Thursday 23 April 2015

လက်ပံတန်းတရားရုံးတွင် ဖမ်းဆီးခံကျောင်းသားများကို ယနေ့ရုံးထုတ်မည်

မဖြိုးဖြိုးအောင်၊ ကိုမင်းသွေးသစ်တို့အပါအဝင် သာယာဝတီအကျဉ်းထောင် တွင် ဖမ်းဆီးခံထားရသည့် ကျောင်းသားများကို ယနေ့ ဧပြီ ၂၃ရက်တွင် လက်ပံတန်း တရားရုံး၌ စတုတ္ထအကြိမ် ရုံးထုတ်မည်ဖြစ်သည်။

ယခင် ရုံးထုတ်များတွင် ကျောင်းသားများကို စစ်ဆေးမှု မရှိသေးပေ။

လက်ပံတန်းတွင် အကြမ်းဖက်ဖမ်းဆီးပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဘုန်းမြင့် က ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၃၃၂နှင့် ပုဒ်မ ၅၀၅(ခ)တို့ဖြင့် တရားစွဲဆိုခံထားရသည့် ကျောင်းသား ၆၉ဦးကို ဧပြီ ၇ရက်က တတိယ အကြိမ် ရုံးထုတ်ခဲ့ခြင်း ဖြစ်သည်။ 

Mizzima - News in Burmese 

No comments:

Post a Comment