Friday 23 January 2015

သပိတ်မှောက်ကျောင်းသားများ ကျောက်ဆည်မြို့မှ ပြန်လည်ထွက်ခွာစဉ် အာဏာပိုင်များက ဆက်လက်ချီတက်ခြင်းမပြုရန် လာရောက်တားဆီးခဲ့ သော်လည်း မြစ်သားမြို့သို့ ဆက်လက်ထွက်ခွာ

Photo: သပိတ်မှောက်ကျောင်းသားများ ကျောက်ဆည်မြို့မှ ပြန်လည်ထွက်ခွာစဉ် အာဏာပိုင်များက ဆက်လက်ချီတက်ခြင်းမပြုရန် လာရောက်တားဆီးခဲ့ သော်လည်း မြစ်သားမြို့သို့ ဆက်လက်ထွက်ခွာ
Friday, January 23, 2015 

အမျိုးသားပညာရေးဥပဒေအား ကန့်ကွက်သည့် သပိတ်မှောက်ကျောင်းသား များသည် ဇန်နဝါရီ ၂၁ တွင်ကျောက်ဆည်မြို့သို့ ရောက်ရှိပြီးဒေသခံများ၏ ကူညီစောင့်ရှောက်မှုများဖြင့် ခရီးစဉ်တစ်ထောက်ရပ်နားခဲ့ပြီး ၂၂ ရက် နံနက် ၈ နာရီချိန်ခန့်တွင် ကျောက်ဆည်မြို့မှ ထွက်ခွာစဉ် အာဏာပိုင်များမှ ဆက်လက် ချီတက်ခြင်း မပြုရန် လာရောက်တားဆီးမှုများ ပြုလုပ်ခဲ့သော်လည်း သပိတ် မှောက် ကျောင်းသားများက မြစ်သားမြို့သို့ ဆက်လက်ချီတက်ထွက်ခွာ ခဲ့ကြောင်း သိရသည်။
 
ပုလိပ်မြို့မှ ထွက်ခွာလာခဲ့ပြီး ကျောက်ဆည်မြို့ ဆင်ဖြူတော်ဝပ်ကျောင်းတွင် ညအိပ်ရပ်နားရန် စီစဉ်ထားသော်လည်း အာဏာပိုင်များ၏ ဖိအားပေးမှုကြောင့် ညအိပ်ခွင့် မရရှိခဲ့သဖြင့် သပိတ်မှောက်ကျောင်းသားများအား မြို့ခံပြည်သူ လူထု၏ အကူအညီပေးမှုများကြောင့် ညအိပ်ရပ်နားခွင့်ရရှိခဲ့ပြီးနောက် တစ်နေ့နံနက်၌ အာဏာပိုင်များ၏ တားဆီးမှုများနှင့် ကြုံတွေ့ခဲ့ရကြောင်း ကျောင်းသားတစ်ဦးက ဆိုသည်။
 
“ဆင်ဖြူတော်ဝပ်ကျောင်းကို ချီတက်လာစဉ်မှာပဲ မြို့နယ်အုပ်ချုပ်ရေးက တာဝန်ရှိသူများ ရဲ့ဖိအားပေးမှုတွေကြောင့် အခက်အခဲတွေ ကြုံတွေ့နေစဉ် မှာပဲ ကျောက်ဆည်မြို့ခံတွေက ညအိပ်ရပ်နားဖို့အကူအညီပေးကြပါတယ်။ ဒါပေမဲ့ ဒီနေ့မနက်မှာပဲ အာဏာပိုင်တွေရောက်လာပြီး ခရီးမဆက်ဖို့ တားမြစ်ခဲ့ပါတယ်”ဟု သပိတ်မှောက်ကျောင်းသားတစ်ဦးက ဆိုသည်။
 
