Tuesday 26 May 2015

ဆီးရီးယားသူပုန်များအား လေကြောင်းအကူအညီပေးရေး အမေရိကန်နှင့် သဘောတူညီမှုရဟု တူရကီပြော

ဆီးရီးယားနိုင်ငံ၏ အဓိကအတိုက်အခံအဖွဲ့မှ တပ်ဖွဲ့အချို့ကို လေကြောင်းအကူအညီပေးရန် အမေရိကန် နှင့် တူရကီနိုင်ငံတို့မူအားဖြင့် သဘောတူညီလိုက်ကြောင်း တူရကီနိုင်ငံ ခြားရေးဝန်ကြီးက ပြောသည်။

တူရကီနိုင်ငံအတွင်း အမေရိကန်ဦးဆောင်သောအဖွဲ့က လေ့ကျင့်သင်ကြားပေးနေသည့် ဆီးရီးယားသူပုန် များအား ကာကွယ်ရန် လေကြောင်းအကူအညီပေးသွားမည်ဖြစ်ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီး ကာဗူဆိုလူက ပြောကြားသည်။

အချိန်ကြာမြင့်စွာ ကြန့်ကြာ နေခဲ့သည့် လေ့ကျင့်သင်ကြားရေး အစီအစဉ်မှာ အစ္စလာမ်မစ်နိုင်ငံ တော် (အိုင်အက်စ်) အဖွဲ့ကို တိုက် ခိုက်ရန် ဆီးရီးယား နိုင်ငံသို့ တပ် ဖွဲ့ဝင် ၁၅,၀၀၀ စေလွှတ်ရေး ရည်ရွယ်ခြင်း ဖြစ်သည်။

အကူအညီပေးရေး အစီအစဉ်သည် ဆီးရီးယားသမ္မတ ဘာရှား အယ်လ်အာဆတ်အပေါ် သစ္စာခံသော တပ်ဖွဲ့များကို တိုက်ခိုက်မှု အပါအ၀င် ပြီးပြည့်စုံသည့် မဟာဗျူဟာ တစ်စိတ်တစ်ပိုင်း ဖြစ်ရမည်ဟု တူရကီ နိုင်ငံ ကပြောသည်။

ဝါရှင်တန်က အာဆတ်ကို ဆန့်ကျင်ကြောင်း ဆက်လက် ပြောကြားထားသော် လည်း လေ့ ကျင့်သင်ကြား ပေးမှု၏ ရည်ရွယ်ချက်မှာ အိုင်အက်စ်စစ်သွေးကြွများကို ချေမှုန်းရန်သာဖြစ်သည်ဟု ပြောကြားထားသည်။

အိုင်အက်စ်အဖွဲ့ကို တိုက်ခိုက်ရေး ဦးစားပေးဆောင်ရွက်ထားစဉ် ဆီးရီးယားအစိုးရကိုလည်း တားဆီးရမည် ဟု ကာဗူဆိုလူက ထပ်လောင်းပြောသည်။

ဆီးရီးယားနိုင်ငံတွင် တူရကီနှင့် ဆော်ဒီအာရေးဗီးယားနိုင်ငံ တို့ ပူးပေါင်း၍ စစ်ဆင်ရေးပြုလုပ်မည်ဆိုသော သတင်းကို နိုင်ငံခြားရေးဝန်ကြီး ကာဗူဆိုလူက ပယ်ချလိုက်သည်။ 

—Ref: Reuters
7Day DAILY 

No comments:

Post a Comment