Tuesday 26 May 2015

အစိုးရသစ်သက်တမ်းအတွင်း ဘတ်ဂျက်လိုငွေ ကျပ်ဘီလီယံပေါင်း တစ်သောင်းရှိ

လက်ရှိ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း နိုင်ငံပိုင်စီး ပွားေ ရး များသည် လိုငွေ ပြဘတ် ဂျက်ခေါင်း စဉ်အောက် သို့ ရောက်ရှိခဲ့ပြီး အစိုးရသစ်သက်တမ်း အတွင်း ဘတ်ဂျက်လိုငွေ ကျပ် ဘီလီယံပေါင်း တစ်သောင်းရှိခဲ့ ကြောင်း ဘတ်ဂျက်ရေး ရာ ကျွမ်းကျင် ပညာရှင် ဦးဇော်ဖေဝင်း ၏ ပြောကြား ချက်အရ သိရသည်။ ကုန်သည် စက်မှု အသင်းချုပ် တွင် မေ ၂၄ ရက်ကပြုလုပ်သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်ရသုံး မှန်းခြေငွေစာရင်း စကားဝိုင်းဆွေးနွေး ပွဲတွင် ဦးဇော်ဖေဝင်းက ပြောကြားခဲ့ ခြင်းဖြစ်သည်။

ဦးဇော်ဖေဝင်းက '' ကျွန်တော် တို့ရဲ့ ဘတ်ဂျက်မှာ ကြည့်လိုက်မယ် ဆိုရင် ဘတ်ဂျက်လိုငွေပမာဏဟာ ဦးသိန်းစိန် အစိုးရလက်ထက် မှာ တောက်လျှောက် များနေပါတယ်။ ၂၀၁၂-၂၀၁၃ ဘတ်ဂျက်မှာ တုန်းက လိုငွေဟာ ကျပ် ၁၆၃၅ ဘီလီယံနဲ့ ၂၀၁၃-၂၀၁၄၊ ၂၀၁၄-၂၀၁၅ ခုနှစ် တွေမှာ တောက်လျှောက်တိုးလာပြီး ဒီဘက် ၂၀၁၅-၂၀၁၆ မှာဆိုရင် ဘတ် ဂျက်လိုငွေဘယ်လောက် ဖြစ်လာလဲ ဆိုတော့ ကျပ် ၃၆၀၆ ဘီလီယံကျော် ဖြစ်လာပါတယ်။ အဲဒါတွေ ပေါင်း လိုက်ရင်လေးနှစ်တာ ကာလ အတွင်း မှာ လိုငွေစုစုပေါင်း ကျပ်ဘီလီယံ ပေါင်း တစ်သောင်းကျော်ဖြစ် ပါတယ်'' ဟုဆိုသည်။

လက်ရှိ မြန်မာနိုင်ငံ၏ လိုငွေပြ ဘတ်ဂျက်ကြောင့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် တွင် ကျပ်ငွေ ၁၆၂၉ ဘီလီ ယံကျော်၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် အတွင်း ကျပ်ငွေ ၁၂၅၀ ဘီလီယံကျော်၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း ကျပ်ငွေ ၇၅၅ ဘီလီယံကျော်၊ ၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ကျပ်ငွေ ၂၅၅၁ ဘီလီယံကျော်နှင့် ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ကျပ်ငွေ ၃၆၀၀ ဘီလီယံကျော် ရှိခဲ့ကြောင်း သိရသည်။

ဘတ်ဂျက်ရေးဆွဲရာ တွင် အစိုးရ ၏ ဝင်ငွေနှင့်သုံးငွေတူညီသည့် ဘက် ညီဘတ်ဂျက်သည် ဈေးကွက်အတွင်း လည် ပတ်သည့် ငွေကြေး ပမာဏသည် သိသိသာသာပြောင်းလဲမှုမရှိသဖြင့် ကုန်ဈေးနှုန်းသက်ရောက်နည်းပါးပြီး ပိုငွေပြ ဘတ်ဂျက်သည် အစိုးရ၏ အသုံးစရိတ် နည်းပါးသည့် အတွက် ပြည်သူ များ ထံတွင် ငွေကြေးလည်ပတ် သည့် ပမာဏနည်း ပါးကာ ကုန်ဈေး နှုန်း ကျဆင်းနေစေနိုင်သော်လည်း စီးပွားရေးလုပ်ငန်းများ၏ လုပ်ငန်းတိုး ချဲ့မှုနှင့် ရင်းနှီးမြှုပ်နှံမှုလျော့ကျစေ နိုင် ကြောင်း သိရသည်။

လက်ရှိ လိုငွေပြဘတ်ဂျက်သည် အစိုးရ၏သုံးစွဲသည့်ငွေကြေး ပမာဏ များပြားသည့်အတွက် ပြည်သူများ အတွင်း လည်ပတ် သည့် ငွေကြေးပမာ ဏမြင့်တက်ကာ ယင်းငွေကြေး၏ လည်ပတ်မှုအကြိမ်နှုန်းပေါ်မူတည်၍ ကုန်ဈေးနှုန်း မြင့်တက်လာနိုင်ကြောင်း သိရသည်။

လက်ရှိဘဏ္ဍာနှစ်အတွက်ဘတ် ဂျက်လိုငွေ မြင့်တက်လာရခြင်းတွင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများသည် အစိတ်အပိုင်း တစ်ခု အနေဖြင့်ပါ ဝင် နေပြီး ယခင်နှစ်များတွင် ပိုငွေဘတ် ဂျက်ခေါင်းစဉ်အောက် တွင် ရှိခဲ့သည့် နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများ အနေ ဖြင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အ တွင်း လိုငွေပြဘတ်ဂျက်ခေါင်းစဉ် အောက် သို့ရောက်ရှိ ခဲ့ကြောင်း သိရ သည်။

ဦးဇော်ဖေဝင်းက ''မနှစ်ကအ ထိ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ နဲ့ ကော်ပိုရေးရှင်းများကပိုငွေပြသော အုပ်စုထဲမှာ ပါပါတယ်။ ဒီနှစ်ဘတ် ဂျက်ကျတော့ သူကထူးထူးခြားခြား လိုငွေပြတဲ့အုပ်စုဖြစ်သွားတယ်။ အဲဒါ ကလဲ တော်တော်လေး စဉ်းစားစရာရှိ ပါတယ်။ လိုငွေပမာဏသည် ဘယ် လောက်ရှိလဲဆိုတော့ ကျပ်ဘီလီယံ ပေါင်း ၁၇၅ လောက်ရှိ တယ်''ဟုဆို သည်။

လက်ရှိ ဘတ်ဂျက်သုံးစွဲမှုအနေ ဖြင့် စုစုပေါင်း အစိုးရအသုံးစရိတ်၏ ၁၃ဒသမ၃ ရာခိုင်နှုန်းသည် ကာ ကွယ်ရေးအသုံး စရိတ် အဖြစ် ရှိနေပြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ အသုံးစရိတ်မှာ ၃ဒသမ ၃၅ရာခိုင်နှုန်း၊ ပညာရေးအသုံးစရိတ် မှာ ၆ဒသမ၇၉ ရာခိုင်နှုန်းနှင့်ကျန်း မာ ရေးအသုံးစရိတ်မှာ ၃ ဒသမ ၆၅ ရာ ခိုင်နှုန်းသာရှိကြောင်း သိရသည်။

''လိုငွေပြတဲ့ ဘတ်ဂျက်ခေါင်း စဉ်ကတော့ နိုင်ငံတော်ဗဟိုအဖွဲ့ အစည်း များဖြစ် တဲ့ သမ္မတနဲ့တကွအာ ဏာပိုင်အဖွဲ့ အစည်း များ ၊ နောက် ပြည်ထောင်စု ဝန်ကြီး ဌာနများ၊ ပြည် နယ်နဲ့ တိုင်းဒေသကြီးများသို့ ဗဟိုအ စိုးရ ကနေပြီးတော့ ခွဲဝေပေးတဲ့ ငွေ များ၊ တပ်မြို့၊ စည်ပင် သာယာရေး အဖွဲ့များ၊ နေ ပြည်တော်ကောင်စီ၊ နေ ပြည်တော် စည်ပင် သာယာရေးအဖွဲ့ အဲဒါတွေက ပုံမှန်အတိုင်း လိုငွေပြတတ် တဲ့ဌာနများဖြစ် ပါတယ်။ ဒါတွေက လဲလိုငွေပြတာ သဘာဝ ကျပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ကပိုက်ဆံသုံး တဲ့ဌာန၊ ရှာတဲ့ဌာနမဟုတ် ဘူး''ဟု ယင်း က ထပ်မံပြောသည်။

AK
‎Democracytoday‬

No comments:

Post a Comment