Thursday 23 April 2015

အာရှ-အာဖရိကနိုင်ငံများအကြား ပိုမိုတည်ငြိမ်အေးချမ်းမှုနှင့် သာယာဝပြောမှုကို ရှေးရှုပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု ဆက်လက်တိုးမြင့်စေရန်နှင့် အဓွန့်ရှည်တည်တံ့စေရန် ကတိပြု

အာရှ-အာဖရိက နိုင်ငံများအကြား ပိုမိုတည်ငြိမ်အေးချမ်းမှုနှင့် သာယာ ဝပြောမှုကိုရှေးရှုပြီး ဖွံ့ဖြိုးဆဲ နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု ဆက်လက် တိုးမြင့်စေရန်နှင့် အဓွန့်ရှည်တည်တံ့စေရန် မိမိတို့ထပ်မံ ကတိပြု ပါကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန် က ပြောကြားလိုက်သည်။


အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အဖွဲ့ဝင်များနှင့် အတူ ဂျကာတာမြို့ရှိ ကွန်ဗင်းရှင်းစင်တာ တွင် ဧပြီ ၂၂ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲက စတင်ဖွင့်လှစ်သည့် (၁၀)နှစ်ပြည့် အာရှ-အာဖရိကထိပ်သီးညီလာခံဖွင့်ပွဲနှင့် မျက်နှာစုံညီအစည်း အဝေးသို့ တက်ရောက်ခဲ့ပြီး နိုင်ငံတော်သမ္မတဦးသိန်းစိန်က မိန့်ခွန်းပြော ကြားရာတွင် ယင်းကဲ့သို့ ပြောကြား လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ထိပ်သီးညီလာခံတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်က ''လွန် ခဲ့သည့် နှစ်ပေါင်း ၆၀ အတွင်း ဒုတိ ယကမ္ဘာစစ်အပြီး စစ်အေးတိုက်ပွဲ ကာလတွင် အာရှ-အာဖရိကနှင့် လက်တင်အမေရိကနိုင်ငံများသည် နိုင်ငံလွတ်မြောက်ရေးနှင့် လွတ်လပ် ရေးရရှိရန် ရုန်းကန်လှုပ်ရှားတိုက်ပွဲ ဝင်ခဲ့ကြပါကြောင်း၊ ထိုကာလအတွင်း လွတ်လပ်ရေးရပြီးစနိုင်ငံများ၏ တူညီထက်သန်သည့်ဆန္ဒမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု များတွင် နိုင်ငံ၏အ ချုပ်အခြာကို တန်းတူညီမျှမှုနှင့် အ ပြန်အလှန်လေးစားမှုကို အခြေခံသည့် နိုင်ငံတကာဆက်ဆံရေးပုံစံသစ်တည် ဆောက်ရန်ဖြစ်ပါကြောင်း၊ လွတ်လပ် ပြီးစနိုင်ငံများ၏ ထက်သန် ပြင်းပြ သည့် ရည်မှန်းချက်များကို တုံ့ပြန်သည့် အနေဖြင့် အာရှ-အာဖရိကနိုင်ငံများ မှ ခေါင်းဆောင်များ သည် စည်းလုံး ညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေခံမူများအနက် အဓိကရပ်တည် ချက်ဖြစ်သည့် ၁၉၅၅ ခုနှစ် အာရှ-အာဖရိကညီလာခံတွင် ချမှတ်ခဲ့သည့် ဘန်ဒေါင်း အခြေခံမူ (၁၀)ချက်ကို မဟာဗျူဟာ မြောက် ရည်မှန်းချက် သမိုင်းမှတ်တိုင်အဖြစ် ရဲဝံ့စွာဖော် ထုတ်ခဲ့ကြပါကြောင်း၊ ဘန်ဒေါင်း အ ခြေခံမူ (၁၀) ချက်သည် ကမ္ဘာ့ငြိမ်း ချမ်းရေးနှင့် ပူးပေါင်းဆောင်ရွက် ရေးကို ထိန်းသိမ်းရန်ဆိုသည့် ကုလ သမဂ္ဂအဖွဲ့ကြီး၏ ပဋိညာဉ်စာတမ်း ပါ မွန်မြတ်သည့်ရည်ရွယ်ချက်နှင့် အခြေခံမူများနှင့်အညီ လက်ရှိအဖွဲ့ ဝင် နိုင်ငံ ၁၂၀ ရှိသည့် ဘက်မလိုက် လှုပ်ရှားမှုကို ပေါ်ပေါက်စေခဲ့ပါကြောင်း၊ မြန် မာနိုင်ငံသည် အိမ်ရှင် အင်ဒိုနီးရှားနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ ပါကစ္စတန်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ နှင့်အတူ ၁၉၅၅ ခုနှစ်တွင် ပထမဆုံး ဘန်ဒေါင်းညီလာခံကို ပူးတွဲအဆိုပြု ခဲ့သည့် ငါးနိုင်ငံထဲမှာပါဝင်သည်ကို ဂုဏ်ယူစွာပြော ကြားလိုပါကြောင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် သာယာဝပြောမှုတိုး တက်စေရေးအတွက် ဖွံ့ဖြိုးဆဲ နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု မြှင့် တင်ခြင်းခေါင်းစဉ်နှင့် အာရှ- အာဖရိကညီလာခံ၏ နှစ် (၆၀) ပြည့် အထိမ်း အမှတ် (ဘန်ဒေါင်းညီလာခံ) ကို အမှတ်ရစေရန် မိမိတို့အားလုံး ဤနေရာတွင် ရောက်ရှိနေခြင်းအ တွက် ကျေနပ်အားရဖြစ်မိပါကြောင်း၊ အာရှ- အာဖရိက နိုင်ငံများအကြား ပိုမိုတည်ငြိမ်အေးချမ်းမှုနှင့် သာယာ ဝပြောမှုကိုရှေးရှုပြီး ဖွံ့ဖြိုးဆဲနိုင်ငံ များ ပူးပေါင်းဆောင်ရွက်မှု ဆက် လက်တိုးမြှင့်စေရန်နှင့် အဓွန့်ရှည် တည်တံ့စေရန် မိမိတို့ ထပ်မံ ကတိ ပြုပါကြောင်း'' မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင်ကျင်းပသည့် (၁၀)နှစ်ပြည့် အာရှ-အာဖရိက ထိပ်သီးညီလာခံ ဖွင့်ပွဲ အခမ်း အနားကို နိုင်ငံတော်သမ္မ တဦးသိန်းစိန်၊ အင်ဒိုနီးရှားနိုင်ငံသမ္မ တ မစ္စတာဂျိုကိုဝီဒိုဒို၊ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံသမ္မတ မစ္စတာရှီကျင့် ဖျင်၊ ဘင်္ဂလားဒေ့ရှ်သမ္မတနိုင်ငံဝန် ကြီးချုပ် ရှိတ်ဟာဆီနာ၊ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မစ္စတာနရိန္ဒြာမိုဒီ၊ ပါကစ္စ တန်နိုင်ငံဝန်ကြီးချုပ် မစ္စတာနဝပ်ရှာ ရစ်၊ ဂျပန်နိုင်ငံဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေး၊ ကိုရီးယားသမ္မတနိုင် ငံသမ္မတ မစ္စပတ်ဂွမ်ဟေး၊ ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ ဘုရင်ဆူလ်တန် ဟာဂျီဟာ ဆာနာဘိုကီးယားမူအစ် ဇာဒင်ဝါဒိုလာ၊ ကမ္ဘောဒီးယားဝန် ကြီးချုပ် ဆမ်ဒက်ဟွန်ဆန်၊ လာအို နိုင်ငံဝန်ကြီးချုပ် မစ္စတာသွန်ဆင်း သမာဗောင်၊ မလေးရှားနိုင်ငံဝန်ကြီး ချုပ် ဒါတွတ်ဆရီမူဟာမက်နာဂျစ် ဘင်တွန်း အဗ္ဗဒူလ်ရာဇတ်၊ ဖိလစ် ပိုင်နိုင်ငံသမ္မတ မစ္စတာဘီနင်နိုအ ကွီနို၊ ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် ငုယင်တန်ဇွန်း၊ စင်ကာပူနိုင်ငံဝန် ကြီးချုပ် မစ္စတာလီရှန်လွန်း၊ ထိုင်းနိုင် ငံဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာ၊ နိုင်ဂျီးရီးယားနိုင်ငံ၊ အယ်လ်ဂျီးရီးယားနိုင်ငံ၊ မွန်ဂိုလီးယားနိုင်ငံ၊ တောင် အာဖရိကနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော် တို့မှ နိုင်ငံ့ခေါင်းဆောင် များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ယင်းနောက် အာရှ-အာဖရိက ထိပ်သီးညီလာခံများ၏ မျက်နှာစုံညီ အစည်းအဝေးကို ဒေသစံတော်ချိန် ယနေ့နံနက် ၁၀ နာရီက စတင်ကျင်း ပရာ ပထမမြောက်နေ့အနေဖြင့် သုံး ကြိမ်တိုင်တိုင် ဆွေးနွေးမှုများ ပြုလုပ် ခဲ့ပြီးနောက် နိုင်ငံတော်သမ္မတဦးသိန်း စိန်နှင့် အဖွဲ့ဝင်များသည် အင်ဒိုနီး ရှားနိုင်ငံသမ္မတ ဂျိုကိုဝီဒိုဒိုက ထိပ်သီး ညီလာခံသို့ တက်ရောက်လာသည့် နိုင်ငံ့ခေါင်းဆောင်များအား ဂုဏ်ပြု သည့် ညစာ စားပွဲသို့ တက်ရောက် ကြောင်း သိရသည်။

‎Democracytoday‬

No comments:

Post a Comment