Tuesday 26 May 2015

မြန်မာကားသီးသန့်ရုပ်ရှင်ပြပွဲစင်္ကာပူနိုင်ငံတွင်ပြုလုပ်မည်

လာမယ့်သြဂုတ်လ (၈) ရက်နေ့မှာတော့ စင်္ကာပူနိုင်ငံမှာ မြန်မာရုပ်ရှင် ပွဲတော်အဖြစ် မြန်မာ ရုပ်ရှင်ကား (၃) ကားကို သွားရောက်ပြသမယ်လို့ စိန်ဌေးရုပ်ရှင်နဲ့ ဗွီဒီယိုထုတ်လုပ်ရေးမှ သိရပါတယ်။ ပြသမယ့် ရုပ်ရှင် ကား (၃) ကားကတော့ စိန်ဌေးရုပ်ရှင်နဲ့ ဗွီဒီယိုထုတ်လုပ်ရေးက ထုတ်လုပ်ထားတဲ့ တိုက်ဆိုင်မှုရှိရင်၊ ကိုတင့်တို့စူပါရပ်ကွက်၊ နင်စေရင်အစရှိတဲ့ ဇာတ်ကားတွေဖြစ်ပါတယ်။

ဒီဇာတ်ကား (၃) ကားကို သွားရောက်ပြသနိုင်ဖို့ စင်္ကာပူအခြေခိုက် ကုမ္ပဏီတွေဖြစ်တဲ့ MSCT Private Ltd (Singapore) နဲ့  The Analytics Co.,Ltd  (TAC) Myanmar တို့နဲ့ မြန်မာဘက်မှ စိန်ဌေးရုပ်ရှင်နဲ့ ဗွီဒီယို ထုတ်လုပ်ရေးတို့က ပူးတွဲစီစဉ် ခဲ့တာပဲဖြစ်ပါတယ်။

အခုလိုပြသရခြင်းဟာလည်း မြန်မာ့ရုပ်ရှင်ကားများကို အာရှနဲ့ ကမ်္ဘာဈေးကွက် ကို ထိုးဖောက်နိုင်ဖို့နဲ့ နိုင်ငံတကာမှာ  ရောက်ရှိနေတဲ့ မြန်မာ့ပရိသတ်တွေအတွက် ရည်ရွယ်ပြီး စီစဉ်ခဲ့တာဖြစ်တယ်လို့ သိရ ပါတယ်။ အခုလို မြန်မာရုပ်ရှင်ကားတွေကိုသီးသန့်အနေနဲ့ ရုပ်ရှင်ပွဲတော်အဖြစ်သွားရောက်ပြသမှုဟာ ပထမဆုံး အကြိမ်ဖြစ်ပြီး ဒီပြပွဲအောင်မြင်ပါက အခြားရုပ်ရှင်ထုတ်လုပ်ရေးတွေအနေနဲ့ နိုင်ငံတကာကို သွားရောက်ပြသဖို့ မျှော်မှန်းနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ 

MRTV-4 

No comments:

Post a Comment