Thursday 23 April 2015

ကန့်ဘလူတွင် စတုဒိသာပွဲမှ ချက်ကျွေးသော ထမင်းနှင့် ဟင်းအား စားသုံးအပြီး လူ ၁၀၀ ကျော် ဆေးရုံရောက်

စစ်ကိုင်းတိုင်းဒေသ ကြီး ကန့်ဘလူမြို့ရှိ ရွှေတောင်ဦး သီလရှင်တိုက်တွင် ဧပြီ ၂၂ရက် နံနက်ပိုင်းက ပြုလုပ်သော ပဋ္ဌာန်း သိမ်းအောင်ပွဲ၌ စတုဒိသာအဖြစ် ကျွေးမွေးသော ထမင်းနှင့် ဟင်းများ အား စားသုံးပြီးနောက် လူ ၁၀ဝကျော် ခန့် အော့အန်ခြင်း၊ ဝမ်းလျှောခြင်း များ ဖြစ်သဖြင့် ကန့်ဘလူဆေးရုံကြီးသို့ တက်ရောက်ကုသခံနေရကြောင်း သိရသည်။

''ကျွေးတာကတော့ ငါးခြောက်၊ ပဲစမ့်ချက်၊ သရက်ချဉ်နဲ့ မှန်ရောင် ဟင်းချိုပါ၊ စားပြီးပြန်သွားတဲ့အခြား ရွာကလူတွေလဲရှိတယ်။ လူကြီးတွေ ကတော့ အန်တာတွေဖြစ်တယ်။ ကလေးတွေကတော့ ဝမ်းလျှော တယ်။ အသက်ဆုံးရှုံးတဲ့သူတော့ မရှိသေး ဘူး''ဟု ကန့်ဘလူမြို့ခံတစ်ဦးဖြစ်သူ ဦးခိုင်ထွန်းက ပြောသည်။

ယင်းဖြစ်ရပ်အား အစာအဆိပ် သင့်မှုဟုတ်မဟုတ် မသိရှိရသေး ဘဲ ရောက်လာသော လူနာများအား ကု သပေးနေပြီး၊ နယ်ဘက်မှလာရောက် စားသုံးသူများလည်း ဆေးရုံကြီးသို့ လာရောက်ဆေးကုသ ခံနေ ကြောင်း မြို့ခံများထံမှ သိရသည်။

ကန့်ဘလူဆေးရုံကြီးမှ ဆရာမ တစ်ဦးက ''ခုထိ လူနာတွေလာနေ သေးတော့ ဘယ်လောက် ဆေးရုံ တက်ရတယ်ဆိုတာ အတိအကျမပြော နိုင်သေးပါဘူး ရှင်။ ၁၀၀ တော့ကျော် နေပြီ။ တချို့ကလဲ အန်နေ တော့ ဆေးရုံက ဆရာ ဝန်တွေလဲ ဆက်တိုက်ကု သပေးနေရပါတယ်။ အိမ်ရောက်မှ လာတက်တဲ့ သူတွေ ရောပေါ့။ အဲဒီ မှာကျွေးတဲ့ဟင်းတွေကို ဓာတ်ခွဲစစ် ဆေးဖို့ ယူထားပါတယ်''ဟု ဧပြီ ၂၂ ရက်က ဒီမိုကရေစီ တူဒေးသတင်းစာ၏ ဆက်သွယ်မေးမြန်းမှုကို ပြန် လည်ဖြေကြားခဲ့သည်။

KTS
‎Democracytoday‬

No comments:

Post a Comment