Wednesday 13 May 2015

တစ်ပါးသူရဲ့ စေတနာကို တန်ဖိုးထားတတ်ပါစေ

လူတွေဟာ ဘယ်အရာမဆို လွယ်လွယ်ရမှန်း သိရင် တန်းဖိုးမထား တတ်ပါဘူး။ လူတွေမှာ အကျင့်တစ်ခု ရှိတယ်။ အဲဒါက အရမ်းကို သဘောကောင်းပြီး ကူညီရိုင်းပင်တတ်တဲ့ သူမျိုးတွေ အပေါ်မှာ မလေးစားတဲ့ အကျင့်ပဲ ဖြစ်တယ်။

ဒါကြောင့် မိမိလည်း လွယ်လွယ်ရရ ခက်ခက်ခဲခဲရရ ဘယ်အရာမဆို အလေးထား တန်ဖိုးထားပါ။ သူ့တစ်ပါး ကိုယ့်အပေါ် စေတနာထားရင်လည်း ကိုယ်လည်း သူ့အပါ် စေတနာထားနိုင်အောင်ကြိုးစားပါ။ ကျေးဇူး တရားဆိုတာ သိတတ်လေကောင်းလေပါပဲ။ သူတစ်ပါးက ကိုယ့်အပေါ်မှာထားရှိတဲ့ စေတနာ မေတ္တာတွေ ကို သဲထဲရေသွန် မဖြည့်ပါစေနဲ့။

တစ်ကြိမ် တစ်ခါမျှ ကူညီခဲ့ဖူးတယ် ဆိုရင်တောင် တစ်သက်တာ ကျေးဇူးသိခြင်းဖြင့် ကျေနိုင်မည် မဟုတ်ပါ။ ကျေးဇူးသိတတ်သော စိတ်ဖြင့် ကျေးဇူးဆပ်နိုင်ပါစေ။

Photo By - huffpos
ကျော်လင်းနိုင် (ရိုးရာလေး)

No comments:

Post a Comment