Friday 21 March 2014

စာမေးပွဲကပြန်လာသူ ကျောင်းသူတဦး ၆ဘီးယာဉ်နဲ့ ပွတ်တိုက်မိပြီး သေဆုံး

Photo: စာမေးပွဲကပြန်လာသူ ကျောင်းသူတဦး ၆ဘီးယာဉ်နဲ့ ပွတ်တိုက်မိပြီး သေဆုံး
Friday, March 21, 2014

စာမေးပွဲဖြေဆိုပြီး ပြန်လာတဲ့ တောင်ငူတက္ကသိုလ် တတိယနှစ် ရူပဗေဒ ကျောင်းသူ(၂)ဦးရဲ့ ဆိုင်ကယ်နဲ့ ၆ဘီးတပ်ယာဉ် နောက်ပိုင်းနဲ့ ပွတ်တိုက်မိပြီး ကျောင်းသူတဦး သေဆုံးမှုတစ်ခု မတ်လ ၂၁ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဉ်မှာ မဒေလီယာ(၂၁)နှစ် မောင်းနှင်းလာတဲ့ ဆိုင်ကယ်ကို မကြည်ပြာဖြိုးအောင် (၂၀)နှစ် စီးနင်းလိုက်ပါလာရာ ရန်ကုန်-မန္တလေး ကားလမ်း တောင်ငူ-သံတောင်ကားလမ်း လမ်းဆုံမီးပွိုင်အနီး NISSAN အမျိုးအစား (၆)ဘီးယာဉ်က ကျော်တတ်ခဲ့ရာ ယာဉ်နောက်ပိုင်းနဲ့ ဆိုင်ကယ်တို့ ပွတ်တိုက်မိပြီး ကျောင်းသူ၂ဦးလုံး ဒဏ်ရာရရှိခဲ့ကြပါတယ်။

သူတို့ကို တောင်ငူဆေးရုံ ပို့ဆောင်ကုသနေစဉ် မနက် ၁၀း၅၀နာရီမှာ မကြည်ပြာဖြိုးအောင် သေဆုံးသွားခဲ့ပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး ယာဉ်မောင်းဖြစ်သူ ဦးဝင်းမြင့်ကို တောင်ငူမြို့မ ရဲစခန်းက ယာဉ်(ပ)၁၁/၂၀၁၄ ပုဒ်မ-၃၀၄(က)/၃၃၇ တွေနဲ့ အမှုဖွင့် အရေးယူထား ပါတယ်။

DVB TV News
စာမေးပွဲဖြေဆိုပြီး ပြန်လာတဲ့ တောင်ငူတက္ကသိုလ် တတိယနှစ် ရူပဗေဒ ကျောင်းသူ(၂)ဦးရဲ့ ဆိုင်ကယ်နဲ့ ၆ဘီးတပ်ယာဉ် နောက်ပိုင်းနဲ့ ပွတ်တိုက်မိပြီး ကျောင်းသူတဦး သေဆုံးမှုတစ်ခု မတ်လ ၂၁ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဉ်မှာ မဒေလီယာ(၂၁)နှစ် မောင်းနှင်းလာတဲ့ ဆိုင်ကယ်ကို မကြည်ပြာဖြိုးအောင် (၂၀)နှစ် စီးနင်းလိုက်ပါလာရာ ရန်ကုန်-မန္တလေး ကားလမ်း တောင်ငူ-သံတောင်ကားလမ်း လမ်းဆုံမီးပွိုင် အနီး NISSAN အမျိုးအစား (၆)ဘီးယာဉ်က ကျော်တတ်ခဲ့ရာ ယာဉ်နောက်ပိုင်းနဲ့ ဆိုင်ကယ်တို့ ပွတ်တိုက်မိပြီး ကျောင်းသူ၂ဦးလုံး ဒဏ်ရာရရှိခဲ့ကြပါတယ်။

သူတို့ကို တောင်ငူဆေးရုံ ပို့ဆောင်ကုသနေစဉ် မနက် ၁၀း၅၀နာရီမှာ မကြည်ပြာဖြိုးအောင် သေဆုံးသွားခဲ့ပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး ယာဉ်မောင်းဖြစ်သူ ဦးဝင်းမြင့်ကို တောင်ငူမြို့မ ရဲစခန်းက ယာဉ်(ပ)၁၁/၂၀၁၄ ပုဒ်မ-၃၀၄(က)/၃၃၇ တွေနဲ့ အမှုဖွင့် အရေးယူထား ပါတယ်။

DVB TV News

No comments:

Post a Comment