Wednesday 13 May 2015

နိုင်ငံဆင်းရဲသဖြင့် ပြည်သူ့ဘဏ္ဍာငွေများ စနစ်တကျသုံးစွဲကြရန် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းပြောကြား

ဆင်းရဲသည့်နိုင်ငံ ဖြစ်သည့်အတွက် ပြည်သူ့ဘဏ္ဍာ ငွေများအား စနစ်တကျသုံးစွဲကြရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေ မန်းက လွှတ်တော်အတွင်းပြော ကြားလိုက်သည်။

မေလ ၁၂ရက်နေ့တွင် ကျင်းပ သည့်ပြည်သူ့လွှတ်တော် (၁၂)ကြိမ် မြောက်ပုံမှန်အစည်းအဝေးတွင် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေး ကစစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်း မြို့နယ်အတွင်း မွေးမြူရေး၊ ရေလုပ် ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှဆောင်ရွက်နေသည့် လုပ်ငန်းမှာ အကြောင်း အမျိုးမျိုး ကြောင့် အချိန်မီမပြီးစီးဘဲဖြစ်နေသည့်အပေါ် လွှတ်တော်တွင်းမေးမြန်းခြင်း နှင့်စပ်လျဉ်းပြီး သူရ ဦးရွှေမန်းက ယင်းကဲ့သို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်း မြို့နယ်တွင် မွေးမြူရေးလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန မှ ဆောင်ရွက်နေသည့် ကျေးလက်လမ်း မှာ အချိန်မီ မပြီးစီးခြင်းငွေကြေးမလုံ လောက်မှုများဖြစ်ပေါ်မှု များဖြစ် ပေါ်ခဲ့ခြင်း ယင်းကဲ့သို့ဖြစ်ပေါ်နေ သော်လည်း ဆက်လက်ဆောင်ရွက် ရန် ၂၀၁၅-၂၀၁၆ ဘဏ္ဍာ ရေးနှစ် ဘတ်ဂျက်တွင် လျာထားဆောင် ရွက်ထားခြင်းမရှိသည့်အပေါ် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေး ကလွှတ်တော်အတွင်း မေးခွန်းထုတ် ခဲ့သည်။

အဆိုပါ ဟုမ္မလင်းမြို့နယ်အ တွင်းရှိ တည်ဆောက်ထားသည့် နမ်ဖယ်ချောင်းကူးသစ်သားတံတား မှာလည်း ကမ်းကပ်ခုံနံရံများကွဲ အက်နေသည့်အတွက်သံကူကွန်က ရစ်တံတားအဖြစ် ပြန်လည်တည် ဆောက်ရမည့် အခြေအနေဖြစ်နေ ကြောင်းလည်း သိရသည်။

ယင်းအခြေအနေအပေါ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း က''အားလုံးသိကြတဲ့အတိုင်း ကျွန်တော် တို့ နိုင်ငံက ဆင်းရဲတဲ့နိုင်ငံဖြစ်ပါ တယ်။ ပြည်သူ့ဘဏ္ဍာငွေခွဲဝေတဲ့ နေရာမှာလဲ တင်ပြလာတဲ့စီမံကိန်း လုပ်ငန်းအပေါ်မူတည်ပြီးတော့ လွှတ်တော်ထဲမှာ အကျေအလည်ဆွေးနွေး ပြီးတော့ ခွင့်ပြုချထားပေးခဲ့ တာဖြစ် ပါတယ်။ အဲဒီလိုခွင့်ပြုချထားပေး ခဲ့တဲ့ ပြည်သူ့ဘဏ္ဍာငွေတွေကိုသုံး စွဲတဲ့နေရာမှာဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်းများနဲ့အညီ သုံးစွဲရတာ ဖြစ်ပါတယ်။ ဦးအေးကတရားဝင် တင်ပြလာတဲ့ကိစ္စဖြစ်ပါတယ်။ ပြင် ပမှာလဲအများကြီးတင်ပြလာတာ ရှိပါတယ်။ ပြည်သူ့ကိုယ်စားလှယ် တွေကတော့ဘာပဲဖြစ်ဖြစ် ပြည်သူ့ ဘဏ္ဍာရန်ပုံငွေတွေကို စနစ်တကျ သုံးစွဲနိုင်ဖို့အတွက်သေချာစီမံခန့်ခွဲပြီး ဆောင်ရွက်တဲ့နေရာမှာ ဘဏ္ဍာ ငွေတွေကိုစနစ်တကျမသုံးဘဲနဲ့ အခု လိုအဖြစ်မျိုးတွေ နိုင်ငံအနှံ့မှာဖြစ် နေမယ်ဆိုရင်ဘဏ္ဍာငွေများစွာဆုံး ရှုံးသလို၊ ပြည်သူ့ကိုယ်စားလှယ်များ ရဲ့အခန်းကဏ္ဍ၊ သက်ဆိုင်ရာတာဝန် ရှိတဲ့ အစိုးရအဖွဲ့အစည်းများရဲ့အ ခန်းကဏ္ဍကလဲ ပြည်သူ့ကြားမှာ ကောင်းတဲ့အနေအထားမျိုးမဖြစ် ပါဘူး''ဟု ပြောသည်။

ယင်းကဆက်လက်ပြီး ''ဒါ ကြောင့်မို့လို့ လွှတ်တော်ကနေတစ် ဆင့်တင်ပြလိုတာက ပြည်သူ့ဘဏ္ဍာ ငွေများကို စနစ်တကျသုံးစွဲဖို့နဲ့ စည်းမျဉ်းစည်းကမ်းနဲ့အညီမသုံးစွဲဘူးဆို ရင် ထိုက်သင့်တဲ့အရေးယူမှု၊ အပြစ် ပေးမှုတွေမရှိဘူးဆိုရင်တော့ ကျွန် တော်တို့နိုင်ငံဟာအခုလိုပဲ အခက် အခဲတွေကြားက ကျော်လွှားဖို့အ ခက်အခဲဖြစ်မှာပါ။ ဒါကြောင့်ပြော နေတဲ့တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်း မြင်သာမှုဆိုတာ အပြောပဲဖြစ်နေလို့ မရပါဘူး။ လက်တွေ့အလုပ်ပါမှာ ဖြစ်ရပါမယ်။ ဒီနေ့အစိုးရဟာပြည် သူ့အစိုးရပါ။ ဒီမိုကရေစီနည်းလမ်း နဲ့ဆောင်ရွက်ထားတဲ့အစိုးရဖြစ် ပါတယ်''ဟု ဆိုသည်။

ပြည်သူများအနေဖြင့် နစ် နာမှုများဖြစ်ပေါ်ပြီး ယင်းနစ်နာမှု များအားအရေးယူဆောင်ရွက်ရန် ပျက်ကွက် မှုများ ဆက်လက်ရှိနေပါ က ရှေ့ဆက်သွားမည့် နိုင်ငံ၊ အစိုးရ၊ လွှတ်တော်များအတွက် အခက်အ ခဲရှိနိုင် ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းက ဆက်လက် ပြောကြားခဲ့သည်။

YM, MP
Democracytoday‬

No comments:

Post a Comment