Friday 21 March 2014

မတ် ၃၀ ရက် (တပေါင်းလကွယ်နေ့) တွင် ဆလုံတိုင်းရင်းသားများ ပင်လယ်မထွက်ဖြစ်သဖြင့် မြေပြင်၌သာ သန်းခေါင်စာရင်း ကောက်ယူမည်

Photo: မတ် ၃၀ ရက် (တပေါင်းလကွယ်နေ့) တွင် ဆလုံတိုင်းရင်းသားများ ပင်လယ်မထွက်ဖြစ်သဖြင့် မြေပြင်၌သာ သန်းခေါင်စာရင်း ကောက်ယူမည်
Friday, March 21, 2014 

သန်းခေါင်စာရင်းကောက်ယူမည့် မတ်  ၃၀ ရက်မှာ တပေါင်းလကွယ်နေ့ ဖြစ်သောကြောင့် ဆလုံတိုင်းရင်းသားများအနေဖြင့် ပင်လယ်ပြင်သို့ ထွက်ခွာဦးမည် မဟုတ်ဘဲ မြေပြင်၌သာ ရှိနေမည်ဖြစ်ကြောင်း သိရသည်။

ပင်လယ်ပြင်အတွင်း ရက်ကြာရှည်စွာ သွားလာနေသည့် ဆလုံတိုင်းရင်းသားများအား သန်းခေါင်စာရင်းကောက်ယူရာတွင် အခက်အခဲများ ကြုံတွေ့ရနိုင်သော်လည်း  ပင်လယ်ပြင်အတွင်းသို့ ထွက်ခွာမည့်ရက်များကို တွက်ချက်ထားပြီးဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မှ သတင်းရရှိသည်။ “ဆလုံတိုင်းရင်းသားတွေကို သန်းခေါင်စာရင်း ကောက်ယူတဲ့အခါ ကုန်းပေါ်မှာပဲ ကောက်ခံမှာပါ။ ကျွန်တော်တို့ တွက်ချက်ထားပြီးပါပြီ။ တပေါင်းလကွယ်နေ့အထိ ဆလုံတိုင်းရင်းသားတွေက ကုန်းပေါ်မှာ ရှိနေဦးမှာပါ တခူးလဆန်းတစ်ရက်နေ့မှ ပင်လယ်ပြင်အတွင်းကို စတင် ထွက်ခွာကြမှာပါ။ ကျွန်းတွေပေါ်ကိုလည်း အကြောင်းကြားထားပါတယ်။ သန်းခေါင်စာရင်း ကောက်ယူတာနှင့် ပတ်သက်ပြီး အဆင်ပြေမှာပါ” ဟု မြိတ်ခရိုင် လ၀က လက်ထောက်ညွှန်ကြားရေးမှူး ဦးလှစိုးက ပြောကြားသည်။

သန်းခေါင်စာရင်း ကောက်ယူရာတွင် ပင်လယ်ပြင်အတွင်း သွားလာနေသည့် ဆလုံတိုင်းရင်းသားများအား စာရင်းကောက်ရာတွင် အခက်အခဲရှိနိုင်သလို ထိုင်းနိုင်ငံပိုင် ကျွန်းများသို့ ရောက်ရှိနေသည့် ဆလုံတိုင်းရင်းသားအား လက်လှမ်းမီရန် ခက်ခဲနေကြောင်း သိရသည်။

ဆလုံတိုင်းရင်းသားများမှာ ကျွန်းစုမြို့နယ်နှင့် ကော့သောင်းခရိုင်အတွင်းရှိ ကျွန်းများတွင် နေထိုင်လျက်ရှိပြီး ကော့သောင်းခရိုင်အတွင်း နေထိုင်သည့် ဆလုံတိုင်းရင်းသားများမှာ အရေအတွက်ပိုမို များပြားနိုင်ကြောင်း သိရသည်။ စာရင်းအတိအကျ ကောက်ယူထားမှု မရရှိသေးသော်လည်း ကျွန်းစုမြို့နယ်အတွင်း ဆလုံတိုင်းရင်းသား ၃၀၀၀ ကျော်ရှိနိုင်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ လာမည့် မတ် ၃၀ ရက်တွင် သန်းခေါင်စာရင်း ကောက်ယူရာ၌ ဆလုံတိုင်းရင်းသားများအား ကုန်းပေါ်တွင်သာ ကောက်ယူသွားမည် ဖြစ်သလို ပင်လယ်ပြင်အတွင်း ရောက်ရှိနေသည့် ဆလုံတိုင်းရင်းသားများ ရှိပါကလည်း ကုန်းပေါ်တွင်ကျန်ခဲ့မည့် မိသားစုဝင်များကို မေးမြန်းကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

