Friday 23 January 2015

ခြောက်ပွင့်ဆိုင်တွေ့ဆုံရေးသာအလိုရှိကြောင်း ပြည်ထောင်စုလွှတ်တော် အကြောင်းပြန်

ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးထက် အားလုံးပါဝင် သော ဆွေးနွေးမှုဖြစ်ရေး ပိုမိုလို လားကြောင်း သမ္မတက လွှတ် တော်သို့ပေးပို့သည့် သဝဏ်လွှာ တွင် ဖော်ပြခဲ့သော်လည်း ပြည် ထောင်စုလွှတ်တော်က ခြောက်ပွင့် ဆိုင်ဆွေးနွေးပွဲကိုသာလိုလားပြီး ဆွေးနွေးပွဲအမြန်ဆုံးဖြစ်မြောက်ရန် ပြုလုပ်ပေးစေလိုသည်ဟု အကြောင်း ပြန် လိုက်သည်။

ဆွေးနွေးပွဲတွင် မည်ကဲ့သို့ အကြောင်းအရာများ ဆွေးနွေး မည်ဆိုသည့် ဆွေးနွေးပွဲမူဘောင် အပါအဝင် ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးညှိနှိုင်းသတ်မှတ်နိုင်ရေး သမ္မတဦးဆောင်သော ခြောက်ဦး အဖွဲ့တွေ့ဆုံ ရေးကို ဆောလျင်စွာ ပြုလုပ်ပေးရန်လိုကြောင်း ပြည်ထောင်စုလွှတ်တော်မှ နိုင်ငံတော် သမ္မတထံသို့ ပြန်လည် ပေးပို့သည့် သဝဏ်လွှာ၌ ဖော်ပြထားသည်။

လွှတ်တော်သို့ ပေးပို့သည့် သမ္မတ၏သဝဏ်လွှာတွင် မည်ကဲ့ သို့ဆွေးနွေးပွဲမျိုး ပြုလုပ်ပေးစေ လိုသည်ကို ပြန်ကြားပေးရန်ဟု ပါရှိသဖြင့် ယခုကဲ့သို့အကြောင်း ပြန်ခြင်းဖြစ်ကြောင်း ဇန်နဝါရီ ၂၂ ရက်၌ပြုလုပ်သော ပြည် ထောင်စုလွှတ်တော် အစည်း အဝေးတွင် မှတ်တမ်းတင်ခဲ့သည့် ယင်းသဝဏ်လွှာ၌ ဖော်ပြပါရှိ သည်။

‘‘အခြေခံဥပဒေပြင်ဖို့ဆိုတာ ဒီလိုတွေ့ဆုံညှိနှိုင်းနိုင်မှကို ဖြစ်မှာ။ ဒီလိုမှမဟုတ်ဘဲ လွှတ်တော်ထဲမှာပြင်ဖို့ ကြိုးစားနေရင်တော့ ဖြစ်လာနိုင်မှာမဟုတ်ဘူး’’ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ပြော ကြားသည်။  

တွေ့ဆုံပွဲများဖြစ်ပေါ်ရေးသည် ကောင်းမွန်သောကိစ္စရပ်များသို့ ဦးတည်ခြင်းဖြစ်ပြီး အပွင့်ဆိုင်များထက် အဖြေတစ်ခု၊ ဆုံးဖြတ်ချက်တစ်ခုထွက်ပေါ်လာရေးသည် အရေးကြီးသောကိစ္စရပ်တစ်ခုဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်အချို့ကပြောသည်။

‘‘နိုင်ငံရေးဆွေးနွေးပွဲကြီး ကျင်းပတဲ့နေရာမှာ အားလုံးပါဝင်ခွင့်ရှိမှုက ကောင်းမွန်သင့်လျော်တဲ့ကိစ္စ ဖြစ်ပေ မယ့် လူများများ ပါဝင်လာတိုင်း ဒီမိုကရေစီမဟုတ် ဘူးဆိုတာကိုတော့ သတိပြုသင့်တယ်။ ကနဦးနိုင်ငံရေး မူဘောင် ညှိနှိုင်းချမှတ်တဲ့အခါမှာ ကိုယ်စားလှယ်များများပါဝင်ခြင်းကြောင့် လူများပြီး ပွဲမစည်ဖြစ် တတ်ပါ တယ်။ ပထမအဆင့်မှာ လူပုဂ္ဂိုလ်နည်းနည်းနဲ့ စတင်ညှိနှိုင်းရမှာပါ’’ဟု ပြည်ခိုင်ဖြိုးပါတီမှ ထိပ်တန်းခေါင်း ဆောင် တစ်ဦးဖြစ်သူ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်သူရဦးအောင်ကိုက ပြောသည်။

7Day DAILY

No comments:

Post a Comment