Friday 21 March 2014

ဆီးဂိမ်းဖွင့်ပွဲနှင့် ပိတ်ပွဲ အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော်နှင့် ကျပ် ၁၀ ဘီလီယံကျော်သုံးစွဲ

Photo: ဆီးဂိမ်းဖွင့်ပွဲနှင့် ပိတ်ပွဲ အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော်နှင့် ကျပ် ၁၀ ဘီလီယံကျော်သုံးစွဲ
Friday, March 21, 2014

ပြည်သူလူထုနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းများအကြား စိတ်ဝင်စားဖွယ် ဖြစ်ခဲ့သည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၊ ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားအတွက် အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော်နှင့် မြန်မာကျပ်ငွေ ၁၀ ဘီလီယံကျော် သုံးစွဲခဲ့ကြောင်း အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းထိုက်က ပြောကြားသည်။

ယင်းတို့အနက် အမေရိကန်ဒေါ်လာ ၁၇ သန်း (ယွမ်ငွေ ၁၀၂ သန်း) ကို တရုတ်နိုင်ငံမှ ကူညီထောက်ပံ့ခဲ့ခြင်း ဖြစ်ကြောင်း မတ်လ ၂၀ ရက်နေ့တွင် ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် (၂၇) ကြိမ်မြောက် အဆိုပါ အားကစားပြိုင်ပွဲကြီး၏ ကုန်ကျစရိတ်များကို ထုတ်ပြန်ပေးရန်ရှိ မရှိကို ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၄) မှ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုး၏ မေးမြန်းချက်နှင့် ပတ်သက်ပြီး ဒုတိယဝန်ကြီးက ယင်းသို့ ပြန်လည် ဖြေဆိုခြင်း ဖြစ်သည်။

ယင်းအပြင် အားကစားနည်း ၁၁ မျိုးအတွက် လေ့ကျင့်ရေး ပစ္စည်းများနှင့် နည်းပြဆရာ ၂၆ ဦးတို့ကို မြန်မာနိုင်ငံသို့ တစ်နှစ်ကြာ စေလွှတ်ပေးခြင်း၊ မြန်မာ့ အားကစားသမား ၁၇၆ ဦးကို တရုတ်နိုင်ငံသို့ သုံးလကြာ စေလွှတ်လေ့ကျင့်မှုများ၊ ပြိုင်ပွဲ စီမံခန့်ခွဲမှုစနစ် Game Management System နည်းပညာ များနှင့် ပြိုင်ပွဲသုံး အားကစားနည်း ၁၄ မျိုး၏ အထောက်အကူပြု ပစ္စည်းများအတွက် စုစုပေါင်း ယွမ်ငွေ ၁၀၉ ဒသမ ၄၃ သန်းကို တရုတ်နိုင်ငံက ကူညီခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဖွင့်ပွဲ၊ ပိတ်ပွဲ အပါအဝင် အခြားကဏ္ဍများအတွက် တရုတ်နိုင်ငံမှ ထောက်ပံ့ ကူညီငွေသည် ယွမ်ငွေ ၂၁၁ ဒသမ ၄၃ သန်း (အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၂၃၈ သန်း) ဖြစ်ကြောင်း ဒုတိယဝန်ကြီး၏ ဖြေကြားချက်အရ သိရသည်။

အဆိုပါ ငွေများမှာ ချေးငွေသဘော မဟုတ်ဘဲ နှစ်နိုင်ငံ အကြီးအကဲများ၏ ညှိနှိုင်းဆွေးမှုများအရ ကူညီ ထောက်ပံ့မှု သက်သက်သာ ဖြစ်ကြောင်း ဦးသောင်းထိုက်က ဆိုသည်။

ယင်းအပြင် ဖွင့်ပွဲ၊ ပိတ်ပွဲ အပါအဝင် ပြိုင်ပွဲ တစ်ခုလုံးအတွက် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေမှ ကျပ် ၃၃ ဘီလီယံကျော်၊ အမေရိကန်ဒေါ်လာ ၁၂ သန်းခန့်၊ ကနေဒါဒေါ်လာ ၄၆၀၀ နှင့် စင်ကာပူဒေါ်လာ ခုနစ်သောင်း သုံးစွဲခဲ့ကြောင်း၊ ယင်းကုန်ကျစရိတ်သည် အားကစား ပွဲတော်အတွက် အခြားဝန်ကြီးဌာန အသီးသီး၏ ကုန်ကျစရိတ် များကိုပါ ထည့်သွင်း တွက်ချက်ထားခြင်း ဖြစ်ကြောင်း ဦးသောင်းထိုက်က ရှင်းလင်း တင်ပြသည်။

အဆိုပါ သုံးစွဲငွေများကို ၂၀၁၂-၁၃ ဘဏ္ဍာနှစ်နှင့် ၂၁၀၃-၁၄ ဘဏ္ဍာနှစ်များတွင် သုံးစွဲခဲ့ပြီး နိုင်ငံတော်၏ GDP အချိုး၏ ၀ ဒသမ ၀၇၈၂ ရာခိုင်နှုန်း ရှိကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် ၄၄ နှစ်အကြာမှ ပြန်လည် ကျင်းပနိုင်ခဲ့သည့် အဆိုပါ အားကစားပြိုင်ပွဲကို အားကစားနည်း ၃၃ မျိုးဖြင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် ငွေဆောင် ကမ်းခြေတို့တွင် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပခဲ့ရာ ရွှေတံဆိပ် ၈၆ ခု၊ ငွေတံဆိပ် ၆၂ ခုနှင့် ကြေးတံဆိပ် ၈၅ ခုရရှိခဲ့ကာ နိုင်ငံအလိုက် ဆုတံဆိပ် ရရှိမှုတွင် ဒုတိယနေရာ ရရှိခဲ့သည်။

