Tuesday 26 May 2015

မလေးရှားရောက် မြန်မာနိုင်ငံသားများ အသွားအလာဆင်ခြင်ရန် မြန်မာသံရုံး သတိပေး

လှေစီးဒုက္ခသည်များနှင့် ပတ်သက်၍မလေးရှားနိုင်ငံတွင် လှုံ့ဆော် ပြောကြားမှုများဖြစ် ပေါ်နေခြင်းကြောင့် မလေးရှား နိုင်ငံရောက် မြန်မာနိုင်ငံသားများသတိဖြင့် သွားလာဆင်ခြင်နေထိုင်ကြရန် မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးက မေလ ၂၅ ရက်၌ သတိပေးချက် ထုတ်ပြန်သည်။

အဆိုပါသတိပေးချက်တွင် မလေးရှားနိုင်ငံ၌ ယခုကာလအ တွင်းဖြစ်ပေါ်နေသော အခြေအ နေနှင့် နိုင်ငံ တကာတွင် လှုံ့ဆော်ချဲ့ကား ပြောကြားမှုများကြောင့် မလိုလားအပ်သည့် ကိစ္စများမဖြစ် ပေါ်ရန် မြန်မာ နိုင်ငံသားများ အသွားအလာအနေအထိုင် ဆင်ခြင်ကြရန်နှင့် တစ်ဦးတည်းမသွားလာဘဲ အုပ်စုဖွဲ့ နေထိုင်သွားလာကြ ရန် တိုက်တွန်းကြောင်း ဖော်ပြ ထားသည်။

‘‘ကြေညာချက် ထုတ်တာ ဟုတ်ပါတယ်။ မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်မှာစိုးလို့ သတိ ပေးတာပါ’’ဟု မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးမှတာဝန်ရှိသူ တစ်ဦးက ပြောသည်။ထို့ပြင် မေလ ၂၅ ရက်တွင် မလေးရှားနိုင်ငံရှိ ပီနန်း၊ ဂျိုဟိုးနှင့် ကွာလာလမ်ပူမြို့တို့ရှိ စက်ရုံများ သို့ မလေးရှား ရဲတပ်ဖွဲ့က ၀င်ရောက် ဖမ်းဆီးခဲ့၍ တရားမ၀င် မြန်မာလုပ်သားအချို့ ဖမ်းဆီးခံ ရကြောင်း သတင်းရရှိသည်။

‘‘ဟိုနေ့ကလည်း မလေးရှား အစ္စလာမ်မစ်ပါတီခေါင်းဆောင်က မြန်မာသံရုံးရှေ့ကို ဆန္ဒပြပြီး မြန်မာတွေ ထွက်သွားဖို့ ပြောဆိုခဲ့တယ်။ နောက်ပြီးလှေစီးဒုက္ခသည်   တွေကိုလည်း မြန်မာနိုင်ငံကလက်  ခံဖို့အတွက် ပြောဆိုဆန္ဒပြခဲ့တာ။ အခုရက်ပိုင်းမှာ အွန်လိုင်းတွေ ပေါ်မှာလည်းသွေးထိုးလှုံ့ဆော်နေ တာတွေရှိနေ တယ်။ အဲဒါကြောင့် မြန်မာသံရုံးက သတိပေးချက် ထုတ်ပြန်တာနေမှာ’’ ဟု မလေး ရှားနိုင်ငံရောက် မြန်မာ လုပ်သား  ကိုမြင့်သိန်းကပြောသည်။

လှေစီးဒုက္ခသည် ဘင်္ဂါလီ များကို မြန်မာအစိုးရက လက်ခံ ပေးရေးနှင့် တရားဝင်လူမျိုးအဖြစ် အသိအမှတ် ပြုရေးအတွက် မ လေးရှားနိုင်ငံ NGO အဖွဲ့နှင့် မ လေးရှားနိုင်ငံဆိုင်ရာ အစ္စလာမ် မစ်ပါတီ (PAS) တို့က ကွာလာ လမ်ပူမြို့ရှိ မလေးရှားနိုင်ငံဆိုင် ရာ မြန်မာသံရုံးရှေ့၌ မေလ ၂၁ ရက်က လာရောက် တောင်းဆို ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြသူများသည် မြန်မာသံအမတ်ကြီးနှင့် တွေ့ဆုံလိုကြောင်း အတင်းအကျပ်တောင်း ဆိုခဲ့ကြပြီး ၎င်းတို့ တောင်းဆိုသော စာချွန်လွှာကို မြန်မာသံရုံးက လက်မခံသောကြောင့် သံရုံးဂိတ်တံခါးကို တွန်းထိုးလှုပ်ယမ်း ခြင်း၊ စာချွန်လွှာကိုဆုတ်ဖြဲကာ သံရုံးဝင်းအတွင်းသို့ ပစ်သွင်းခြင်းစသည်ဖြင့် ကြမ်းတမ်းစွာဆန္ဒပြ တောင်း ဆိုခဲ့ကြောင်း မလေးရှား နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တာ ၀န်ရှိသူတစ်ဦးက ပြောသည်။

ယင်းဆန္ဒပြမှုပြုလုပ်ပြီးနောက်ပိုင်း မလေးရှားနိုင်ငံသားများက မြန်မာလုပ်သားများကို တိုက်ခိုက်ရန် အွန်လိုင်းပေါ်တွင် သွေးထိုးလှုံ့ဆော်မှုများပြုလုပ်နေကြောင်း မလေးရှားရောက် မြန်မာလုပ်သားများက ပြောသည်။

7Day DAILY 

No comments:

Post a Comment