Tuesday 26 May 2015

ပင်ဆယ်ဗေးနီးယားပြည်နယ်တွင် လူနေအိမ်များ၌ မြေအောက်ခန်းရှိ မီးစက်များကြောင့် ကာဗွန်မိုနောက်ဆိုက် အဆိပ်သင့်မှုဖြစ်ပွား

အမေရိကန် နိုင်ငံ ပင်ဆယ်ဗေးနီးယားပြည် နယ်ရှိ လူနေအိမ်ငါးလုံးတွင် လျှပ် စစ်ဓာတ်အားရရှိရေး အသုံးပြုသည့် မီးစက်များကြောင့် ကာဗွန်မို နောက်ဆိုက် အဆိပ်သင့်မှု ဖြစ် ပွားခဲ့ရာ လူရှစ်ဦး ဆေးရုံတင် ကုသခဲ့ရသည်။

ပင်ဆယ်ဗေးနီးယားပြည် နယ် နောရစ်တောင်းမြို့ ၀က်စ် အဲယားလိန်းဒေသရှိ လူနေအိမ် ငါးလုံးတွင် ကာဗွန်မိုနောက်ဆိုက် ဓာတ်ငွေ့များ မြင့်မားနေကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် မီးသတ်သမားများက လူများအား ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးခဲ့ရသည်။

ယင်းကဲ့သို့ ကာဗွန်မိုနောက် ဆိုက်များထွက်လာခြင်းမှာ လူနေအိမ်များအနက် တစ်လုံး၏ မြေ အောက်ခန်း တွင် ဖွင့်ထားသော မီးစက်မှ ထွက်လာခြင်းဖြစ်သည်ဟု နောရစ်တောင်းမြို့ မီးသတ်ဌာနအကြီးအကဲ တွမ်အိုဒွန်နယ် က စီဘီအက်စ်သတင်းဌာနအား ပြောကြားသည်။

လျှပ်စစ်ဓာတ်အားပေး ဌာနသို့ ငွေပေးချေခြင်းမရှိသဖြင့် ယင်း အိမ်ကို ယခုလ ၂၁ ရက်ကစ၍ လျှပ်စစ်မီး ဖြတ်တောက်ထားကြောင်းနှင့် အိမ်တွင်နေထိုင်သူများက မီးစက်တစ်လုံး ၀ယ်ယူကာ လျှပ်စစ်ဓာတ်အား ရရှိရန် ဖွင့်ထားခဲ့ကြကြောင်း အိုဒွန်နယ်၏ ပြောကြားချက်ကို ကိုးကား၍ WPVI သတင်းဌာနက ဖော်ပြသည်။

 ကာဗွန်မိုနောက်ဆိုက်မှာ အရောင်အနံ့ မရှိသော ဓာတ်ငွေ့ ဖြစ်ပြီး လောင်စာလောင်ကျွမ်းမှု မှ ထွက်ပေါ် လာတတ်သည်။

ကာဗွန်မိုနောက်ဆိုက် အဆိပ်မိ၍သေဆုံးသူ အမေရိကန် နိုင်ငံသားများမှာ တစ်နှစ်လျှင် ၄၀၀ ကျော်ရှိ ကြောင်း သိရသည်။

ပြီးခဲ့သည့်လကလည်း မယ် ရီလန်းပြည်နယ်တွင် အမျိုးသား တစ်ဦးနှင့် ကလေးခုနစ်ဦးကို သေ ဆုံးလျက် တွေ့ရှိခဲ့ရပြီး ၎င်းတို့မှာ ကာဗွန်မိုနောက်ဆိုက်အဆိပ်မိ၍ သေဆုံးခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ က သံသယ ရှိနေသည်။

Ref: UPI
7Day DAILY 

No comments:

Post a Comment