Tuesday 26 May 2015

အင်္ဂလားဒေ့ရှ်လှေစီးဒုက္ခသည်များကို မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ ပြောင်းရွှေ့

ဘင်္ဂလားဒေ့ရှ်လှေစီးဒုက္ခသည်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ပြန်လည် လွှဲပြောင်းရန် နှစ်နိုင်ငံနယ်စပ်သို့ မေ ၂၅ ရက်က ပို့ဆောင်နေစဉ် (ဓာတ်ပုံ-MOI)
မောင်တောမြို့နယ် အလယ်သံကျော်ကျေးရွာတွင် ထိန်းသိမ်းထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ လှေစီးဒုက္ခသည်များကို ဘင်္ဂလားဒေ့ရှ်နယ်စပ် တောင်ပြိုလက်ဝဲမြို့နယ်ခွဲသို့ မေလ ၂၅ ရက်က ရွှေ့ပြောင်း လိုက်ကြောင်း သတင်းရရှိသည်။

‘‘ညနေ ၃ နာရီလောက်က ရွှေ့ပြီးသွားပြီ။ လွှဲပြောင်းဖို့က ညှိနှိုင်းနေတယ်လို့ သိရတယ်’’ဟု ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့အရာရှိတစ်ဦးက ပြောကြားသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က အဆိုပါဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို ဘင်္ဂလားဒေ့ရှ်တာဝန် ရှိသူများက စိစစ် ပြီးသည်နှင့် ပြန်လည်လွှဲပြောင်း သွားမည်ဖြစ်ကြောင်း 7 Day Daily သို့ ပြောကြားထားသည်။

မေလ ၂၁ ရက်က တပ်မတော်(ရေ)မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၀၀ ဦးပါဝင်သည့် စက်လှေကို မြန်မာ့ရေပိုင်နက်အတွင်း ဖမ်းဆီးရမိ ခဲ့ခြင်းဖြစ်သည်။

7Day DAILY 

No comments:

Post a Comment