Friday 21 March 2014

ဗီယက်နမ်မှာ ရေကြီးနေလို့ မိဘတွေက ကလေးတွေကို ပလတ်စတစ်အိတ်ထဲထည့်၊ မြစ်ကိုဖြတ်ကူးပြီး ကျောင်းလိုက်ပို့ 

Photo
လတ်တလော ဗီယက်နမ်နိုင်ငံဒေသတစ်ချို့ မှာ ရေကြီးနေတဲ့အတွက် ဗီယက်နမ်တောရွာ တစ် ရွာက မိဘတွေဟာ သူတို့ ရဲ့ ကလေးတွေကို ပလတ်စတစ်အိတ်ထဲထည့်ကာ မြစ် ကိုဖြတ်ကူးပြီး ကျောင်းလိုက်ပို့ နေရပါတယ်။

Photo
ဗီယက်နမ်နိုင်ငံ၊ Dien Bien ခရိုင်၊ Sam Lang ကျေးရွာက အဖေတစ်ယောက်ဟာ သူ့ ရဲ့သား ကို ကျောင်းသွားရာမှာ ရေမစိုအောင်လို့  ပလတ်စတစ်အိတ်ထဲထည့်ကာ ရေလျှံနေတဲ့မြစ်ကို ဖြတ်ကူးပြီး ကျောင်းလိုက်ပို့ နေပုံပါ။

သားဖြစ်သူကို ရေစိုခံ ပလတ်စတစ်အိတ်အကြီးကြီးထဲမှာ ထည့်ပြီး ဟိုဘက်ကမ်းကိုရောက်မှ ကလေးကို အိတ်ထဲက ပြန်ထုတ်ပေး တာပါ။  ကျောင်းသွားမယ့်ကလေးဖြစ်သူဟာ ရေတစ် စက်မှမစိုရဘဲနဲ့  ရေလျှံနေတဲ့မြစ်ကို ကျော်ဖြတ်ပြီး ကျောင်းကို သက်တောင့်သက်သာ သွားနိုင်ပါပြီ။

ဒီအဖြစ်အပျက်ကို ဆရာမဖြစ်သူ Tong Thi Minh က ဓာတ်ပုံရိုက်ယူခဲ့ တာဖြစ်ပါတယ်။

“ ဒီလိုပဲ လုပ်ရမှာပေါ့။ ဒီရေကြီးတာကို ဘယ်တံတားမှမခံနိုင်ဘူး။ ရေစီးကိုဖြတ်ကူးပြီး ဒီဘက် ကမ်းကို အရောက်လာဖို့ က ဒီတစ်နည်းပဲ ရှိတယ်လေ” လို့ သူမက ပြောပြခဲ့ပါတယ်။

“ ကလေးတွေအန္တရာယ်ကင်းကင်းနဲ့ သူတို့ ကျောင်းဝတ်စုံတွေ ရေမစိုအောင်လုပ်ဖို့ ကလည်း ဒီတစ်နည်းပဲ ရှိတယ်” လို့ သူမက ထပ်လောင်းပြောကြားသွားခဲ့ပါတယ်။

Trend Myanmar

No comments:

Post a Comment