Thursday 23 April 2015

မြန်မာနိုင်ငံမြောက်ပိုင်းကိစ္စတွင် နိုင်ငံရေးအရ ဖြေရှင်းမှုကို ထောက်ခံမည်ဟု တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတရှီကျင့်ဖျင် ပြောကြား

မြန်မာနိုင်ငံမြောက်ပိုင်း အရေး ကိစ္စကို အေးချမ်းစွာညှိနှိုင်းသော နည်းလမ်းဖြင့် နိုင်ငံရေးအရ ဖြေရှင်း ရန် ကြိုးပမ်းခြင်းကို တရုတ်က ပံ့ပိုး ကူညီပေး သွားမည်ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်က ဧပြီ ၂၂ ရက်၌ ပြော ကြားကြောင်း ဆင်ဟွာသတင်းဌာ နက ဖော်ပြသည်။

ဧပြီ ၂၂ ရက်က ဂျကာတာတွင် ဖွင့်လှစ်သည့် အာရှ-အာဖရိက ထိပ်သီးအစည်းအဝေးတွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့် ဖျင်နှင့် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့ သီးခြား တွေ့ဆုံဆွေးနွေးစဉ် ရှီကျင့်ဖျင်က အထက်ပါအတိုင်းပြောကြား ခြင်းဖြစ်သည်ဟု ဆင်ဟွာသတင်း က ဖော်ပြခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် အားအလွန် ကောင်းသော ငြိမ်းချမ်းရေးလုပ်ငန်း စဉ်သစ်ကို ဆောလျင်စွာတွေ့မြင်ရ မည်ဟု တရုတ်ဘက်က မျှော် လင့် ကြောင်း ရှီက ဖော်ပြသည်။

မြန်မာနိုင်ငံ မြောက်ပိုင်းတွင် တည်ငြိမ်အေးချမ်းရေးနှင့် လူပုဂ္ဂိုလ် များ လုံခြုံစိတ်ချရေးကို မြန်မာအစိုး ရက ကာကွယ်စောင့်ရှောက်လျက်ရှိ ပြီး နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ ဖြစ်မြောက်ရေး ကြိုးပမ်းနေစဉ် ဒေ သ ပြန်လည်တည်ဆောက်ရေးကိုလည်း အရှိန်မြှင့်ဆောင်ရွက် မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြောကြားခဲ့သည်။

Ref: Xinhua
‎Democracytoday‬

No comments:

Post a Comment