Thursday 23 April 2015

ယူကရိန်း အပစ်ရပ်ရေးတွင် ရုရှက စည်းကမ်းချိုးဖောက်နေဟု အမေရိကန် စွပ်စွဲ

ယူကရိန်းအရှေ့ပိုင်းတွင် ရုရှနိုင်ငံက လေကြောင်း ကာကွယ်ရေးစနစ်များ ပိုမိုတိုးချဲ့ဖြန့်ကြက်လျက် ရှိခြင်း ဖြင့် အပစ်ရပ်သဘောတူညီမှုကို ချိုးဖောက်နေသည်ဟု အမေရိကန်က စွပ်စွဲပြောဆိုလိုက်သည်။

ရုရှက ခွဲထွက်ရေးတပ်ဖွဲ့များကို လေ့ကျင့်သင်ကြားပေးခြင်းနှင့် နယ်စပ်တစ်လျှောက်တွင် တပ်ဖွဲ့များ တည်ဆောက်လျက် ရှိကြောင်းလည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောသည်။

အမေရိကန်၏ ယခုစွပ်စွဲချက်နှင့် ပတ်သက်ပြီး ရုရှနိုင်ငံက တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်း မရှိသေးပေ။

ယူကရိန်းအရှေ့ပိုင်းတွင် ယူကရိန်းတပ်ဖွဲ့များနှင့် ရုရှထောက်ခံသည့်သူပုန်များကြား အပစ်ရပ်ရေး သဘော တူညီမှုကို အနောက်နိုင်ငံများ ကြားဝင်စေ့စပ်မှုဖြင့် ဖေဖော်ဝါရီလအတွင်းက မင့်စ်မြို့တွင် ချုပ်ဆိုထားနိုင် ခဲ့ခြင်း ဖြစ်သည်။

ရုရှနိုင်ငံဖက်က သူပုန်များကို လက်နက်တပ်ဆင်ပေးခြင်းနှင့် နယ်စပ်မှဖြတ်၍ ရုရှတပ်ဖွဲ့များ ပို့လွှတ်ခြင်းတို့ လုပ်ဆောင်နေသည်ဟု ယူကရိန်းတို့ဖက်က စွပ်စွဲထားသော်လည်း ယင်းပြောဆိုချက်ကို ရုရှနိုင်ငံက ငြင်းဆန်သည်။

REF : BBC

No comments:

Post a Comment