Friday 21 March 2014

ကော့မှူးမြို့နယ် လယ်ယာမြေ ပြန်လည်ရရှိရေး တောင်သူလယ်သမား သမဂ္ဂ ဦးဆောင် ဆန္ဒထုတ်ဖော်မည်

ကော့မှူးမြို့နယ် အတွင်းရှိ သိမ်းဆည်းခံ လယ်ယာမြေ ပြဿနာများ ဖြေ ရှင်းပေးရန် ဌာနဆိုင်ရာ များကို အကြောင်းကြားသော်လည်း ၂ နှစ်နီးပါး ကြာမြင့်သည်အထိ ဖြေရှင်းပေးခြင်း မရှိသောကြောင့် မြန်မာနိုင်ငံ တောင်သူ လယ်သမား သမဂ္ဂက ဦးဆောင်ကာ ဆန္ဒထုတ်ဖော် မည် ဖြစ်ကြောင်း အဆိုပါသမဂ္ဂ ဖွဲ့စည်းရေး ကော်မတီ တာဝန်ခံ ဒေါ်စုစုနွေး က ပြောကြား သည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုကို မတ်လ ၂၃ ရက်နေ့တွင် ကော့မှူးမြို့နယ် ၌ ပြုလုပ်မည်ဖြစ်ပြီး ခွင့်ပြုမိန့် မပေးလျှင်လည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

သိမ်းဆည်းခံရသော လယ်ယာမြေဧက တစ်ထောင်ကျော်ကို ပြန်လည် ရရှိရန်အတွက် ၂၀၁၂ ခုနှစ် ဇူလိုင်လမှ စတင်ကာ ရပ်ကွက်၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးများနှင့် မြေစာရင်း ဦးစီးဌာနသို့ အကြောင်းကြား စာများ ပေးပို့ခဲ့သော်လည်း ယခုအချိန်အထိ ပြန်လည် ဖြေရှင်းပေးခြင်း မရှိသောကြောင့် ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

“သမဂ္ဂရဲ့ စည်းမျဉ်းတွေအရ အကြောင်းကြားပြီး ညှိနှိုင်းဖြေရှင်းဖို့ အရင်ဆုံး ကြိုးစားခဲ့တာပါ။ ဒါပေမဲ့ ၂ နှစ် နီးပါးကြာမြင့်တဲ့အထိ အုပ်ချုပ်ရေးပိုင်းက ဆုံးဖြတ်ချက် တစ်စုံတစ်ရာချပြီး ဖြေရှင်းပေးတာ မရှိခဲ့ပါဘူး” ဟု ၎င်းကဆိုသည်။

နိုင်ငံတော်စီမံကိန်း၊ တပ်မတော်နှင့် ပုဂ္ဂလိက ကုမ္ပဏီများက စီမံကိန်းများ အတွက် မြေဧက ၁၀၀၀ ကျော် သိမ်းဆည်းထားပြီး လယ်သမားများက လယ်ယာမြေ စီမံခန့်ခွဲရေး ကော်မတီသို့ တိုင်ကြားသော် လည်း ဖြေရှင်းနိုင်ခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမား သမဂ္ဂထံမှ သိရသည်။

အဆိုပါ လယ်ယာမြေ ပြဿနာများကို ဖြေရှင်းပေးရန် အုပ်ချုပ်ရေးမှူးရုံးများသို့ အကြောင်းကြား ထားသည်မှာ မှန်ပါကြောင်း၊ မြေယာအမှုများကို စိစစ်နေဆဲ ဖြစ်ကြောင်း ကော့မှူးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ “ဆန္ဒထုတ်ဖော်ခွင့် အမိန့်ကို လည်း ခရိုင်ကနေ ချပေးမှ ခွင့်ပြုလို့ရမှာပါ” ဟု ၎င်းကဆိုသည်။

အဆိုပါ လယ်ယာမြေများ ပြန်လည် ရရှိရေးအတွက် ဆန္ဒထုတ်ဖော်မှုကို မတ်လ ၁၅ ရက်နေ့ တွင် တောင်သူလယ်သမား များနှင့် မြန်မာနို င် ငံ တောင်သူ လယ်သမား သမဂ္ဂအဖွဲ့ဝင် ၃၀၀ ကျော် တို့က ကော့မှူးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက် ဆန္ဒထုတ်ဖော်မည် ဖြစ်ကြောင်း အဆိုပါ သမဂ္ဂထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment