Wednesday 13 May 2015

မြောက်ကိုရီးယား စစ်ဦးစီးချုပ် ကွပ်မျက်ခံရဟု တောင်ကိုရီးယား ပြော

မြောက်ကိုရီးယား စစ်ဦးစီးချုပ် ရွှန်ဟုန်ချူကို အမိန့်မနာခံမှုနှင့် သစ္စာဖောက်မှုများဖြင့် ပြုံယမ်းရှိ စစ်သင်တန်းကျောင်းတခုတွင် ကင်ဂျုံအွန်းက ကွပ်မျက်ခဲ့သည်ဟု တောင်ကိုရီးယား အမျိုးသား ထောက်လှမ်း ရေး အဖွဲ့က ပြောကြောင်း Yonhap သတင်းဌာနက သတင်းရေးသားထားသည်။ 

ကွပ်မျက်မှုသည် ပြီးခဲ့သည့်လကုန်ပိုင်းကဖြစ်ပြီး လူအများရှေ့တွင် သုတ်သင်ရေးတပ်ဖွဲ့များက လေယာဉ် ပစ် သေနတ်ကြီးများဖြင့် ပစ်သတ်ခဲ့ကြောင်း သတင်းကဆိုသည်။ သတင်းကို လွတ်လပ်သော အရင်း အမြစ်များက အတည်မပြုနိုင်သေးကြောင်းနှင့် တောင်ကိုးရီးယားထောက်လှမ်းရေးသတင်းများ မကြာခဏ မှားယွင်းတတ်ကြောင်းလည်း ဆိုထားသေးသည်။

 အကယ်၍ သတင်းမှန်ခဲ့လျှင် ၂၀၁၃ ခုနှစ်ကုန် ကင်ဂျုံအွန်း၏ ဦးလေး ဂျန်ဆွန်တိတ် ကွပ်မျက်ခံရသလို အကြီးတန်းအရာရှိများ ကွပ်မျက်မှု နောက်ဆက်တွဲဖြစ်မည်။ တောင်ကိုရီးယားထောက်လှမ်းရေးက ယခုနှစ်အတွင်း ကွပ်မျက်ခံရသော မြောက်ကိုရီးယား အကြီးတန်းအရာရှိ ၁၅ ဦးရှိပြီဟု ဆိုသည်။

ဧရာဝတီ

No comments:

Post a Comment