Friday 21 March 2014

HIV ပိုးရှိ ရှင်သန်သူများအတွက် သင်္ကြန်ပွဲတော် မန္တလေးတွင် ပြုလုပ်မည်

Photo: HIV ပိုးရှိ ရှင်သန်သူများအတွက် သင်္ကြန်ပွဲတော် မန္တလေးတွင် ပြုလုပ်မည်
Friday, March 21, 2014 

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ HIV ပိုးရှိ ရှင်သန်သူများ စုပေါင်း၍ သင်္ကြန်ပွဲတော်ကို ဧပြီလ ၁၁ ရက်နေ့တွင် မန္တလေးဆေးရုံကြီး အမျိုးသားခုခံအားကျ/ကာလသားရောဂါ တိုက်ဖျက်ရေး ဌာနတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း အဆိုပါ ဌာနထံမှ စုံစမ်းသိရှိရသည်။

HIV ပိုးရှိ ရှင်သန်သူများ၏ တစ်နှစ်တာ ပင်ပန်း နွမ်းနယ်မှုများကို ပြေပျောက်စေရန်နှင့် နှစ်သစ်မင်္ဂလာသို့ စိတ်သစ်လူသစ်ဖြင့် ကျန်းမာရွှင်လန်းစေရန် ရည်ရွယ်ချက်ဖြင့် INGO၊ NGO အဖွဲ့အစည်းများ၊ ရောဂါပိုးရှိ ရှင်သန်သူများ၊ ၎င်းတို့၏ မိသားစုဝင်များဖြင့် သင်္ကြန် အကြိုပွဲတော် ပြုလုပ်ခြင်း ဖြစ်ကြောင်း အဆိုပါဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“အစီအစဉ်လေးကတော့ HIV ပိုး ရှိရှင်သန်သူတွေအားလုံး စည်းလုံးညီညွတ်မှု ရှိစေဖို့နဲ့ သူတို့ရဲ့တစ်နှစ်တာ ပင်ပန်းနွမ်းနယ်မှုတွေကို ပြေပျောက်ဖို့အတွက် လုပ်ပေးတာပါ။ အကနဲ့ ဖျော်ဖြေပေးမယ်။ တစ်မြို့နယ်ကို အယောက် ၂၀ လောက် လာကြမယ်” ဟု ၎င်းကထပ်မံဆိုသည်။

ပိုးရှိရှင်သန်သူများ သင်္ကြန်အကြိုပွဲကို ၂၀၀၆ ခုနှစ်က စတင်ပြုလုပ်ခဲ့ပြီး နှစ်စဉ် INGO၊ NGO အဖွဲ့အစည်းများနှင့်အတူ လူဦးရေ ၃၀၀ ဦးကျော် လာရောက်ကြကြောင်း အဆိုပါဌာန မှတ်တမ်းများအရ သိရသည်။

“ဒီလိုအစီအစဉ်လေး လုပ်ပေးတာ ကောင်းပါတယ်။ တချို့ပိုးရှိ ရှင်သန်သူတွေဆိုရင် မသိကြဘူး။ ကိုယ့်မှာ ပိုးရှိတယ်ဆိုပြီး ဒီစိတ်ကြီးနဲ့ စိတ်ဓာတ်ကျနေတယ်။ ဒီလိုလေး လုပ်ပေးတော့ ပိုးရှိရှင်သန်သူတွေ အချင်းချင်း တိုင်ပင်မယ်။ ဘယ်လို ပျော်ရွှင်မှုတွေ ရရှိတယ်ဆိုတာ အများကြီး သိလာနိုင်ပါတယ်” ဟု မန္တလေးမြို့ပေါ်ရှိ ART ဆေးသောက် သုံးနေသည့် အသက် ၂၀ ကျော် အမျိုးသားတစ်ဦးက ဆိုသည်။

လာမည့် မန္တလေးသင်္ကြန်တွင် မန္တလေးတိုင်းဒေသကြီး ခုခံအားကျ/ကာလသားရောဂါ တိုက်ဖျက်ရေးဌာနက ပါဝင်ဆင်နွှဲမည့် လူငယ်လူရွယ်များနှင့် လူလတ်ပိုင်းများအတွက် အမျိုးသား ခုခံအားကျ/ကာလသားရောဂါ တိုက်ဖျက်ရေးနှင့် မိတ်ဖက်အဖွဲ့တို့ ပူးပေါင်းကာ ကွန်ဒုံးတစ်သိန်းခန့် ဝေငှသွားမည် ဖြစ်သည်။

