရှိစွာ လက်တွဲဆောင်ရွက်နိုင်တဲ့ KIA ခေါင်းဆောင်မျိုး လိုအပ်နေပြီ ဆိုတာ ကချင်ပြည်နယ်မှာ နေထိုင်ကြတဲ့ ကချင်အားလုံး သဘောပေါက်နေကြပါပြီ။ KIA ရဲ့ တစ် ကိုယ်ကောင်း ဆန်မှုကြောင့် အစိုးရတပ်တွေနဲ့ တိုက်ပွဲတွေ အကြိမ်ကြိမ်ဖြစ်ပွားနေပြီး ဒုက္ခသည်စခန်း မှာ နေရာ မလောက် အောင် ဒုက္ခသည်တွေ များပြားနေ ပါတယ်။ ဒီတော့ အေးအေးချမ်းချမ်းနေထိုင် လိုတဲ့ ဒေသ ခံတွေ ကတော့ KIA ကို အလိုမရှိတော့သလို ကချင်ပြည်နယ်ကို စစ်တလင်းအဖြစ်ကနေ မကယ်တင်နိုင်သေးတဲ့အတွက် ကချင် လူမျိုးအားလုံး၏ သမိုင်းတရားခံဟာ KIA ပါလို့ သတ်မှတ်နေကြ ပြီ ဖြစ် ပါတယ်။
ဘရန်ဆိုင်း
No comments:
Post a Comment