Friday 21 March 2014

လွန်ခဲ့သည့် ခုနစ်လခန့်က ပြဋ္ဌာန်းခဲ့သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအား ပြန်လည်ပြင်ဆင်မည်

၂၀၁၃ ခုနှစ် သြဂုတ်လ ပြဋ္ဌာန်းခဲ့သော အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအား ပြန် လည်ပြင်ဆင်ရန် မတ် ၂၀ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အတည်ပြုခဲ့ သည်။

တမူးမဲ ဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ရွှေက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအား ပြင်ဆင်သည့် ဥပဒေကြမ်းကို တင်သွင်းခဲ့ခြင်းဖြစ်ပြီး လွှတ်တော်က ဆက်လက်ဆွေးနွေးရန် ဆုံးဖြတ်ခဲ့ခြင်းလည်း ဖြစ်သည်။

အဆိုပါ ဥပဒေဆွေးနွေးအတည်ပြုစဉ်က ဥပဒေ၏ ခေါင်းစဉ်အား “လာဘ်ပေးလာဘ်ယူ ပပျော က်ရေး” စကားရပ်အား “အဂတိလိုက်စားမှု တိုက်ဖျက်ရေး”ဟု ပြင်ဆင် အတည်ပြုခဲ့သော် လည်း ဥပဒေပါ ပြဋ္ဌာန်းချက်များတွင် ပါရှိသည့် “လာဘ်ပေးလာဘ်ယူ”ဟူသော စကားရပ် များကို ပြင်ဆင်ခဲ့ခြင်း မရှိသည့်အတွက် ဥပဒေ၏ ခေါင်းစဉ်နှင့်ကိုက်ညီမှု ရှိစေရန် ယခုကဲ့သို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း တင်သွင်း ရခြင်းဖြစ်ကြောင်း ဦးခင်မောင်ရွှေက ပြောကြားသည်။

ထို့အပြင် လက်ရှိ ဖွဲ့စည်းထားသော လာဘ်ပေးလာဘ်ယူမှု ကော်မရှင်ဥက္ကဋ္ဌ၏ အဆင့်အတန်း ကိုလည်း ပြည်ထောင်စုဝန်ကြီးအဆင့်နှင့် တန်းတူရှိသည်ဟု မှတ်ယူရမည်ဟူသော အချက် ကိုလည်း ဖြည့်စွက်ပြင်ဆင်ထားကြောင်း ဥပဒေကြမ်းတင်သွင်းသူ ဦးခင်မောင်ရွှေက ပြောကြားသည်။

“နိုင်ငံတော်သမ္မတက သဘောထားမှတ်ချက်နဲ့ ပြန်ပို့တုန်းက မဲခွဲဆုံးဖြတ်တဲ့အခါ ခေါင်းစဉ် ကိုပဲ ပြင်ခဲ့ကြပြီး ပြဋ္ဌာန်းချက်တွေထဲက လာဘ်ပေးလာဘ်ယူမှုဆိုတဲ့ စကားလုံးတွေကို မပြင်ခဲ့ ဘူး။ ဥပဒေဆိုတာ ခေါင်းစဉ်နဲ့ ပြဋ္ဌာန်းချက်တွေက ကိုက်ညီရမယ်။ ဒါကြောင့် ပြင်ဆင်တဲ့ ဥပဒေကြမ်းကို တင်သွင်းခဲ့တာပါ”ဟု ဦးခင်မောင်ရွှေက ပြောကြားသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအား ၂၀၁၃ ခုနှစ် သြဂုတ် ၇ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး စက်တင်ဘာ ၁၇ ရက်မှစ၍ ဥပဒေသည် အာဏာတည်ခဲ့သော်လည်း ယင်း ဥပဒေအား အတည်ပြုပြီးသည့် နောက်ပိုင်း ဥပဒေအရ အဖွဲ့ဝင် ၁၅ ဦး ပါဝင်သော လာဘ်ပေး လာဘ်ယူမှု ပပျောက်ရေးကော်မရှင်တစ်ခုတည်းသာ ဖွဲ့စည်းခဲ့ရသေးသည်။

ထို့အပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအား ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရန် နည်းဥပဒေထွက်ရှိမှု မရှိသေးကြောင်းလည်း လွှတ်တော်ကိုယ်စားလှယ် များ ထံမှ သိရသည်။

လက်ရှိတွင် လာဘ်ပေးလာဘ်ယူမှုနှင့် ပတ်သက်၍ ၀န်ကြီးဌာနများ လက်ဆောင်ပစ္စည်း လက်မခံရန်နှင့် ယင်းလက်ဆောင်တန်ဖိုးသည် ကျပ်သုံးသိန်းကျော်ပါက လာဘ်ပေးလာဘ်ယူ ဟု သတ်မှတ်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက သက်ဆိုင်ရာဝန်ကြီးဌာနအားလုံးသို့ စာပို့ အကြောင်းကြားထားသည်ဟု သတင်းဖော်ပြချက်များအရ သိရသည်။

Eleven Media Group၂၀၁၃ ခုနှစ် သြဂုတ်လ ပြဋ္ဌာန်းခဲ့သော အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအား ပြန် လည်ပြင်ဆင်ရန် မတ် ၂၀ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အတည်ပြုခဲ့ သည်။

Eleven Media Group

No comments:

Post a Comment