Tuesday 26 May 2015

ကိန်းစ်ရုပ်ရှင်ပွဲတော်တွင် ဂုဏ်ရှိန်ကျော်ကြားဆုံးဆုကို Dheepan ဇာတ်ကားဆွတ်ခူး

ပြင်သစ်ဒါရိုက်တာဂျက် အောဒီးယာဒ်ရိုက်ကူးတင်ဆက်သော Dheepan အမည်ရ ပြင်သစ်ဒရာမာ ဇာတ်ကားသည် (၆၈)ကြိမ်မြောက် ကိန်းစ်ရုပ်ရှင်ပွဲတော် ကချီးမြှင့်သော ဂုဏ်ရှိန် ကျော်ကြားဆုံးဖြစ်သည့် Palme d'Or ဆုကို ဆွတ်ခူးရရှိသွားသည်။

ယင်းဒရာမာဇာတ်ကားသည် သီရိလင်္ကာနိုင်ငံကိုစွန့်ခွာ၍ ပြင်သစ်နိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်သော သီရိလင်္ကာတမီလ် ဒုက္ခသည်သုံးဦးအကြောင်း ရိုက် ကူးတင်ဆက်သည့် ဇာတ်ကား ဖြစ်သည်။

ကိန်းစ်ရုပ်ရှင်ပွဲတော်၏ ဆုကြီးမဟာတစ်ခုဖြစ်သော Grand Prize ဆုကို ဟန်ဂေရီဒါရိုက်တာ လက်ဇလိ နင်းမ် ရိုက်ကူးတင်ဆက်သော Son of Saul ဒရာမာဇာတ်ကားက ဆွတ်ခူးရရှိခဲ့သည်။ The Assassin တရုတ်သိုင်းကားဖြင့် တိုင်ပေဒါရိုက်တာဟိုရှီရှင်းက ကိန်းစ်ရုပ်ရှင်ပွဲတော်က ချီးမြှင့်သော အကောင်းဆုံး ဒါရိုက်တာ ဆုရရှိခဲ့သည်။

မက္ကဆီကိုဒါရိုက်တာ မိုက်ကယ်ဖရန်ကိုက အမေရိကန်ဒရာ မာဇာတ်ကား Chronic ဖြင့် ကိန်းစ်ရုပ်ရှင် ပွဲတော်က ချီးမြှင့်သော အကောင်းဆုံးရုပ်ရှင်ဇာတ် ညွှန်းဆုရရှိခဲ့သည်။ ပြင်သစ်သရုပ်ဆောင်မင်းသား ဗင်းဆင့် လင်ဒန်က The Measure of a Man ဒရာမာဇာတ်ကားဖြင့် အကောင်းဆုံးသရုပ်ဆောင်မင်း သားဆုရရှိခဲ့သည်။ Mon Roi ဒရာမာဇာတ်ကားဖြင့် ပြင်သစ်သရုပ်ဆောင်မင်းသမီးအင်မန်နူ ယယ်ဘာကော့နှင့် Carol အချစ် ဇာတ်ကားဖြင့် အမေရိကန်သရုပ် ဆောင်မင်းသမီး ရွန်းနီမာရာတို့ က အကောင်းဆုံးသရုပ်ဆောင် မင်းသမီးဆု ပူးတွဲရရှိခဲ့သည်။

ဂရိဒါရိုက်တာ ယောဂို့စ် လန်းသင်းမို့စ် ရိုက်ကူးသော The Lobster အချစ်ဟာသဇာတ်ကား သည် ကိန်းစ် ရုပ်ရှင်ပွဲတော်ဒိုင်လူ ကြီးအဖွဲ့က ချီးမြှင့်သော Jury Prize ဆုရရှိခဲ့သည်။ ကိန်းစ်ရုပ်ရှင်ပွဲတော်ကို ပြင်သစ်နိုင်ငံ ကိန်းစ်မြို့၌ မေလ ၁၃ ရက်မှ ၂၄ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်သည်။

—Ref: UPI
7Day DAILY 

No comments:

Post a Comment