Tuesday 26 May 2015

အစ္စရေးဝန်ကြီးချုပ်ဟောင်း အီဟွတ်အိုမာ့တ် အကျင့်ပျက်ခြစားမှုဖြင့် ထောင်ဒဏ်ရှစ်လ ထပ်မံချမှတ်ခံရ

ဂျေရုစလင်မြို့ ခရိုင်တရားရုံးတွင် အမှုစစ်ဆေးခိုက် အစ္စရေးဝန်ကြီးချုပ် အီဟွတ်အိုမာ့တ်က ရှေ့နေများနှင့် တိုင်ပင်နေစဉ် (AFP) 
အစ္စရေးဝန်ကြီးချုပ်ဟောင်း အီဟွတ်အိုမာ့တ်အား လိမ်လည်မှုနှင့် ယုံကြည်မှုချိုးဖောက်မှုတို့ဖြင့် အစ္စရေး တရားရုံးက မေလ ၂၅ ရက်တွင် ထောင်ဒဏ်ရှစ်လ ချမှတ်လိုက်သည်။

၂၀၀၆ မှ ၂၀၀၉ ခုနှစ်အထိ အစ္စရေးဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော အိုမာ့တ် သည် ကန် လုပ်ငန်းရှင်တစ်ဦးထံမှ အမေရိကန်ဒေါ်လာ တစ်သိန်းခွဲကျော် လက်ခံရယူမှုဖြင့် အမှုပြန်လည်ကြားနာ စစ်ဆေးမှု၌ ပြစ်မှုထင်ရှားခဲ့သည်။

၎င်း၏ရှေ့နေများက ယင်း ဆုံးဖြတ်ချက်ကို အယူခံဝင်သွား မည်ဟု ပြောကြားသည်။

အိုမာ့တ်သည် လာဘ်ပေးလာဘ်ယူမှုတစ်ခုဖြင့်လည်း ပြီးခဲ့သည့်နှစ်က ထောင်ဒဏ်ခြောက်နှစ် ချမှတ်ခြင်း ခံခဲ့ရသည်။

၎င်းသည် အကျင့်ပျက်ခြစားမှုစွဲချက်များကြောင့် ၀န်ကြီးချုပ်ရာထူးမှ နုတ်ထွက်ပေးခဲ့ရပြီး နိုင်ငံ ရေးသမား ဘ၀ အဆုံးသတ်ခဲ့သည်။

အိုမာ့တ်သည် အမေရိကန်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးထံမှ ငွေသားများပါရှိသော စာအိတ်များ လက်ခံ ခဲ့မှုမှ ၂၀၁၂ တွင် တရား သေလွတ်မြောက်ခဲ့သည်။

သို့ရာတွင် ယင်းငွေကြေး များကို ၎င်းလက်ခံခဲ့ကြောင်း ဖော်ပြသည့် အသံဖိုင်များထွက်ရှိလာပြီးနောက် ယခုနှစ် မတ်လတွင် ပြန်လည်ကြားနာစစ်ဆေးမှု ပြု လုပ်ခဲ့ခြင်းဖြစ်သည်။

အသက် (၆၉) နှစ်အရွယ် ၎င်းက ၎င်းသည် အပြစ်ကင်းသည်ဟု အမြဲပြောကြားခဲ့ပြီး ၎င်းအပေါ် စွပ်စွဲချက် များမှာ နိုင်ငံရေး အတိုက်အခံတစ်ဦးကို ဖယ်ရှားသုတ်သင်ခြင်းသာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။

၎င်းသည် ၁၉၉၀ ပြည့်နှစ် ၀န်းကျင်က ဂျေရုစလင်မြို့တော် ၀န်အဖြစ် ဆောင်ရွက်စဉ် အိမ် မြေရာစီမံကိန်း တစ်ခု၌ လာဘ်စားခဲ့သည်ဟု ပြစ်မှုထင်ရှားခဲ့၍ ပြီးခဲ့သည့်နှစ် မေလက ထောင်ဒဏ်ခြောက်နှစ် ချမှတ်ခြင်း ခံခဲ့ရ သည်။

၎င်းသည် လက်ရှိတွင် ယင်း ပြစ်ဒဏ်ကို အယူခံဝင်လျက်ရှိ သည်။

—Ref: BBC

No comments:

Post a Comment