Friday 21 March 2014

ခရမ်းလွန်ရောင်ခြည်အန္တရာယ် သတိပေးနှိုးဆော်ချက်

Photo
ခရမ်းလွန်ခြည် အညွှန်းကိန်းမြင့်မားစွာရှိနေသော ယခုအချိန်တွင် ခရမ်းလွန်ရောင်ခြည် အန္တရာယ် ပိုမို.ကျရောက်နိုင်ပါသည်။

ခရမ်းလွန်ရောင်ခြည်သည် လတ်တလောထိတွေမှုကြောင့် နေလောင်ခြင်း၊အသားအရောင် ညိုလာခြင်းတို.ဖြစ်ပြီး ထိတွေ့မှုကာလကြာသောအခါ မျက်စိတိမ်စွဲခြင်း၊အရေးပြားများ အိုမင်း ရင့်ရော်ခြင်း၊ ခုခံအားကျဆင်းခြင်း၊အရေးပြားကင်ဆာဖြစ်ခြင်း စသည်.ရောဂါများ ဖြစ်ပွားနိုင် ပါသည်။

Photo
သို.ပါ၍ ပူပြင်းသော နေရောင်ခြည် ကျရောက်နိုင်သည် နံန်၏က် ၁၀ နာရီမှ ညနေ ၄ နာရီ ခန်.အချိန်အတွင်း အလုပ်လုပ်ကိုင်သူများ နေရောင်ခြည်အောက်တွင် သွားလာလှုပ်ရှားသူများ၊
သင်္ကြန်ရေကစားသူများ၊ကလေး ငယ်များအား အောက်ပါအတိုင်း သတိပြုကာကွယ်ကြရန် နှိုးဆော်အပ်ပါသည်။

၁။ ပူပြင်းသော နေရောင်ခြည်အောက်တွင် အလုပ်လုပ်ပါက မိမိ၏အသားကို နေရောင်ခြည်နှင့် တိုက်ရိုက်မထိ တွေ့အောင် ကာကွယ်ပါ။

၂။ နေရောင်ခြည်အောက်တွင် သွားလာလှုပ်ရှားရန်လိုအပ်ပါက မျက်နှာ၊လည်ပင်၊ပခုံးတို့ပါ လုံခြုံသောဦးထုပ်၊ ထီး စသည်တို့ဆောင်းသွားပါ။

၃။ အ၀တ်လွတ်ကင်းနေသော လက်၊လည်ပင်းနှင့် ပခုံး စသည့်နေရာများကို သနပ်ခါးထူထူ (သို့)SPF15+ပါဝင် သော နေရောင်ခံလိမ်းဆေးကို နေရောင်ခြည်ထဲမထွက်မီ ၁၅ မိနစ်ခန့် ကြိုလိမ်းရန်နှင့် နေရောင်ခံ လိမ်းဆေး တစ်ခါလိမ်းပြီး နှစ်နာရီကြာပြီးတိုင်း နောက်တစ်ခါ ထပ်လိမ်းပါ။

၎။ ခရမ်းလွန်ရောင်ခြည်ကိုကာကွယ်ရန် ခရမ်းလွန်ရောင်ခြည်အလွယ်တကူမဖောက်နိုင်သော အရောင်ရင့်သော အ၀တ်ထည်များ၊ ထူသောအ၀တ်အထည်များကိုဝတ်ပါ။

၅။ အရမ်းလွန်ရောင်ခြည်ကြောင့် မျက်စိထိခိုက်နိုင်ပါသဖြင့် အလှအပသက်သက် ထုတ်လုပ် ထားသော နေကာ မျက်မှန်များထက် ၉၉ ရာခိုင်းနှုန်း ကာကွယ်ပေးနိုင်သည် နေကာမျက်မှန် ကို ရွေးချယ်အသုံးပြုပါ။

၆။ ကလေးငယ်များသည် လူကြီးများထက် ခရမ်းလွန်ရောင်ခြည်ကြောင့် ထိခိုက်မှု အန္တရာယ်ကို ပိုမို ခံစားရသောကြောင့် လူကြီးမိဘများအနေနှင့် - အသက်တစ်နှစ်အောက် ငယ်သော ကလေးငယ်များကို နေပူထဲသို. ခေါ်ဆောင်ခြင်းမပြုပါနှင့်။

ကလေးများကို အရိပ်ထဲတွင်သာ ကစားပါစေ။ အပြင်ထွက်ရန်လိုအပ်ပါက သနပ်ခါးထူထူ (သို.) နေရောင်ခံ လိမ်းဆေးကို မျက်နှာ၊လည်ပင်း၊ပခုံး၊နောက်ကြော၊ ခြေထောက်နှင့် ခြေဖမိုးပေါ်သို. လိမ်းပေးပါ။ ခရမ်းလွန်ရောင်ခြည်မဖောက်နိုင်သောအ၀တ် ၀တ်ပေးပါ။
နေကာမျက်မှန်တပ်ပါ။ဦးထုပ်၊ထီး ဆောင်းပေးပါ။

ကျန်းမာရေးဝန်ကြီးဌာန

No comments:

Post a Comment