Tuesday 26 May 2015

ကိုးကန့်တပ်ဖွဲ့ဖမ်းဆီးထားသည့် တပ်မတော်သား လေးဦး လွတ်မြောက်လာ

လောက်ကိုင်တိုက်ပွဲတွင် ကိုးကန့်တပ်ဖွဲ့က ဖမ်းဆီးထားခဲ့ သည့် တပ်မတော်သား လေးဦး လွတ်မြောက် လာပြီဖြစ်ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။

ယင်းတပ်မတော်သားလေး ဦးမှာ ပြီးခဲ့သည့် ဧပြီလကုန်က ကိုးကန့်တပ်ဖွဲ့(MNDAA)ခြေကုပ် ယူထားသော ပွိုင့်(၂၂၀၂)တောင် ကုန်းကို အစိုးရတပ်မတော်က တိုက်ခိုက်စဉ် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ ယခုအခါ ၎င်းတို့ပြန်လည်လွတ်မြောက်လာပြီဖြစ် ကြောင်း အတည်ပြုသော်လည်း အသေးစိတ် အခြေအနေကိုမူ မပြောနိုင်ကြောင်း ရဲတပ်ဖွဲ့ကဆို သည်။

‘‘ပြန်လွတ်လာတာကတော့ သေချာတယ်။ ကျွန်တော်တို့ရတဲ့ သတင်းအရတော့ ပြန်လွှတ်လိုက် တယ်။ တပ်ကို ရောက်သွားတယ်။ ဒီလောက်ပဲ သိတာလေ’’ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီးတစ်ဦးက ပြောသည်။

ဒေသကွပ်ကဲမှုစစ်ဆင်ရေး ဌာနချုပ်(လောက်ကိုင်)သို့ ဆက်သွယ်မေးမြန်းရာ စစ်ဘက်ရေး လုံခြုံရေးတပ်ဖွဲ့ နှင့်သာ တိုက်ရိုက်သက်ဆိုင်သောကြောင့် ၎င်းတို့အနေဖြင့်မသိရကြောင်း ပြောသည်။ ဧပြီလကုန်က ပထမဆုံးအကြိမ် ထိုးစစ်တွင် တပ်မတော်ဘက်မှ ကျဆုံးမှုများပြားခဲ့သည့် ပွိုင့်(၂၀၂၂)တောင်ကုန်းကို တပ်မတော်က ယခုအခါ သိမ်းပိုက်နိုင် ပြီဖြစ်သည်။ မြန်မာ-တရုတ်နယ် စပ်နေရာများတွင် ကျန်ရှိနေသေး သည့် ကိုးကန့်ဒေသတွင်းရှိ လက် နက်ကိုင်များကို အမြစ်ပြတ်ချေ မှုန်းမည်ဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

7Day DAILY 

No comments:

Post a Comment