Friday 21 March 2014

ရွှေတူးဖော်ရေးလုပ်ငန်းများတွင် ဆာရင်းနိုက်ကို တရားဝင် သုံးစွဲခွင့်ပြုသင့်ဟုဆို

Photo: ရွှေတူးဖော်ရေးလုပ်ငန်းများတွင် ဆာရင်းနိုက်ကို တရားဝင် သုံးစွဲခွင့်ပြုသင့်ဟုဆို
Friday, March 21, 2014

ရွှေတူးဖော်ရေးလုပ်ငန်းများ တွင် လက်ရှိအသုံးပြုနေသော ပြဒါးမှာ အန္တရာယ်များစွာရရှိနိုင် သောကြောင့် ဆာရင်းနိုက်အား တရားဝင်သုံးစွဲခွင့်ပြုသင့်ကြောင်း သတ္တုတွင်းဝန်ကြီးဌာနမှအငြိမ်းစား ပညာရှင်တစ်ဦးကပြောသည်။ 

လက်ရှိရွှေတူးဖော်ရေးလုပ်ငန်း များတွင် ပြဒါးမှာ အလွယ်တကူ အသုံးပြုနိုင်ပြီး ဆာရင်းနိုက်မှာ အစိုးရရွှေတူးဖော်ရေးလုပ်ငန်းများ တွင်သာ သုံးစွဲခွင့်ရကြောင်း ပြဒါး မှာအဆိပ်အန္တရာယ်ဖြစ်ပေါ်စေပြီး ချေဖျက်ရန် ခက်ခဲသည့်အတွက် ချေဖျက်ရန်လွယ်ကူသောဆာရင်းနိုက် သာ သုံးစွဲခွင့်ပြုသင့်ကြောင်း ၄င်း ကပြောသည်။ 

ပြဒါးကို ချေဖျက်ရန် ဆောင် ရွက်နိုင်မှုမရှိသည့်အတွက် ပြဒါး အရည်၊အငွေ့၊ အစိုင်အခဲများနှင့် ထိတွေ့မိသူများမှာရောဂါလက္ခဏာ မျိုးစုံဖြစ်ပွားနိုင်ပြီး ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့(WHO)မှ ပြဒါးကင်းစင် သောနိုင်ငံများပေါ်ပေါက်ရန်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။ 
''နိုင်ငံတော်ရဲ့ သယံဇာတ တွေမပြုန်းတီးချင်ဘူး။ အခွန်အခ တွေရချင်တယ်ဆိုရင် ဆာရင်းနိုက် ကိုတရားဝင်သုံးခွင့်ပြုဖို့သင့်တယ်။ သုံးရင်လဲ စွန့်ပစ်ပစ္စည်းတွေကို စနစ်တကျသုံးသင့်တယ်။ မြန်မာ နိုင်ငံမှာအဆိပ်နဲ့ပတ်သက်တဲ့ဥပဒေ၊ ဓာတုဗေဒပစ္စည်းနဲ့ ပတ်သက်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းထားပြီးရှိတဲ့ ဥပဒေတွေကို စနစ်တကျ လိုက်နာ ကျင့်သုံးမယ်ဆိုရင်ရွှေထုတ်လုပ်မှု ကဒီထက်တိုးတက်လာမယ်''ဟု သတ္တုတွင်းဝန်ကြီးဌာန ဒုတိယညွှန် ကြားရေးမှူး(ငြိမ်း) ဦးစိန်မြင့်က ပြောသည်။

လက်ရှိတွင်ဆာရင်းနိုက်ကို အစိုးရက တရားဝင်သုံးစွဲခွင့်မပြု သော်လည်းတရားမဝင်သုံးစွဲမှုများ ရှိနေကြောင်း၊ တရားဝင်သုံးစွဲပါက ပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှုများ ကို စနစ်တကျတားဆီးနိုင်သော် လည်း တရားမဝင်သုံးစွဲမှုများမှာ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများ ကို တားဆီးရန်ခက်ခဲသောကြောင့် တရားဝင်စနစ်တကျ သုံးစွဲခွင့်ပြု သင့်ကြောင်း ၄င်းကပြောသည်။ ဆာရင်နိုက်မှာ ပြဒါးကဲ့သို့ အချိန်ကြာမြင့်မှု မရှိဘဲ စားသုံးမိပါ က အသက်အန္တရာယ်ဖြစ်ပေါ်စေ နိုင်သော်လည်း စနစ်တကျသုံးစွဲ ပါက ရွှေအထွက်တိုးနိုင်ပြီး ရောဂါ များဖြစ်ပေါ်ခြင်းမှ ကာကွယ်နိုင် မည်ဖြစ်သည်။

ပြဒါးမှာ ပြုပြင်ပြောင်းလဲ၍ မရဘဲ လူ့ခန္ဓာကိုယ်၏ အရေပြား အတွင်းသို့ရောက်ရှိပါက အရေပြား ရောဂါများဖြစ်ပေါ်နိုင်ခြင်း၊အဆုတ် အတွင်းသို့ရောက်ရှိပါက အသက် ရှူလမ်းကြောင်းနှင့် ဆိုင်သော ရောဂါများဖြစ်ပွားခြင်း၊ အကြော ဆိုင်းခြင်း၊လေဖြတ်၊လေဖြန်းခြင်း၊ အမျိုးသမီးများ၏ ခန္ဓာကိုယ် အတွင်းသို့ရောက်ရှိပါကသားပျက် လျှောခြင်း၊ ကိုယ်အင်္ဂါမစုံသော ကလေးများ မွေးဖွားခြင်းစသည့် ရောဂါမျိုးစုံ ဖြစ်ပေါ်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ထုတ်ပြန်ချက်အရ သိရသည်။

