Friday 21 March 2014

ရန်ကုန်တွင် ဖမ်းဆီးခြင်းကြောင့် နယ်လိုင်စင် အငှားယာဉ်များ ဈေးနှုန်းနှင့် အရောင်းအဝယ်ကျဆင်း

Photo: ရန်ကုန်တွင် ဖမ်းဆီးခြင်းကြောင့် နယ်လိုင်စင် အငှားယာဉ်များ ဈေးနှုန်းနှင့် အရောင်းအဝယ်ကျဆင်း
Friday, March 21, 2014

ရန်ကုန်မြို့တွင်း နယ်လိုင်စင်များဖြင့် မောင်းနှင်လျက်ရှိသော အငှားယာဉ် (TAXI) များကို ယာဉ်ထိန်းရဲတပ်ဖွဲ့က ဖမ်းဆီးလျက် ရှိခြင်းကြောင့် နယ်လိုင်စင် ဝင်ထားသော အငှားယာဉ်များ ဈေးနှုန်းရော အရောင်းအဝယ်ပါ ကျဆင်းနေကြောင်း မော်တော်ယာဉ် ဈေးကွက်အတွင်းမှ သိရသည်။

အဆိုပါ မော်တော်ယာဉ်များ ဖမ်းဆီး စစ်ဆေးခြင်းကို ဖေဖော်ဝါရီလ နောက်ဆုံးပတ် အတွင်းက စတင်ခဲ့ခြင်း ဖြစ်ပြီး ယင်းသို့ ဖမ်းဆီးခြင်းကြောင့် နယ်လိုင်စင် အငှားယာဉ် တစ်စီးလျှင် ကျပ်သိန်း ၂၀ ခန့်အထိ ဈေးနှုန်း ကျဆင်းကြောင်း အငှားယာဉ် ဈေးကွက်အတွင်းထံမှ သိရသည်။
“တကယ်တော့ နယ်လိုင်စင်နဲ့ လုပ်ငန်းလုပ်ရင် ဖမ်းဆီးမယ်လို့ ဥပဒေလည်း မရှိသေးပါဘူး။ နောက်ပြီးသူတို့ (ယာဉ်ထိန်းရဲတပ်ဖွဲ့) လည်း ဖမ်းဆီးခွင့် မရှိပါဘူး” ဟု ရန်ကုန်မြို့တွင်းရှိ အငှားယာဉ်ဝယ်ရောင်း ဦးသူရိန်က ပြောကြားသည်။

ဖေဖော်ဝါရီလအတွင်းက နယ်လိုင်စင် အငှားယာဉ် အေဒီဗင် (၂၀၀၈-၀၉ မော်ဒယ်လ်) နံပါတ်အသစ် တစ်စီးလျှင် ကျပ်သိန်း ၉၀ ခန့် ဈေးပေါက်ခဲ့သော်လည်း ယခုအခါ ကျပ် ၆၅ သိန်းခန့်သာ ဈေးရှိတော့ကြောင်း အငှားယာဉ် ရောင်းဝယ်သူ အချို့ထံမှ သိရသည်။

ယာဉ်ထိန်းရဲတပ်ဖွဲ့က နယ်လုပ်ငန်းလိုင်စင်ဖြင့် မောင်းနှင်သည်ဟုဆိုကာ ဖမ်းဆီးခြင်း ဖြစ်သော်လည်း ဒဏ်ငွေ ပေးဆောင်ရာတွင် ယာဉ်မောင်းလိုင်စင်မဲ့ (၁၅/၆၄ ပုဒ်မ) ဖြင့် အရေးယူခြင်း ဖြစ်ကြောင်း ရတနာရွှေပြည် အငှားယာဉ်လုပ်ငန်းထံမှ သိရသည်။

The Voice Weekly
ရန်ကုန်မြို့တွင်း နယ်လိုင်စင်များဖြင့် မောင်းနှင်လျက်ရှိသော အငှားယာဉ် (TAXI) များကို ယာဉ်ထိန်းရဲတပ်ဖွဲ့က ဖမ်းဆီးလျက် ရှိခြင်းကြောင့် နယ်လိုင်စင် ဝင်ထားသော အငှားယာဉ်များ ဈေးနှုန်းရော အရောင်းအဝယ်ပါ ကျဆင်းနေကြောင်း မော်တော်ယာဉ် ဈေးကွက်အတွင်းမှ သိရသည်။

အဆိုပါ မော်တော်ယာဉ်များ ဖမ်းဆီး စစ်ဆေးခြင်းကို ဖေဖော်ဝါရီလ နောက်ဆုံးပတ် အတွင်း က စတင်ခဲ့ခြင်း ဖြစ်ပြီး ယင်းသို့ ဖမ်းဆီးခြင်းကြောင့် နယ်လိုင်စင် အငှားယာဉ် တစ်စီး လျှင် ကျပ်သိန်း ၂၀ ခန့်အထိ ဈေးနှုန်း ကျဆင်းကြောင်း အငှားယာဉ် ဈေးကွက်အတွင်း ထံမှ သိရသည်။
“တကယ်တော့ နယ်လိုင်စင်နဲ့ လုပ်ငန်းလုပ်ရင် ဖမ်းဆီးမယ်လို့ ဥပဒေလည်း မရှိသေးပါဘူး။ နောက်ပြီးသူတို့ (ယာဉ်ထိန်းရဲတပ်ဖွဲ့) လည်း ဖမ်းဆီးခွင့် မရှိပါဘူး” ဟု ရန်ကုန်မြို့တွင်းရှိ အငှားယာဉ်ဝယ်ရောင်း ဦးသူရိန်က ပြောကြားသည်။

ဖေဖော်ဝါရီလအတွင်းက နယ်လိုင်စင် အငှားယာဉ် အေဒီဗင် (၂၀၀၈-၀၉ မော်ဒယ်လ်) နံပါတ်အသစ် တစ်စီးလျှင် ကျပ်သိန်း ၉၀ ခန့် ဈေးပေါက်ခဲ့သော်လည်း ယခုအခါ ကျပ် ၆၅ သိန်းခန့်သာ ဈေးရှိတော့ကြောင်း အငှားယာဉ် ရောင်းဝယ်သူ အချို့ထံမှ သိရသည်။

ယာဉ်ထိန်းရဲတပ်ဖွဲ့က နယ်လုပ်ငန်းလိုင်စင်ဖြင့် မောင်းနှင်သည်ဟုဆိုကာ ဖမ်းဆီးခြင်း ဖြစ်သော် လည်း ဒဏ်ငွေ ပေးဆောင်ရာတွင် ယာဉ်မောင်းလိုင်စင်မဲ့ (၁၅/၆၄ ပုဒ်မ) ဖြင့် အရေး ယူခြင်း ဖြစ်ကြောင်း ရတနာရွှေပြည် အငှားယာဉ်လုပ်ငန်းထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment