Tuesday 26 May 2015

လှေစီးဒုက္ခသည် ၂၀၀ ကယ်ဆယ်ခဲ့သော မြန်မာကို ကုလသမဂ္ဂချီးကျူး

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား လှေစီးဒုက္ခသည် ၂၀၀အား ကယ်ဆယ်ခဲ့သဖြင့် မြန်မာကိုကုလသမဂ္ဂက အသိ အမှတ်ပြုချီးကျူး လိုက်ပြီး ရှာဖွေကယ်ဆယ်မှုများ ဆက်လက်လုပ်ဆောင်ရန် တိုက်တွန်းကြောင်း ရန်ကုန်ရှိ ကုလသမဂ္ဂလူသားချင်းစာနာထောက် ထားမှုဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးရုံးက ကြေညာချက်ထုတ် ပြန်သည်။

ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ်မစ္စ တာ ဗီဂျေနမ် ဘီးယား၊ ကုလသ မဂ္ဂဌာနေ ညှိနှိုင်းရေးမှူး မစ္စရေ နာတာဒေဆာလင်း၊ ကုလသမဂ္ဂ ဆိုင်ရာ အဖွဲ့အစည်းများမှတာဝန် ရှိသူများသည် မေလ ၂၃ ရက်က ရခိုင်ပြည်နယ် အလယ်သံကျော် ရွာ ယာယီစခန်းရှိ လှေစီးဒုက္ခ သည်များအား သွားရောက်ကြည့် ရှုပြီးနောက် ယခုကဲ့သို့ ထုတ်ပြန် လိုက်ခြင်းဖြစ်သည်။

‘‘မေလ ၂၁ ရက်က မြန်မာ့ ရေပြင်မှာ ၂၀၀ ကျော်ကို ကယ် ဆယ်ခဲ့တဲ့ ဒီအရေးပါတဲ့ ကယ် ဆယ်မှုအတွက် မြန်မာပြည် ထောင်စု အစိုးရကိုရော၊ ရခိုင် ပြည်နယ်အစိုးရကိုရော ကုလသ မဂ္ဂက ချီးကျူးပါတယ်’’ဟု ကြေ ညာချက်တွင် ပါရှိသည်။

ကယ်ဆယ်ခဲ့သော ရွှေ့ ပြောင်းသူများအနက် ၂၀၀ဦးမှာ ဘင်္ဂလားဒေ့ရှ် လူငယ်အမျိုးသားများဖြစ်သည်ဟု ယုံကြည်ရ ကြောင်း၊ ယင်းအနက် ၁၉ ဦးမှာ အသက် (၁၅)နှင့် (၁၇)နှစ်အရွယ် များဖြစ်ကြောင်း ကုလက ဖော်ပြခဲ့သည်။ ပင်လယ်တွင် မျောပါနေ သော ရွှေ့ပြောင်းသူများကို နိုင်ငံ သား မရွေးကယ်ဆယ်မှုပြုလုပ်ခဲ့ ကြောင်း မစ္စတာ နမ်ဘီးယားက အသိအမှတ် ပြုခဲ့သည်ဟု ဆို သည်။ များပြားလှသည့် ရွှေ့ ပြောင်းသူများ ပင်လယ်ပြင်၌ မျောပါနေဆဲဖြစ်ကြောင်း ယုံကြည်ရ၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်ရန် မြန်မာအစိုးရအား ၎င်းကတိုက် တွန်းခဲ့သည်။

ရွှေ့ပြောင်းသူများကို မှောင်ခိုကူးခြင်း၊ လူကုန်ကူးခြင်း၊မြန်မာနှင့်တကွ ဒေသကိုပါသက်ရောက်နေသော ပုံမှန်မဟုတ်သည့် ရွှေ့ပြောင်းခြင်း တို့ဆိုင်ရာ အခြေအနေစိုးရိမ်ရမှုကို နှစ်ဖက်ဆွေးနွေးခဲ့ကြပြီး ဒေသ တစ် လျှောက် ထိုကဲ့သို့ ကျူးလွန်မှုများ၌ ပါဝင်သော ပွဲစားများ၊ ရာဇ၀တ် ဂိုဏ်းများကို တိုက်ဖျက်ရေးအတွက် ညီညွတ်သော စုပေါင်းလုပ်ဆောင်မှု လိုအပ်ကြောင်း နှစ်ဖက်သဘောတူညီခဲ့သည်။

ဤအရေးပြဿနာများကိုဖော်ထုတ်ရန် မြန်မာအစိုးရအား ထောက်ခံမည်ဟု ကုလက ကမ်းလှမ်းခဲ့ပြီး နိုင်ငံတော်အဆင့်ရော ဒေသအဆင့်ပါ ဤစိန်ခေါ်မှုများကို ကိုင်တွယ်ရေးအရေးပါကြောင်း နှစ်ဖက် သဘောတူခဲ့ကြ၏။ ထို့အပြင် မေလ ၂၉ ရက်၌ ထိုင်းနိုင်ငံ တွင်ပြုလုပ်မည့် အစည်းအဝေး၌ ပါဝင်မည် ဖြစ် ကြောင်း မြန်မာအ စိုးရ၏ အတည်ပြုချက်ကိုလည်း ကုလက ကြိုဆိုခဲ့သည်။

7Day DAILY 

No comments:

Post a Comment