Friday 21 March 2014

ဦးတေဇကို အမေရိကန်၂ဦးက စူပါ ပါဝါသုံးပြီး ၃နိုင်ငံမှာ တရားစွဲဆို

Photo: ဦးတေဇကို အမေရိကန်၂ဦးက စူပါ ပါဝါသုံးပြီး ၃နိုင်ငံမှာ တရားစွဲဆို
Friday, March 21, 2014

အဲပုဂံ၊ ထူးကုမ္ပဏီများနဲ့ ဦးတေဇကို အမေရိကန်၂ဦးက အမေရိကန်နိုင်ငံရဲ့ စူပါ ပါဝါကို အသုံးချပြီး မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ အမေရိကန်နိုင်ငံတွေမှာ မမှန်ကန်တဲ့စွပ်စွဲချက်တွေနဲ့ တရားစွဲထားကြောင်း ဦးတေဇက သူ့လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။ 

Mr. Allan Lokos နဲ့ Mrs. Susanna Weiss တို့ဟာ အဲပုဂံလေယာဉ် XY-AGC ကချင်ပြည်နယ် ခရီးစဉ်အသွား ပျက်ကျမှုမှာ ပါဝင်ခဲ့တဲ့ ခရီးသည်၂ဦး ဖြစ်ကြောင်း၊ ထိခိုက်နစ်နာခဲ့ရမှုများအတွက် နိုင်ငံတကာ စံညွှန်းများနဲ့အညီ အာမခံကုမ္ပဏီနဲ့ ချိတ်ဆက်ပြီး ခရီးသည်များဘက်က ကူညီလုပ်ဆောင်ပေးခဲ့ကြောင်း၊ 

ဒါပေမယ့် အမေရိကန်နိုင်ငံသားနှစ်ဦးက အကြိမ်ကြိမ် ခြိမ်းခြောက်မှုဆန်တဲ့ ငွေကြေးတောင်းခံမှုများပြုလုပ်ခဲ့ပြီး အမေရိကန်နိုင်ငံရဲ့ "Super Power" ကိုအသုံးချကာ နည်းလမ်းပေါင်းစုံနဲ့ ဖိအားပေး တောင်းခံတယ်လို့ သိရပါတယ်။ 

အခုအခါ နိုင်ငံ၃နိုင်ငံက တရားရုံး (၃)ခုမှာ သူ့ကို တရားစွဲဆိုထားတာကို ရှောင်ပုန်းနေမှာ မဟုတ်ပဲ အမှန်တရား အတွက် မြန်မာနိုင်ငံသားတစ်ဦးပီသစွာ ရင်ဆိုင်ဖြေရှင်းသွားမယ်လို့ ဦးတေဇက ဆိုပါတယ်။ 

ဒါဟာ ထူးစီးပွားရေးကို ထူထောင်လာတာ ၂၅နှစ်အတွင်း ပထမဆုံး ကြုံတွေ့ရတဲ့ တရားစွဲဆိုမှုလို့ သိရပါတယ်။

DVB TV News
အဲပုဂံ၊ ထူးကုမ္ပဏီများနဲ့ ဦးတေဇကို အမေရိကန်၂ဦးက အမေရိကန်နိုင်ငံရဲ့ စူပါ ပါဝါကို အသုံးချပြီး မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ အမေရိကန်နိုင်ငံတွေမှာ မမှန်ကန်တဲ့စွပ်စွဲချက်တွေနဲ့ တရားစွဲထားကြောင်း ဦးတေဇက သူ့လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။ 

Mr. Allan Lokos နဲ့ Mrs. Susanna Weiss တို့ဟာ အဲပုဂံလေယာဉ် XY-AGC ကချင်ပြည်နယ် ခရီးစဉ်အသွား ပျက်ကျမှုမှာ ပါဝင်ခဲ့တဲ့ ခရီးသည်၂ဦး ဖြစ်ကြောင်း၊ ထိခိုက် နစ်နာ ခဲ့ရမှုများအတွက် နိုင်ငံတကာ စံညွှန်းများနဲ့အညီ အာမခံကုမ္ပဏီနဲ့ ချိတ်ဆက်ပြီး ခရီးသည် များ ဘက်က ကူညီလုပ်ဆောင်ပေးခဲ့ကြောင်း၊ 

ဒါပေမယ့် အမေရိကန်နိုင်ငံသားနှစ်ဦးက အကြိမ်ကြိမ် ခြိမ်းခြောက်မှုဆန်တဲ့ ငွေကြေးတောင်းခံ မှု များပြုလုပ်ခဲ့ပြီး အမေရိကန်နိုင်ငံရဲ့ "Super Power" ကိုအသုံးချကာ နည်းလမ်းပေါင်းစုံနဲ့ ဖိအားပေး တောင်းခံတယ်လို့ သိရပါတယ်။ 

အခုအခါ နိုင်ငံ၃နိုင်ငံက တရားရုံး (၃)ခုမှာ သူ့ကို တရားစွဲဆိုထားတာကို ရှောင်ပုန်းနေမှာ မဟုတ်ပဲ အမှန်တရား အတွက် မြန်မာနိုင်ငံသားတစ်ဦးပီသစွာ ရင်ဆိုင်ဖြေရှင်းသွားမယ်လို့ ဦးတေဇ က ဆိုပါတယ်။ 

ဒါဟာ ထူးစီးပွားရေးကို ထူထောင်လာတာ ၂၅နှစ်အတွင်း ပထမဆုံး ကြုံတွေ့ရတဲ့ တရားစွဲဆို မှုလို့ သိရပါတယ်။

DVB TV News

No comments:

Post a Comment