The Voice Weekly
ပြည်သူလူထုနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းများအကြား စိတ်ဝင်စားဖွယ် ဖြစ်ခဲ့သည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၊ ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားအတွက် အမေရိ ကန်ဒေါ်လာ သန်း ၂၀ ကျော်နှင့် မြန်မာကျပ်ငွေ ၁၀ ဘီလီယံကျော် သုံးစွဲခဲ့ကြောင်း အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းထိုက်က ပြောကြားသည်။

ယင်းတို့အနက် အမေရိကန်ဒေါ်လာ ၁၇ သန်း (ယွမ်ငွေ ၁၀၂ သန်း) ကို တရုတ်နိုင်ငံမှ ကူညီထောက်ပံ့ခဲ့ခြင်း ဖြစ်ကြောင်း မတ်လ ၂၀ ရက်နေ့တွင် ကျင်းပသည့် အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် (၂၇) ကြိမ်မြောက် အဆိုပါ အားကစား ပြိုင်ပွဲကြီး၏ ကုန်ကျစရိတ်များကို ထုတ်ပြန်ပေးရန်ရှိ မရှိကို ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၄) မှ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုး၏ မေးမြန်းချက်နှင့် ပတ်သက်ပြီး ဒုတိယဝန်ကြီးက ယင်းသို့ ပြန်လည် ဖြေဆိုခြင်း ဖြစ်သည်။

ယင်းအပြင် အားကစားနည်း ၁၁ မျိုးအတွက် လေ့ကျင့်ရေး ပစ္စည်းများနှင့် နည်းပြဆရာ ၂၆ ဦးတို့ကို မြန်မာနိုင်ငံသို့ တစ်နှစ်ကြာ စေလွှတ်ပေးခြင်း၊ မြန်မာ့ အားကစားသမား ၁၇၆ ဦးကို တရုတ်နိုင်ငံသို့ သုံးလကြာ စေလွှတ်လေ့ကျင့်မှုများ၊ ပြိုင်ပွဲ စီမံခန့်ခွဲမှုစနစ် Game Management System နည်းပညာ များနှင့် ပြိုင်ပွဲသုံး အားကစားနည်း ၁၄ မျိုး၏ အထောက် အကူပြု ပစ္စည်းများအတွက် စုစုပေါင်း ယွမ်ငွေ ၁၀၉ ဒသမ ၄၃ သန်းကို တရုတ်နိုင်ငံက ကူညီခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဖွင့်ပွဲ၊ ပိတ်ပွဲ အပါအဝင် အခြားကဏ္ဍများအတွက် တရုတ်နိုင်ငံမှ ထောက်ပံ့ ကူညီငွေသည် ယွမ်ငွေ ၂၁၁ ဒသမ ၄၃ သန်း (အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၂၃၈ သန်း) ဖြစ်ကြောင်း ဒုတိယ ဝန်ကြီး၏ ဖြေကြားချက်အရ သိရသည်။

အဆိုပါ ငွေများမှာ ချေးငွေသဘော မဟုတ်ဘဲ နှစ်နိုင်ငံ အကြီးအကဲများ၏ ညှိနှိုင်းဆွေးမှုများ အရ ကူညီ ထောက်ပံ့မှု သက်သက်သာ ဖြစ်ကြောင်း ဦးသောင်းထိုက်က ဆိုသည်။

ယင်းအပြင် ဖွင့်ပွဲ၊ ပိတ်ပွဲ အပါအဝင် ပြိုင်ပွဲ တစ်ခုလုံးအတွက် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေမှ ကျပ် ၃၃ ဘီလီယံကျော်၊ အမေရိကန်ဒေါ်လာ ၁၂ သန်းခန့်၊ ကနေဒါဒေါ်လာ ၄၆၀၀ နှင့် စင်ကာပူဒေါ်လာ ခုနစ်သောင်း သုံးစွဲခဲ့ကြောင်း၊ ယင်းကုန်ကျစရိတ်သည် အားကစား ပွဲတော်အတွက် အခြားဝန်ကြီးဌာန အသီးသီး၏ ကုန်ကျစရိတ် များကိုပါ ထည့်သွင်း တွက်ချက် ထားခြင်း ဖြစ်ကြောင်း ဦးသောင်းထိုက်က ရှင်းလင်း တင်ပြသည်။

အဆိုပါ သုံးစွဲငွေများကို ၂၀၁၂-၁၃ ဘဏ္ဍာနှစ်နှင့် ၂၁၀၃-၁၄ ဘဏ္ဍာနှစ်များတွင် သုံးစွဲခဲ့ပြီး နိုင်ငံတော်၏ GDP အချိုး၏ ၀ ဒသမ ၀၇၈၂ ရာခိုင်နှုန်း ရှိကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် ၄၄ နှစ်အကြာမှ ပြန်လည် ကျင်းပနိုင်ခဲ့သည့် အဆိုပါ အားကစားပြိုင်ပွဲကို အားကစားနည်း ၃၃ မျိုးဖြင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် ငွေဆောင် ကမ်းခြေတို့တွင် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပခဲ့ရာ ရွှေတံဆိပ် ၈၆ ခု၊ ငွေတံဆိပ် ၆၂ ခုနှင့် ကြေးတံဆိပ် ၈၅ ခုရရှိခဲ့ကာ နိုင်ငံအလိုက် ဆုတံဆိပ် ရရှိမှုတွင် ဒုတိယနေရာ ရရှိခဲ့သည်။

The Voice Weekly

No comments:

Post a Comment