Wednesday 13 May 2015

ပညာရေးဥပဒေပြင်ဆင်ရေး လွှတ်တော်နှစ်ရပ် သဘောထား ကွဲလွဲ

အမျိုးသားပညာရေးဥပဒေကိုအတည်ပြုပြဌာန်းနိုင်ဖို့ အတွက် ပြည်သူ့ လွှတ်တော်က ဆွေးနွေး အတည်ပြု ထားတဲ့ မူကြမ်းကို အမျိုးသား လွှတ်တော်မှာ ဒီနေ့ စတင်ဆွေးနွေးရာမှာ လွှတ်တော်နှစ်ရပ် သဘောထား ကွဲလွဲနေပါတယ်။

ပညာရေး အသုံးစရိတ်ကို အစိုးရအသုံးစရိတ်အားလုံးရဲ့ ၂၀ ရာခိုင်နှုန်းအထိ သုံးစွဲပေးဖို့ ပြည်သူ့ လွှတ်တော် က အတည်ပြုထားတာကို အမျိုးသား လွှတ်တော်ကိုယ်စား လှယ် ဦးဖုန်းမြင့်အောင်က အခုလို ကန့်ကွက် ဆွေးနွေးခဲ့ ပါတယ်။

"ပညာရေးနဲ့ ပတ်သက်လို့ နှစ်စဉ်နှစ်တိုင်းကတော့ အခြေအနေအရ တိုးမြှင့်ပေးပေမဲ့ ဘယ်လောက် ရာခိုင် နှုန်း တိုးရမယ်ဆိုတဲ့ဟာကို ကျနော်တို့ ကိုယ်တိုင်တောင်မှ ဒီပြဌာန်းချက်မပေးနိုင်ခဲ့ပါ၊ အခြေအနေ အချိန် အခါ ကြည့်ပြီး ကျနော်တို့ တိုးပေးနေရတာပါ၊ ကျနော်တို့ မလုပ်နိုင်တဲ့ ကတိတစ်ခုကို နောင်လာမယ့် လွှတ်တော်၊ နောင်လာမယ့် အစိုးရလုပ်ဖို့ ဒီကြိုးနဲ့ချည်မယ်ဆိုရင် ကျနော်တို့တရားပါ့မလား၊ ဒါကြောင့် အသုံးစရိတ်ရဲ့ ၂ဝ ရာခိုင်နှုန်းနဲ့ ပတ်သက်ပြီးလို့မှ ကျနော်တို့ ဒီလွှတ်တော်ကလည်း ဒီအသုံးစရိတ်နဲ့ ပတ်သက် လို့ လုပ်နိုင်တဲ့ အခွင့်အရေးတွေ ပြီးဆုံးသွားပါပြီ၊ နောက်ဒီအသုံးစရိတ်နဲ့ ပတ်သက်လို့ လုပ်ရမယ့် အစည်းအဝေးတွေ ဆုံးဖြတ်ချက်တွေက နောင်လွှတ်တော်နဲ့ နောင်ဆုံးဖြတ်ချက်သာဖြစ်ပါတယ်၊ ဒါကြောင့် အသုံးစရိတ်ရဲ့ ၂ဝ ရာခိုင်နှုန်းပေးရမယ်ဆိုတဲ့ ပြဌာန်းချက်ကို ပယ်ဖျက်သင့်ကြောင်း တင်ပြအပ်ပါတယ်"

ဒါ့အပြင် ပြည်သူ့လွှတ်တော်က ပညာရေးမူဝါဒနဲ့ ဥပဒေ၊ နည်းဥပဒေတွေရေးဆွဲရာမှာ ကျောင်းသား ကျောင်းသူကိုယ်စားလှယ်တွေ၊ ဆရာဆရာမ ကိုယ်စားလှယ်တွေကို ပါဝင်ခွင့်ပေးဖို့ဆိုပြီး ပြည်သူ့ လွှတ်တော် က သဘောတူခဲ့ကြပါတယ်။

အဲဒီအချက်ကို အမျိုးသား လွှတ်တော်က လက်မခံဘဲ ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်တွေနဲ့ ဆရာ ဆရာမ သမဂ္ဂ ကိုယ်စားလှယ်တွေကိုသာ ပါဝင်ဆွေးနွေးခွင့်ရှိရမယ်လို့ ဒီနေ့ဆွေးနွေး ခဲ့ကြပါတယ်။

အရင်က အမျိုးသားလွှတ်တော်မှာ ဆွေးနွေးရာမှာ ပညာရေးအသုံးစရိတ်ကို ၅နှစ်အတွင်း သင့်တော်တဲ့ ရာခိုင်နှုန်းအထိ နှစ်စဉ်တိုးမြှင့်သွားဖို့ အတည်ပြုထားပြီး ပြည်သူ့လွှတ်တော်ကတော့ အစိုးရ အသုံး စရိတ် အားလုံးရဲ့ ၂၀ ရာခိုင်နှုန်းအထိ ရောက်ရှိအောင် ရည်မှန်းချက်ထား ဆောင်ရွက်ဖို့ အတည်ပြု ထားတာ ဖြစ် ပါ တယ်။

RFA Burmese

No comments:

Post a Comment