Friday 21 March 2014

ပြည်သူ့လွှတ်တော် မြေယာကော်မရှင်မှ ပေးပို့သည့် တောင်ကြီးမြို့နယ်မြေယာမှုများ စတင်ဖြေရှင်း

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်အတွင်း မြေယာနှင့် နစ်နာမှုလျှောက်ထား သည့် အမှုတွဲပေါင်း ၆၀ ကျော် ကို စတင်ဖြေရှင်းနေသည်ဟု မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ် မြေအသုံးချ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦး ဇော်မြင့်သိန်းက မတ်၂၀ ရက်တွင် မဇ်္ဈိမကိုပြောသည်။

ပြည်သူ့လွတ်တော် မြေယာစုံစမ်းစစ်ဆေးရေးကော်မရှင်က စိစစ်စစ်ဆေးပြီး ဆောင်ရွက်ရန် အတွက် ချ ထားပေးလာသည့် အမှုတွဲများဖြစ်ပြီး မြို့နယ် မြေအသုံးချကော်မတီရုံး ဖွင့် လှစ်ဆောင် ရွက်ပေးလျက် ရှိ သည်ဟု ၎င်းက ဆိုသည်။

“ကျွန်တော်တို့အနေနဲ့ မြေယာနစ်နာမှုတွေအတွက် မြို့နယ်မြေအသုံးချ စီမံခန့်ခွဲရေးကော်မတီ၊ ရပ်ကျေး ကော်မတီ အဆင့်ဆင့် အောက်ခြေအထိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ပေးနေ တယ်”ဟု ဦးဇော်မြင့် သိန်းက မဇ်္ဈိမကို ပြောသည်။

ယင်းသို့ဆောင်ရွက်ပေးရာတွင် ပြေလည်သွားသည့် အမှုတွဲများလည်း ရှိလာပြီဖြစ်ပြီး အမှုတွဲ ငါးတွဲခန့် ရုပ်သိမ်းပြီးဖြစ်ကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။ “မြို့နယ်မြေ အသုံးချစီမံ ခန့်ခွဲရေး ကော်မတီရုံးခန်း ဖွင့်ထားတာ တစ်လကျော်ပဲ ရှိသေးတယ်။ ကျွန်တော်တို့ စုံစမ်းစစ်ဆေးပေးနေတာ သုံးလလောက် ရှိပြီ” ဟု ဆက်ပြောသည်။

ထို့အပြင် နစ်နာသူများအနေဖြင့်လည်း တောင်ကြီးမြို့နယ် ထွေအုပ် ရုံးရှိ မြေအသုံးချစီမံ ခန့်ခွဲရေးကော်မ တီရုံးသို့ လူကိုယ်တိုင် လာရောက် စုံစမ်း မေးမြန်းနိုင်ပြီး ပြည်သူ့လွှတ်တော် မြေယာစုံစမ်းစစ်ဆေးရေး ကော်မရှင်က စိစစ်စစ်ဆေးပြီး ဆောင်ရွက်ရန်အတွက် ချထားပေး လာသည့် အမှုတွဲများအတွက်မူ ရုံးမှ ခေါ်ယူရှင်းပြပေးနေခြင်းများလည်း ရှိသည်ဟု ဆိုသည်။

ဗဟို၊ ခရိုင်၊ မြို့နယ်များ အဆင့်လိုက် စနစ်တကျ စစ်ဆေးပြီး နစ်နာမှုများ အတွက် ရသင့် ရထိုက်သူများ အနေဖြင့်လည်း ဥပဒေနှင့်အညီ ပြန် လည်ရရှိသွားစေလိုပြီး ငြိမ်းငြိမ်းချမ်းချမ်းနှင့် ပဋိပက္ခမရှိဘဲ ဖြစ်စေချင် သည်ဟု တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်မြေအသုံးချ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌက ပြော သည်။ တောင်ကြီးမြို့နယ် အတွင်း မြေယာနစ်နာမှု အတွက် လျှောက်ထားသည့် အမှုတွဲ(၆၀)ကျော် သည် အေးသာယာမြို့သစ်၊ တောင်နီ၊ ရွှေညောင်၊ ဟိုပုံးမြို့ နယ်၊ တောင်ကြီးမြို့ မြောက် ဘက်အထွက် အစရှိ သည့်နေရာ များဖြစ်ပြီး ဧက အနေဖြင့်မှု အတိအကျပြောဆိုနိုင်ခြင်းမရှိဘဲ တစ်ဦးချင်းအဖွဲ့လိုက် ခြံကွက် ပြဿနာများ လည်း ပါဝင်ကြောင်း ဒေသခံများက ပြောသည်။

ရှမ်းပြည်နယ်အတွင်းရှိ ခရိုင်၊ မြို့နယ် ၆၄ ခုတွင် မြေအသုံးချမှုစီမံ ခန့်ခွဲရေးကော်မတီရုံးများအား တစ်ပြိုင် တည်း ဖွင့်လှစ် ခဲ့ပြီး ပြန် လည်စွန့်လွှတ် သည့် မြေများ၊ မြေသိမ်းခံရသူများ ပိုင်ဆိုင်မှု အထောက် အထားများဖြင့် လာရောက် စုံစမ်းလျှောက်ထားနိုင်သည်ဟု မတ် ၁၆ ရက်ထုတ် မြန်မာ့အလင်းသတင်းစာတွင် ပါရှိသည်။

Mizzima - News in Burmese

No comments:

Post a Comment