The Union Daily
ရွှေတူးဖော်ရေးလုပ်ငန်းများ တွင် လက်ရှိအသုံးပြုနေသော ပြဒါးမှာ အန္တရာယ်များစွာရရှိနိုင် သောကြောင့် ဆာရင်းနိုက်အား တရားဝင်သုံးစွဲခွင့်ပြုသင့်ကြောင်း သတ္တုတွင်းဝန်ကြီးဌာနမှ အငြိမ်းစား ပညာရှင်တစ်ဦးကပြောသည်။ 

လက်ရှိရွှေတူးဖော်ရေးလုပ်ငန်း များတွင် ပြဒါးမှာ အလွယ်တကူ အသုံးပြုနိုင်ပြီး ဆာရင်းနိုက်မှာ အစိုးရရွှေတူးဖော်ရေးလုပ်ငန်းများ တွင်သာ သုံးစွဲခွင့်ရကြောင်း ပြဒါးမှာအဆိပ် အန္တရာယ်ြ ဖစ်ပေါ်စေ ပြီး ချေဖျက်ရန် ခက်ခဲသည့်အတွက် ချေဖျက်ရန်လွယ်ကူသောဆာရင်းနိုက် သာ သုံးစွဲ ခွင့်ပြုသင့်ကြောင်း ၄င်း ကပြောသည်။ 

ပြဒါးကို ချေဖျက်ရန် ဆောင် ရွက်နိုင်မှုမရှိသည့်အတွက် ပြဒါး အရည်၊အငွေ့၊ အစိုင်အခဲများနှင့် ထိတွေ့မိသူများမှာရောဂါလက္ခဏာ မျိုးစုံဖြစ်ပွားနိုင်ပြီး ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့(WHO)မှ ပြဒါး ကင်းစင် သောနိုင်ငံများပေါ်ပေါက်ရန်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။ 

''နိုင်ငံတော်ရဲ့ သယံဇာတ တွေမပြုန်းတီးချင်ဘူး။ အခွန်အခ တွေရချင်တယ်ဆိုရင် ဆာရင်းနိုက် ကိုတရားဝင်သုံးခွင့်ပြုဖို့သင့်တယ်။ သုံးရင်လဲ စွန့်ပစ်ပစ္စည်းတွေကို စနစ်တကျသုံးသင့်တယ်။ မြန်မာ နိုင်ငံမှာအဆိပ်နဲ့ပတ်သက်တဲ့ဥပဒေ၊ ဓာတုဗေဒပစ္စည်းနဲ့ ပတ်သက်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းထားပြီးရှိတဲ့ ဥပဒေတွေကို စနစ်တကျ လိုက်နာ ကျင့်သုံးမယ်ဆိုရင်ရွှေထုတ်လုပ်မှု ကဒီထက်တိုးတက်လာမယ်''ဟု သတ္တုတွင်းဝန်ကြီးဌာန ဒုတိယညွှန် ကြားရေးမှူး(ငြိမ်း) ဦးစိန်မြင့် က ပြောသည်။

လက်ရှိတွင်ဆာရင်းနိုက်ကို အစိုးရက တရားဝင်သုံးစွဲခွင့်မပြု သော်လည်းတရားမဝင်သုံးစွဲမှုများ ရှိနေကြောင်း၊ တရားဝင်သုံးစွဲပါက ပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှုများ ကို စနစ်တကျတား ဆီးနိုင်သော် လည်း တရားမဝင်သုံးစွဲမှုများမှာ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများ ကို တားဆီး ရန် ခက်ခဲသောကြောင့် တရားဝင်စနစ်တကျ သုံးစွဲခွင့်ပြု သင့်ကြောင်း ၄င်းကပြောသည်။ ဆာရင်နိုက်မှာ ပြဒါးကဲ့သို့ အချိန်ကြာမြင့်မှု မရှိဘဲ စားသုံးမိပါ က အသက်အန္တရာယ်ဖြစ်ပေါ်စေ နိုင်သော်လည်း စနစ်တကျသုံးစွဲ ပါက ရွှေအထွက်တိုးနိုင်ပြီး ရောဂါ များဖြစ်ပေါ်ခြင်းမှ ကာကွယ်နိုင် မည်ဖြစ်သည်။

ပြဒါးမှာ ပြုပြင်ပြောင်းလဲ၍ မရဘဲ လူ့ခန္ဓာကိုယ်၏ အရေပြား အတွင်းသို့ရောက်ရှိပါက အရေပြား ရောဂါများဖြစ်ပေါ်နိုင်ခြင်း၊အဆုတ် အတွင်းသို့ရောက်ရှိပါက အသက် ရှူလမ်းကြော င်းနှင့် ဆိုင်သော ရောဂါများဖြစ်ပွားခြင်း၊ အကြော ဆိုင်းခြင်း၊လေဖြတ်၊လေဖြန်းခြင်း၊ အမျိုးသမီး များ၏ ခန္ဓာကိုယ် အတွင်းသို့ရောက်ရှိပါကသားပျက် လျှောခြင်း၊ ကိုယ်အင်္ဂါမစုံသော ကလေးများ မွေးဖွားခြင်း စသည့် ရောဂါမျိုးစုံ ဖြစ်ပေါ်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ၏ ထုတ်ပြန်ချက်အရ သိရသည်။

The Union Daily

No comments:

Post a Comment