Monday 12 May 2014

ဧရာဝတီမြစ်မြင့်တက်လာမှုအခြေအနေ သတိပေးနှိုးဆော်

Photo: ဧရာဝတီမြစ်မြင့်တက်လာမှုအခြေအနေ သတိပေးနှိုးဆော်
Monday, May 12, 2014 

၂၀၁၄ခုနှစ်၊ မေလ ၁ဝ ရက်နေ့ မြန်မာစံတော်ချိန် (၀၉း၃၀) အချိန် တိုင်းထွာချက်အရ ထူးခြားမြစ်ရေ အခြေအနေသတင်းမှာ မြစ်ကြီးနားမြို့တွင် (၆၈၂) စင်တီမီတာသို့ရောက်ရှိပြီး (၂၄) နာရီအတွင်း (၁၃) ပေခန့် မြင့်တက်ခဲ့ရာ 

အဆိုပါမြစ်ရေသည် နောက် (၂) ရက်မှ (၃) ရက်အတွင်း 

ဗန်းမော်နှင့် ကသာတို့တွင်
(၉) ပေမှ (၁၀) ပေခန့်၊ နောက် (၄) ရက်မှ (၆) ရက်အတွင်း

မန္တလေး၊ စစ်ကိုင်း၊ ပခုက္ကူ၊ ညောင်ဦးမြို့တို့တွင်
(၈) ပေမှ (၉) ပေခန့်၊ နောက် (၇) ရက်မှ (၁၂) ရက်အတွင်း

ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိတ်ဖြူ၊ ဟင်္သာတနှင့် ဇလွန်တို့တွင် (၇) ပေမှ (၈) ပေခန့်အထိ 

လက်ရှိရေမှတ်များထက် မြင့်တက်လာနိုင်သဖြင့် မြစ်ကြောင်းအတွင်း သွားလာနေသော ရေယာဉ်များ၊ သင်္ဘောများဂရုပြုမောင်းနှင်သွားကြရန်နှင့် မြစ်ကမ်းဘေးရှိ ရပ်ကွက်/ကျေးရွာများ၊ ကျွန်းများတွင်နေထိုင်သော ပြည်သူများကြိုတင်သိရှိနိုင်ရန်အတွက် နေပြည်တော် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များသို့ အသိပေးနှိုးဆော်ထားကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar
၂၀၁၄ခုနှစ်၊ မေလ ၁ဝ ရက်နေ့ မြန်မာစံတော်ချိန် (၀၉း၃၀) အချိန် တိုင်းထွာချက်အရ ထူးခြားမြစ်ရေ အခြေ
အနေသတင်းမှာ မြစ်ကြီးနားမြို့တွင် (၆၈၂) စင်တီမီတာသို့ရောက်ရှိပြီး (၂၄) နာရီအတွင်း (၁၃) ပေ ခန့် မြင့် တက် ခဲ့ရာ အဆိုပါမြစ်ရေသည် နောက် (၂) ရက်မှ (၃) ရက်အတွင်း ဗန်းမော်နှင့် ကသာတို့တွင် (၉) ပေမှ (၁၀) ပေခန့်၊ နောက် (၄) ရက်မှ (၆) ရက်အတွင်း မန္တလေး၊ စစ်ကိုင်း၊ ပခုက္ကူ၊ ညောင်ဦးမြို့တို့ တွင် (၈) ပေမှ (၉) ပေခန့်၊ နောက် (၇) ရက်မှ (၁၂) ရက်အတွင်း ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ ၊ ပြည်၊ ဆိတ်ဖြူ၊ ဟင်္သာတနှင့် ဇလွန်တို့တွင် (၇) ပေမှ (၈) ပေခန့်အထိ လက်ရှိရေမှတ်များ ထက် မြင့် တက်လာနိုင်သဖြင့် မြစ်ကြောင်းအတွင်း သွားလာနေသော ရေယာဉ်များ၊ သင်္ဘောများ ဂရုပြုမောင်းနှင် သွားကြ ရန်နှင့် မြစ်ကမ်းဘေးရှိ ရပ်ကွက်/ကျေးရွာများ၊ ကျွန်းများတွင်နေထိုင်သော ပြည်သူ များကြိုတင်သိ ရှိနိုင်ရန်အတွက် နေပြည်တော် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သက်ဆိုင်ရာ တိုင်းဒေသ ကြီး၊ ခရိုင်၊ မြို့နယ်များသို့ အသိပေးနှိုးဆော်ထားကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar

No comments:

Post a Comment