Tuesday 26 May 2015

ပြည်ခိုင်ဖြိုး ဗဟိုကော်မတီအစည်းအဝေးတွင် သမ္မတလောင်းရွေးချယ်ရေး ဆွေးနွေးဖွယ်ရှိ

ယခုလ နောက်ဆုံးပတ်တွင် ကျင်းပမည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဗဟိုကော်မတီ အစည်း အဝေး၌ သမ္မတလောင်းရွေးချယ်ခြင်းနှင့် ပါတီမှ ၀င်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များလျာထား သတ် မှတ်ခြင်းကို ထည့်သွင်းဆွေးနွေးဖွယ်ရှိကြောင်း ဗဟိုကော်မတီဝင် အချို့ထံမှ သတင်းရရှိသည်။

နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဗဟိုရုံးချုပ်၌ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဒုတိယအကြိမ် ဗဟိုကော်မတီ အစည်းအဝေးကို မေလ၂၉၊ ၃၀ ရက်တို့တွင် နှစ်ရက်တိတိ ကျင်းပပေးမည် ဖြစ်သည်။

‘‘သမ္မတလောင်းရွေးချယ်ဖို့  ဘယ်သူ့ကိုလျာထားတယ်ဆိုတာ ပါလာနိုင်တယ်။ ဒီထက်နောက်ကျရင် မကောင်းတော့ဘူးလေ’’ ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီဗဟိုကော်မတီဝင် အမျိုးသား လွှတ်တော် ကိုယ်စား လှယ် ဦးလှဆွေကပြောကြားသည်။

၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် အသက်အရွယ် ကြီးသူများအား အနားပေးကာ လူလတ်ပိုင်းအရွယ်နှင့် ကိုယ်စားလှယ်အသစ်များကို ဦးစားပေး၍ ၀င်ရောက် ယှဉ်ပြိုင် မည်ဖြစ်ကြောင်း ဦးလှဆွေကဆိုသည်။

ထို့အပြင် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏တိုင်း နှင့်ပြည်နယ်အလိုက်လုပ်ဆောင် ချက်များကို အစီရင်ခံစာဖတ်ရန်နှင့် လုပ်ဆောင်ချက်များ တင်ပြရန် ကြိုတင်ပြင်ဆင်ထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဗဟိုကော်မတီဝင်ဦးသာဝင်းကဆိုသည်။

လာမည့် ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် မဲဆန္ဒနယ်များ၌ ၀င်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။

7Day DAILY 

No comments:

Post a Comment