“ဒီနေ့မနက်မှာ မြစ်သားမြို့ကို ဆက်လက်ထွက်ခွာဖို့ ပြင်ဆင်နေတုန်းမှာပဲ အာဏာပိုင်တွေက ကျွန်တော်တို့ကျောင်းသားတည်းခိုတဲ့နေရာအထိ ရောက်လာပြီး ဆက်လက်ပြီး ချီတက်ဖို့မပြုလုပ်ဖို့ လာရောက်တားမြစ်ပါတယ်။ မန္တလေးတိုင်းနယ်/လုံဝန် ကြီးဖြစ်ကြောင်း ပြောပါတယ်။ သပိတ်မှောက် ကျောင်းသားတွေကို ပုဒ်မ ၁၈ နဲ့အ ရေးယူခံရနိုင်ကြောင်း၊ ဆက်လက် ချီတက်ခြင်း မပြုဘဲ အိမ်ကိုပြန်ရန်ပြောပါတယ်။ ကျွန်တော်တို့ သပိတ်မှောက် ကျောင်းသားတွေကို စေတနာအမှန်နဲ့ အိမ်ပြန်စေချင်ရင် ရက်ပေါင်း ၆ဝ စောင့်ဆိုင်းပြီး တောင်းဆိုခဲ့တာတွေကို ပြန်လည်စဉ်းစားသင့်ပါတယ်”ဟု သပိတ်မှောက်ကျောင်းသားတစ်ဦးဖြစ်သည့် ကိုရဲရင့်ကျော်က ဆိုသည်။
 
ကျောက်ဆည်မြို့မှ မြစ်သားမြို့သို့ ဆက်လက်ထွက်ခွာလာစဉ် ဒေသခံ ကျောင်းသား များနှင့် မြို့ခံပြည်သူများ သပိတ်မှောက်ကျောင်းသားများအား လာရောက်ဝန်းရံမှုများပြုခဲ့ကြောင်း သိရသည်။
 
သပိတ်မှောက်ကျောင်းသားများသည် မြစ်သားမြို့သို့ ညနေ ၆ နာရီခန့်တွင် ရောက်ရှိကာ ညအိပ်ရပ်နားမည်ဖြစ်ပြီး ၂၃ ရက် မနက်တွင် နွားထိုးကြီးမြို့သို့ ဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။  

Eleven Media Group 

မန္တလေးမြို့မှ ရန်ကုန်မြို့သို့ ချီတက်လာသော သပိတ်မှောက်ကျောင်းသားများ ကျောက်ဆည်မြို့မှ ထွက်ခွာလာသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ရဲရင့်ကျော်)
မန္တလေးမြို့မှ ရန်ကုန်မြို့သို့ ချီတက်လာသော သပိတ်မှောက်ကျောင်းသားများ ကျောက်ဆည်မြို့မှ ထွက် ခွာ လာသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ရဲရင့်ကျော်) 
အမျိုးသားပညာရေးဥပဒေအား ကန့်ကွက်သည့် သပိတ်မှောက်ကျောင်းသား များသည် ဇန်နဝါရီ ၂၁ တွင် ကျောက်ဆည်မြို့သို့ ရောက်ရှိပြီးဒေသခံများ၏ ကူညီစောင့်ရှောက်မှုများဖြင့် ခရီးစဉ်တစ်ထောက်ရပ်နား ခဲ့ပြီး ၂၂ ရက် နံနက် ၈ နာရီချိန်ခန့်တွင် ကျောက်ဆည်မြို့မှ ထွက်ခွာစဉ် အာဏာပိုင်များမှ ဆက်လက် ချီတက်ခြင်း မပြုရန် လာရောက်တားဆီးမှုများ ပြုလုပ်ခဲ့သော်လည်း သပိတ် မှောက် ကျောင်းသားများက မြစ်သားမြို့သို့ ဆက်လက်ချီတက်ထွက်ခွာ ခဲ့ကြောင်း သိရသည်။