မြိတ်ကျွန်းစုအတွင်း လှည့်လည်သွားလာနေသော ဆလုံမိသားစုအားတွေ့ရစဉ်
မြိတ်ကျွန်းစုအတွင်း လှည့်လည်သွားလာနေသော ဆလုံမိသားစုအားတွေ့ရစဉ်
သန်းခေါင်စာရင်းကောက်ယူမည့် မတ်  ၃၀ ရက်မှာ တပေါင်းလကွယ်နေ့ ဖြစ်သောကြောင့် ဆလုံတိုင်းရင်းသားများအနေဖြင့် ပင်လယ်ပြင်သို့ ထွက်ခွာဦးမည် မဟုတ်ဘဲ မြေပြင်၌သာ ရှိနေမည်ဖြစ်ကြောင်း သိရသည်။

ပင်လယ်ပြင်အတွင်း ရက်ကြာရှည်စွာ သွားလာနေသည့် ဆလုံတိုင်းရင်းသားများအား သန်းခေါင် စာရင်းကောက်ယူရာတွင် အခက်အခဲများ ကြုံတွေ့ရနိုင်သော်လည်း  ပင်လယ်ပြင် အတွင်းသို့ ထွက်ခွာမည့်ရက်များကို တွက်ချက်ထားပြီးဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မှ သတင်းရရှိသည်။ “ဆလုံတိုင်းရင်းသားတွေကို သန်းခေါင်စာရင်း ကောက်ယူတဲ့အခါ ကုန်းပေါ်မှာပဲ ကောက်ခံမှာပါ။ ကျွန်တော်တို့ တွက်ချက်ထားပြီးပါပြီ။ တပေါင်းလကွယ်နေ့အထိ ဆလုံတိုင်းရင်းသားတွေက ကုန်းပေါ်မှာ ရှိနေဦးမှာပါ တခူးလဆန်း တစ်ရက်နေ့မှ ပင်လယ်ပြင်အတွင်းကို စတင် ထွက်ခွာကြမှာပါ။ ကျွန်းတွေပေါ်ကိုလည်း အကြောင်းကြားထားပါတယ်။ သန်းခေါင်စာရင်း ကောက်ယူတာနှင့် ပတ်သက်ပြီး အဆင်ပြေ မှာပါ” ဟု မြိတ်ခရိုင် လ၀က လက်ထောက်ညွှန်ကြားရေးမှူး ဦးလှစိုးက ပြောကြားသည်။

သန်းခေါင်စာရင်း ကောက်ယူရာတွင် ပင်လယ်ပြင်အတွင်း သွားလာနေသည့် ဆလုံတိုင်းရင်းသားများအား စာရင်းကောက်ရာတွင် အခက်အခဲရှိနိုင်သလို ထိုင်းနိုင်ငံပိုင် ကျွန်းများသို့ ရောက်ရှိနေသည့် ဆလုံတိုင်းရင်းသားအား လက်လှမ်းမီရန် ခက်ခဲနေကြောင်း သိရသည်။

ဆလုံတိုင်းရင်းသားများမှာ ကျွန်းစုမြို့နယ်နှင့် ကော့သောင်းခရိုင်အတွင်းရှိ ကျွန်းများတွင် နေထိုင် လျက်ရှိပြီး ကော့သောင်းခရိုင်အတွင်း နေထိုင်သည့် ဆလုံတိုင်းရင်းသားများမှာ အရေအ တွက်ပိုမို များပြားနိုင်ကြောင်း သိရသည်။ စာရင်းအတိအကျ ကောက်ယူထားမှု မရရှိသေးသော်လည်း ကျွန်းစုမြို့နယ်အတွင်း ဆလုံတိုင်းရင်းသား ၃၀၀၀ ကျော်ရှိနိုင်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ လာမည့် မတ် ၃၀ ရက်တွင် သန်းခေါင်စာရင်း ကောက်ယူရာ၌ ဆလုံတိုင်းရင်းသားများအား ကုန်းပေါ်တွင်သာ ကောက်ယူသွားမည် ဖြစ်သလို ပင်လယ်ပြင်အတွင်း ရောက်ရှိနေသည့် ဆလုံတိုင်းရင်းသားများ ရှိပါကလည်း ကုန်းပေါ်တွင်ကျန်ခဲ့မည့် မိသားစုဝင်များကို မေးမြန်းကောက်ခံသွား မည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment