Tuesday 26 May 2015

မရိုးမဖြောင့်မဲဆွယ်သည်ဟုဆိုကာ မန္တလေးစည်ပင်ကိုယ်စားလှယ်လောင်း တစ်ဦး တိုင်ကြားခံရ

မန္တလေးမြို့တော်စည် ပင်သာယာရေးကော်မတီဝင် ရွေးကောက်ပွဲအတွက် အောင်မြေသာစံမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းတစ်ဦး၏ မဲဆွယ်စည်းရုံးမှုအပေါ် မကျေနပ်၍ စိစစ်ကြပ်မတ် ပေးရန် ရွေးကောက်ပွဲကော်မရှင်ထံ တိုင် ကြားထားကြောင်း သတင်းရရှိသည်။

ကိုယ်စားလှယ်လောင်းတစ်ဦးက ကျပ်သိန်းရာချီသုံးစွဲကာမရိုး မဖြောင့်သောသဘောဖြင့်မဲဆွယ် စည်းရုံး မှုများရှိနေ၍ ရွေးကောက်ပွဲကော်မရှင်က စိစစ်ကြပ်မတ်ပေးရန် မေလ ၂၂ ရက်တွင်ကိုယ် စားလှယ် လောင်းသုံးဦး စုပေါင်း လက်မှတ်ထိုးကာ မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲ ကော်မရှင် ထံသို့ တိုင်ကြားခဲ့သည်ဟု ကိုယ် စားလှယ်လောင်းများက ပြော ကြားသည်။

‘‘စည်ပင်ရွေးကောက်ပွဲ မဲ စာရင်းပုံစံ (၂) ကောက်ခံက တည်းက အဲဒီကိုယ်စားလှယ်က ရပ်၊ကျေး အုပ်ချုပ်ရေးမှူးတွေနဲ့ ပေါင်းပြီး မဲဆွယ်နေတယ်’’ဟု တိုင်ကြားစာတင်ခဲ့သည့်ကိုယ်စား လှယ်လောင်း တစ်ဦးက ပြောကြား သည်။

အောင်မြေသာစံမြို့နယ် ကိုယ်စားပြုစည်ပင်သာယာကော်မတီဝင် တစ်နေရာစာအတွက် ကိုယ်စား လှယ်လောင်း ရှစ်ဦးယှဉ် ပြိုင်မည်ဖြစ်ပြီး အခြားကိုယ်စား လှယ်များက မေလ ၂၄ ရက် နောက်ပိုင်းမှသာ မဲဆွယ်စည်းရုံး ရေးများ လုပ်ဆောင်ရမည်ဟု ကိုယ်စားလှယ်လောင်းအများစုက နားလည်ထားကြ သော်လည်း တိုင်ကြားခံရသည့် ကိုယ်စား လှယ်မှာ မေလ ၁၅ ရက်ခန့်က တည်းက မဲဆွယ်စည်းရုံးခြင်းများ လုပ်ဆောင်နေသည်ဟု တိုင်ကြား ခဲ့သည့် ကိုယ်စားလှယ်လောင်း များကပြောကြားသည်။

တိုင်ကြားစာရရှိသော်လည်း ကော်မရှင်အနေဖြင့် ဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်းသာ လုပ်ပိုင်ခွင့်ရှိပြီး မဲဆွယ်စည်းရုံးမှုများနှင့်ပတ်သက်၍ အရေးယူပေးရန် ဥပဒေတွင် ပြဋ္ဌာန်းထားခြင်းမရှိကြောင်း၊ လာရောက် တိုင်ကြားသည့် ကိုယ်စားလှယ်လောင်းများအား ရှင်းလင်းပြောကြားထားကြောင်း စည်ပင်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးခင်မောင် ကျော်ကပြောကြားသည်။

မဲဆွယ်စည်းရုံးမှုများအပေါ် မကျေနပ်၍  အောင်မြေသာစံ မြို့နယ်မှ     စည်ပင်သာယာ ကော်မတီဝင် အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်းဦးစောဝင်းနိုင်က မေလ ၂၅ ရက်တွင် ကိုယ်စား လှယ် လောင်းအဖြစ်မှ နုတ်ထွက်လိုက် ပြီဖြစ်ကြောင်း သတင်းရရှိသည်။

မည်သည့်အတွက်ကြောင့် နုတ်ထွက်သည်ဆိုသည်ကို ၎င်းအနေဖြင့် အသေးစိတ်ပြောကြား လိုခြင်းမရှိ ကြောင်း ဦးစောဝင်းနိုင် က ငြင်းဆိုသည်။

သို့သော် ကိုယ်စားလှယ် လောင်းတစ်ဦးမှာ ကျပ်သိန်းရာချီ သုံးစွဲပြီး မရိုးဖြောင့်သောသဘောဖြင့် မဲဆွယ် စည်းရုံးမှုများကို စိစစ်ကြပ်မတ်ပေးရန် ကော်မရှင်သို့ တိုင်ကြားခဲ့ရာ ကော်မရှင်ကကျေ နပ်လောက်သည့် ဖြေရှင်းပေးမှု မျိုးမရှိ၍ နုတ်ထွက်သွားခြင်းဖြစ် ကြောင်း ဦးစောဝင်းနိုင်နှင့်နီးစပ် သည့် အခြားကိုယ်စားလှယ် လောင်းများကပြောကြားသည်။

ကိုယ်စားလှယ်လောင်းတစ်ဦး နုတ်ထွက်သွားပြီဖြစ်၍ ကိုယ်စားလှယ်လောင်း ခုနစ်ဦးသာ ယှဉ်ပြိုင်ရတော့ မည် ဖြစ်သည်။

7Day DAILY 

No comments:

Post a Comment