 ပုလိပ်မြို့မှ ထွက်ခွာလာခဲ့ပြီး ကျောက်ဆည်မြို့ ဆင်ဖြူတော်ဝပ်ကျောင်းတွင် ညအိပ်ရပ်နားရန် စီစဉ်ထား သော်လည်း အာဏာပိုင်များ၏ ဖိအားပေးမှုကြောင့် ညအိပ်ခွင့် မရရှိခဲ့သဖြင့် သပိတ်မှောက်ကျောင်းသား များအား မြို့ခံပြည်သူ လူထု၏ အကူအညီပေးမှုများကြောင့် ညအိပ်ရပ်နားခွင့်ရရှိခဲ့ပြီးနောက် တစ်နေ့နံနက် ၌ အာဏာပိုင်များ၏ တားဆီးမှုများနှင့် ကြုံတွေ့ခဲ့ရကြောင်း ကျောင်းသားတစ်ဦးက ဆိုသည်။

“ဆင်ဖြူတော်ဝပ်ကျောင်းကို ချီတက်လာစဉ်မှာပဲ မြို့နယ်အုပ်ချုပ်ရေးက တာဝန်ရှိသူများ ရဲ့ဖိအားပေးမှု တွေကြောင့် အခက်အခဲတွေ ကြုံတွေ့နေစဉ် မှာပဲ ကျောက်ဆည်မြို့ခံတွေက ညအိပ်ရပ်နားဖို့ အကူအညီ ပေးကြပါတယ်။ ဒါပေမဲ့ ဒီနေ့မနက်မှာပဲ အာဏာပိုင်တွေရောက်လာပြီး ခရီးမဆက်ဖို့ တားမြစ်ခဲ့ပါတယ်”ဟု သပိတ်မှောက်ကျောင်းသားတစ်ဦးက ဆိုသည်။

“ဒီနေ့မနက်မှာ မြစ်သားမြို့ကို ဆက်လက်ထွက်ခွာဖို့ ပြင်ဆင်နေတုန်းမှာပဲ အာဏာပိုင်တွေက ကျွန်တော် တို့ ကျောင်းသားတည်းခိုတဲ့နေရာအထိ ရောက်လာပြီး ဆက်လက်ပြီး ချီတက်ဖို့မပြုလုပ်ဖို့ လာရောက် တားမြစ်ပါတယ်။ မန္တလေးတိုင်းနယ်/လုံဝန် ကြီးဖြစ်ကြောင်း ပြောပါတယ်။ သပိတ်မှောက် ကျောင်းသားတွေ ကို ပုဒ်မ ၁၈ နဲ့အ ရေးယူခံရနိုင်ကြောင်း၊ ဆက်လက် ချီတက်ခြင်း မပြုဘဲ အိမ်ကိုပြန်ရန် ပြောပါတယ်။ ကျွန်တော်တို့ သပိတ်မှောက် ကျောင်းသားတွေကို စေတနာအမှန်နဲ့ အိမ်ပြန်စေချင်ရင် ရက်ပေါင်း ၆ဝ စောင့်ဆိုင်းပြီး တောင်းဆိုခဲ့တာတွေကို ပြန်လည်စဉ်းစားသင့်ပါတယ်”ဟု သပိတ်မှောက်ကျောင်းသား တစ်ဦးဖြစ်သည့် ကိုရဲရင့်ကျော်က ဆိုသည်။

ကျောက်ဆည်မြို့မှ မြစ်သားမြို့သို့ ဆက်လက်ထွက်ခွာလာစဉ် ဒေသခံ ကျောင်းသား များနှင့် မြို့ခံ ပြည် သူများ သပိတ်မှောက်ကျောင်းသားများအား လာရောက်ဝန်းရံမှုများပြုခဲ့ကြောင်း သိရသည်။

သပိတ်မှောက်ကျောင်းသားများသည် မြစ်သားမြို့သို့ ညနေ ၆ နာရီခန့်တွင် ရောက်ရှိကာ ညအိပ် ရပ်နား မည် ဖြစ်ပြီး ၂၃ ရက် မနက်တွင် နွားထိုးကြီးမြို့သို့ ဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။  

Eleven Media Group 

No comments:

Post a Comment