Wednesday 13 May 2015

ဟောင်ကောင်မြို့လယ်ကောင် ရှော့ပင်းမောလ်ထဲ တောဝက်တစ်ကောင် ဝင်ရောက်သောင်းကျန်း

ဟောင်ကောင်တွင် တောထဲမှ လွတ်လာသည့် တောဝက်တစ်ကောင်သည် ရှော့ပင်းမောလ်ဈေးတစ်ခုတွင်း
ရောက်ရှိပြီး ပတ်ပြေးနေကာ ကလေးအဝတ်အထည် စတိုးတစ်ခုတွင် ပိတ်မိနေသည့် ဖြစ်ရပ်ဖြစ်ပွားသည်။

တောဝက်မကြီးက မျက်စိလည်လမ်းမှားပြီး တောထဲမှ ဟောင်ကောင် အရှေ့ပိုင်းရှိ ချိုင်ဝန်မောလ်အတွင်း ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး လေးနာရီကြာ ရှော့ပင်းမောလ်ထဲ ရှိနေခဲ့သည်။

ယင်းတောဝက်မကြီးမှာ ဈေး၏ခေါင်းမိုးမှ ကျွံကျလာခဲ့သည်။ ယင်းသို့ မကျွံကျမီ လှေကားတစ်စင်းကို ကုတ်တက်နေကြောင်းလည်း သတင်းတွင် ဖော်ပြသည်။

ပေါင် ၅၅ ပေါင် နီးပါးရှိ တောဝက်မကြီးသည် ဈေးတွင်း ငြိမ်ကုတ်နေပြီးနောက်တွင် ၎င်းအား တိရစ္ဆာန် ပြန်လည်ထူထောင်ရေးစင်တာသို့ ဖမ်းဆီးပို့ဆောင်ခဲ့သည်။

REF : BBC

No comments:

Post a Comment