Wednesday 13 May 2015

မကြာမီက အင်အားကြီးငလျင်ဒဏ်ခံခဲ့ရသည့် နီပေါတွင် ၁၇ ရက်အကြာ အင်အားကြီးငလျင်နှစ်ခု ထပ်မံလှုပ်ခတ် ===== မြန်မာနိုင်ငံအနေဖြင့် အထူးစိုးရိမ်ဖွယ်ရာမရှိသော်လည်း ကြိုတင် သတိပြုနေထိုင်သင့်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်ပြော

မေ ၁၂ ရက်က နီပေါနိုင်ငံတွင် အင်အားကြီးငလျင် နှစ်ခုထပ်မံလှုပ်ခတ်သွားခြင်းအပေါ် မြန်မာနိုင်ငံ အနေဖြင့် အထူးစိုးရိမ်ဖွယ်ရာမရှိသော်လည်း ကြိုတင်သတိပြုနေထိုင်သင့်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော် မိုးဦးက သတိပေးပြောကြားလိုက်သည်။

နီပေါနိုင်ငံတွင် ဧပြီ ၂၅ ရက်က အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ် ခဲ့ပြီးနောက် ၁ရ ရက်အကြာဖြစ် သည့် ယခုလ ၁၂ ရက်တွင် မဂ္ဂနီကျု ရ ဒသမ ၃ အင်အားရှိ ငလျင်တစ်ခု နှင့် မဂ္ဂနီကျု ၅ ဒသမ ၆ အင်အားရှိ ငလျင် နှစ်ကြိမ်လှုပ်ခတ်ခဲ့ကြောင်း အေအက်ဖ်ပီသတင်းဌာန၏ ဖော်ပြ ချက်များအရ သိရသည်။

ယင်းနှင့်ပတ်သက်ပြီး မိုးလေ ဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ''နီပေါမှာ အရင် လှုပ်သွားတဲ့ ငလျင်ကြီးရဲ့ after shock တွေမကုန်သေးလို့ ထပ်လှုပ် နေတဲ့ အနေအ ထားမှာရှိပါတယ်။မြန်မာနိုင်ငံအနေနဲ့ကျတော့ Alpide Earthquake Belt အပေါ်မှာ ကျရောက် နေတာဆိုတော့ လှုပ် မလှုပ်မပြောနိုင် ပေမယ့် သတိထားရမယ်။ ငလျင်ဆို တာကလဲ ကြိုတင်ပြောဖို့ ခက်ခဲ တယ်။ ဒါကြောင့် မြန်မာနိုင်ငံအနေ နဲ့တော့ အခုလှုပ်တဲ့ငလျင်နဲ့ပတ်သက် ပြီး စိုးရိမ်စရာ မရှိပေမယ့် အမြဲတမ်း ကြိုတင်ပြီး သတိထားနေရမယ်''ဟု ပြောသည်။

နီပေါနိုင်ငံတွင် ထပ်မံလှုပ်ခတ် သည့်ငလျင်သည် ခတ္တမန္ဒူအရှေ့ ဘက် ၇၆ ကီလိုမီတာခန့်အကွာ၊ မြေ အောက်အနက် ၁၅ ကီလိုမီတာ ကိုဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကာ အင်အားပြင်းထန်ခြင်းကြောင့် ကီလို မီတာ ၁၀၀၀ ခန့်ဝေးကွာသည့် နယူး ဒေလီမြို့ကပင် ခံစားသိရှိနိုင်ကြောင်း အဆောက် အအုံများ လှုပ်ခတ် သွား ကြောင်း သိရသည်။

''ဒီအရာတွေကတော့ ပြောရ မယ်ဆိုရင် အစိတ်အပိုင်းအလိုက် အကြာကြီးမလှုပ်ဘဲ တုပ်နှောင်သလို ဖြစ်နေတာတွေကလှုပ်တာ။ ဒီတစ် ပိုင်းလှုပ်တိုင်း နောက်တစ်ပိုင်းက လှုပ် နိုင်တယ်လို့လဲ ခန့်မှန်းလို့တော့ မရဘူး။ ပြီးတော့ အခုလှုပ်တဲ့ငလျင် ကြောင့် မြန်မာမှာလှုပ်ခတ်နိုင်တယ်လို့လဲ ပြောလို့မရပါဘူး။ ဒါပေမဲ့ မြန်မာမှာလဲ သူ့ဟာနဲ့သူလှုပ်နိုင်တာတွေ ရှိတာကြောင့် ကြိုတင်သတိ ထားဖို့တော့လိုတာပေါ့။ ဒီဟာ ကြောင့် ပိုပြီးသတိထားရမှာတော့ မဟုတ်ပေမယ့် နီပေါမှာဖြစ်တာတွေကို သင်ခန်း စာယူထားပြီး ကြိုတင် ပြင်ဆင် သင့် တာတွေကိုတော့ ပြင်ဆင်ထားသင့် ပါတယ်''ဟု မြန်မာနိုင်ငံမြေငလျင် ကော်မတီအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးစိုးသူရထွန်းကပြောသည်။

MMA
Democracytoday‬

No comments:

Post a Comment