The Voice Weekly
မန္တလေးတိုင်းဒေသကြီး အတွင်းရှိ HIV ပိုးရှိ ရှင်သန်သူများ စုပေါင်း၍ သင်္ကြန်ပွဲတော်ကို ဧပြီလ ၁၁ ရက်နေ့တွင် မန္တလေးဆေးရုံကြီး အမျိုးသားခုခံအားကျ/ကာလသားရောဂါ တိုက်ဖျက်ရေး ဌာနတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း အဆိုပါ ဌာနထံမှ စုံစမ်းသိရှိရသည်။

HIV ပိုးရှိ ရှင်သန်သူများ၏ တစ်နှစ်တာ ပင်ပန်း နွမ်းနယ်မှုများကို ပြေပျောက်စေရန်နှင့် နှစ်သစ် မင်္ဂလာသို့ စိတ်သစ်လူသစ်ဖြင့် ကျန်းမာရွှင်လန်းစေရန် ရည်ရွယ်ချက်ဖြင့် INGO၊ NGO အဖွဲ့အစည်းများ၊ ရောဂါပိုးရှိ ရှင်သန်သူများ၊ ၎င်းတို့၏ မိသားစုဝင်များဖြင့် သင်္ကြန် အကြိုပွဲတော် ပြုလုပ်ခြင်း ဖြစ်ကြောင်း အဆိုပါဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အစီအစဉ်လေးကတော့ HIV ပိုး ရှိရှင်သန်သူတွေအားလုံး စည်းလုံးညီညွတ်မှု ရှိစေဖို့နဲ့ သူတို့ရဲ့တစ်နှစ်တာ ပင်ပန်းနွမ်းနယ်မှုတွေကို ပြေပျောက်ဖို့အတွက် လုပ်ပေးတာပါ။ အကနဲ့ ဖျော်ဖြေပေး မယ်။ တစ်မြို့နယ်ကို အယောက် ၂၀ လောက် လာကြမယ်” ဟု ၎င်းကထပ်မံ ဆိုသည်။

ပိုးရှိရှင်သန်သူများ သင်္ကြန်အကြိုပွဲကို ၂၀၀၆ ခုနှစ်က စတင်ပြုလုပ်ခဲ့ပြီး နှစ်စဉ် INGO၊ NGO အဖွဲ့အစည်းများနှင့်အတူ လူဦးရေ ၃၀၀ ဦးကျော် လာရောက်ကြကြောင်း အဆိုပါဌာန မှတ် တမ်း များ အရ သိရသည်။

“ဒီလိုအစီအစဉ်လေး လုပ်ပေးတာ ကောင်းပါတယ်။ တချို့ပိုးရှိ ရှင်သန်သူတွေဆိုရင် မသိကြ ဘူး။ ကိုယ့်မှာ ပိုးရှိတယ်ဆိုပြီး ဒီစိတ်ကြီးနဲ့ စိတ်ဓာတ်ကျနေတယ်။ ဒီလိုလေး လုပ်ပေးတော့ ပိုးရှိရှင်သန်သူတွေ အချင်းချင်း တိုင်ပင်မယ်။ ဘယ်လို ပျော်ရွှင်မှုတွေ ရရှိတယ်ဆိုတာ အများကြီး သိလာနိုင်ပါတယ်” ဟု မန္တလေးမြို့ပေါ်ရှိ ART ဆေးသောက် သုံးနေသည့် အသက် ၂၀ ကျော် အမျိုးသားတစ်ဦးက ဆိုသည်။

လာမည့် မန္တလေးသင်္ကြန်တွင် မန္တလေးတိုင်းဒေသကြီး ခုခံအားကျ/ကာလသားရောဂါ တိုက်ဖျက်ရေး ဌာနက ပါဝင်ဆင်နွှဲမည့် လူငယ်လူရွယ်များနှင့် လူလတ်ပိုင်းများအတွက် အမျိုးသား ခုခံအားကျ/ကာလသားရောဂါ တိုက်ဖျက်ရေးနှင့် မိတ်ဖက်အဖွဲ့တို့ ပူးပေါင်းကာ ကွန်ဒုံးတစ်သိန်းခန့် ဝေငှသွားမည် ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment