Friday 23 January 2015

သဘောထားကွဲလွဲမှုများရှိနေသော်လည်း သမိုင်းဝင်ဆွေးနွေးပွဲ၏ ပထမနေ့ အား ကျူးဘား-အမေရိကန်နှစ်ဖက်စလုံးက အကောင်းမြင်

Photo: သဘောထားကွဲလွဲမှုများရှိနေသော်လည်း သမိုင်းဝင်ဆွေးနွေးပွဲ၏ ပထမနေ့ အား ကျူးဘား-အမေရိကန်နှစ်ဖက်စလုံးက အကောင်းမြင်
Friday, January 23, 2015

ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ မူဝါဒများနှင့်ပတ်သက်၍ သဘော ထားကွဲလွဲမှုများရှိနေသော်လည်း ဟာဗားနားမြို့တွင် ဗုဒ္ဓဟူးနေ့၌ ပြု လုပ်ခဲ့သည့် နှစ်ရက်ကြာသမိုင်းဝင် ဆွေးနွေးပွဲ၏ ပထမဆုံးနေ့သည် အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း အမေ ရိကန်နှင့် ကျူးဘားအရာရှိများ၏ ပြောကြားမှုကို င်္ဗဏ သတင်းတွင် ဖော်ပြထားသည်။

ဗုဒ္ဓဟူးနေ့ ဆွေးနွေးပွဲ၌ ကျူး ဘားနိုင်ငံသားများ အမေရိကန်နိုင်ငံ တွင်းသို့ ရွှေ့ပြောင်းဝင်ရောက်နေ ထိုင်ခြင်းနှင့်ပတ်သက်၍ ကြီးမား သည့် ကွဲလွဲမှုများရှိနေခဲ့သော်လည်း ယင်းသည် အပြုသဘောဆောင်၍ အကျိုးရှိသော ဆွေးနွေးပွဲဟု နှစ်ဖက် စလုံးက လက်ခံခဲ့သည်။

နှစ်နိုင်ငံ ဆက်ဆံရေးကို ပုံမှန်အတိုင်း ပြန် ဖြစ်အောင်ဆောင်ရွက်တော့မည်ဟု အမေရိကန်သမ္မတနှင့် ကျူးဘား ခေါင်းဆောင် တို့က ကြေညာခဲ့ပြီး နောက် ယခုဆွေးနွေးပွဲမှာ ပထမ ဆုံးပေါ်ပေါက်လာခြင်းဖြစ်ပြီး ၃၅ နှစ်အတွင်း ကျူးဘားမြေပေါ်သို့ ပထမ ဆုံး ရောက်ရှိလာသော အမေရိ ကန်အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ က ကျူးဘားအရာရှိများနှင့် ဗုဒ္ဓဟူး နှင့် ကြာသပတေးနေ့ တို့တွင် ဆွေး နွေးရန် စီစဉ်ထားသည်။

ဗုဒ္ဓဟူးနေ့ တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပတ် သက်၍ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ ဗုဒ္ဓဟူးနေ့ဆွေးနွေးပွဲ၏ အဓိက အ ကြောင်း အရာမှာ အမေရိကန်နိုင်ငံ ၏ ကျူးဘားနိုင်ငံသားများအပေါ် ချ မှတ်ထားသည့် မူဝါဒဖြစ်သည်။ ကျူး ဘားနိုင်ငံသားများသည် လှေ ငယ် လေးများဖြင့် ဖလောရီဒါသို့မကြာ ခဏခိုးဝင်ကြသည်။

အမေရိကန်၏ မူဝါဒအရ ၎င်းတို့နိုင်ငံတွင်းသို့ရောက် ရှိလာသည့် မည်သည့်ကျူးဘားနိုင်ငံ သားကိုမဆို ချက်ချင်း အမြဲတမ်းနေ ထိုင်ခွင့်ပေးပြီး ပင်လယ်တွင် ဖမ်းမိ သူများကို နေရပ်ပြန်ပို့သည်။

ယင်း မူဝါဒကို ကျူးဘားဘက်က ဖျက်သိမ်း လိုနေပြီး ယင်းကို ဗုဒ္ဓဟူးနေ့တွင် ဆွေး နွေးခဲ့သော်လည်း သဘောတူညီမှု တစ်စုံတစ်ရာရရှိခဲ့ခြင်း မရှိပေ။

နှစ်နိုင်ငံအရာရှိများသည် ကြာ သပတေးနေ့တွင် နှစ်နိုင်ငံသံတမန် ဆက်ဆံရေးပြန်လည်စတင်ရန် ဆွေး နွေးသွား မည်ဟု သိရသည်။

Ref : AFP
Democracytoday
ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ မူဝါဒများနှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများရှိနေသော်လည်း ဟာဗားနားမြို့တွင် ဗုဒ္ဓဟူးနေ့၌ ပြု လုပ်ခဲ့သည့် နှစ်ရက်ကြာသမိုင်းဝင် ဆွေးနွေးပွဲ၏ ပထမဆုံးနေ့သည် အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း အမေ ရိကန်နှင့် ကျူးဘားအရာရှိများ၏ ပြောကြားမှုကို င်္ဗဏ သတင်းတွင် ဖော်ပြထားသည်။

ဗုဒ္ဓဟူးနေ့ ဆွေးနွေးပွဲ၌ ကျူးဘားနိုင်ငံသားများ အမေရိကန်နိုင်ငံ တွင်းသို့ ရွှေ့ပြောင်းဝင်ရောက်နေ ထိုင်ခြင်းနှင့် ပတ်သက်၍ ကြီးမား သည့် ကွဲလွဲမှုများရှိနေခဲ့သော်လည်း ယင်းသည် အပြုသဘောဆောင်၍ အကျိုးရှိသော ဆွေးနွေးပွဲဟု နှစ်ဖက် စလုံးက လက်ခံခဲ့သည်။

နှစ်နိုင်ငံ ဆက်ဆံရေးကို ပုံမှန်အတိုင်း ပြန် ဖြစ်အောင်ဆောင်ရွက်တော့မည်ဟု အမေရိကန်သမ္မတနှင့် ကျူးဘား ခေါင်းဆောင် တို့က ကြေညာခဲ့ပြီး နောက် ယခုဆွေးနွေးပွဲမှာ ပထမ ဆုံးပေါ်ပေါက်လာခြင်းဖြစ်ပြီး ၃၅ နှစ်အတွင်း ကျူးဘားမြေပေါ်သို့ ပထမ ဆုံး ရောက်ရှိလာသော အမေရိ ကန်အဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့ က ကျူးဘားအရာရှိများနှင့် ဗုဒ္ဓဟူး နှင့် ကြာသပတေးနေ့ တို့တွင် ဆွေး နွေးရန် စီစဉ်ထားသည်။

ဗုဒ္ဓဟူးနေ့ တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပတ် သက်၍ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ ဗုဒ္ဓဟူးနေ့ဆွေးနွေးပွဲ၏ အဓိက အကြောင်းအရာမှာ အမေရိကန်နိုင်ငံ ၏ ကျူးဘားနိုင်ငံသားများအပေါ် ချမှတ်ထားသည့် မူဝါဒဖြစ် သည်။ ကျူးဘားနိုင်ငံသားများသည် လှေ ငယ် လေးများဖြင့် ဖလောရီဒါသို့မကြာ ခဏခိုးဝင်ကြသည်။

အမေရိကန်၏ မူဝါဒအရ ၎င်းတို့နိုင်ငံတွင်းသို့ရောက်ရှိလာသည့် မည်သည့်ကျူးဘားနိုင်ငံ သားကိုမဆို ချက်ချင်း အမြဲတမ်းနေ ထိုင်ခွင့်ပေးပြီး ပင်လယ်တွင် ဖမ်းမိ သူများကို နေရပ်ပြန်ပို့သည်။

ယင်း မူဝါဒကို ကျူးဘားဘက်က ဖျက်သိမ်း လိုနေပြီး ယင်းကို ဗုဒ္ဓဟူးနေ့တွင် ဆွေး နွေးခဲ့သော်လည်း သဘောတူညီမှု တစ်စုံတစ်ရာရရှိခဲ့ခြင်း မရှိပေ။

နှစ်နိုင်ငံအရာရှိများသည် ကြာ သပတေးနေ့တွင် နှစ်နိုင်ငံသံတမန် ဆက်ဆံရေးပြန်လည်စတင်ရန် ဆွေး နွေးသွား မည်ဟု သိရသည်။

Ref : AFP
Democracytoday‬

No comments:

Post a Comment