Friday 23 January 2015

အိန္ဒိယသည် တရုတ်ကိုကျော်ဖြတ်ကာ ကမ္ဘာ့အမြန်ဆုံး ကြီးမားသည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်သောနိုင်ငံဖြစ်လာတော့မည်

''အိန္ဒိယနိုင်ငံသည် တရုတ်နိုင်ငံ ကို ကျော်ဖြတ်ကာ ကမ္ဘာပေါ်တွင် အ မြန်ဆုံးကြီးမားသည့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနိုင်ငံဖြစ် လာတော့မည်'' ယင်းသည် စီးပွားရေးပညာရှင်များ ကြားတွင် ခိုင်မာလာသောယူဆ ချက် တစ်ခုဖြစ်သည်။

ထိုသို့ ယူဆကြသူ အများစုက တရုတ်နိုင်ငံ၏စီးပွားရေး သည် ယခုနှစ်တွင်သာမက လာမည့် နှစ်တွင်လည်း နှေးကွေးနေဦး မည်ဟု ခန့်မှန်းသည်။

သို့သော် အိန္ဒိယနိုင်ငံ က ရေနံဈေးများကျခြင်းနှင့် မူဝါဒ ပြောင်းလဲမှုများ၏ အကျိုးကို ခံစားရ လိမ့်မည်ဟု ဆိုသည်။

ထိုအယူအဆကို လက်ခံသည့် နောက်ဆုံးအဖွဲ့အစည်းမှာ နိုင်ငံ တကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)ဖြစ်သည်။

ယင်းက အင်္ဂါနေ့တွင် အိန္ဒိယနိုင်ငံ၏စီးပွားရေးသည် လာမည့် ၂၀၁၆ ခုနှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်းဖွံ့ဖြိုး လာမည်ဟုဆိုကာ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ၆ ဒသမ ၃ ရာခိုင်နှုန်းသာရှိမည်ဟု ပြောသည်။

IMF က ၎င်းတို့သည် လိုအပ်သော ဖွဲ့စည်းတည်ဆောက် ပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများပြုလုပ် ရန် မူဝါဒချမှတ်သူများက ရုန်းကန်နေ ရခြင်းကြောင့် တရုတ်နိုင်ငံသည် နှေး ကွေးသော ဖွံ့ဖြိုးတိုးတက်မှုသာရရှိ မည်ဟုခန့်မှန်းကြောင်းနှင့် ထိုအချိန် တွင် အိန္ဒိယက တရုတ်ကို ကျော်ဖြတ် သွားလိမ့်မည်ဟု သုံးသပ်သည်။

အိန္ဒိယ နိုင်ငံသည် ပြင်ပဝယ်လိုအား လျော့ကျ နေသော်လည်း ယင်းကို မူဝါဒပြောင်း လဲမှုများကြောင့် ဖြစ်ပေါ်လာသော စက်မှုလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင် ရာ အားကောင်းလာမှုနှင့် ရေနံဈေး ကျဆင်း မှုများကြောင့် ကုန်သွယ်ရေး ကဏ္ဍတွင် မြင့်တက်လာမှုက ကာမိ စေသည်ဟုလည်း IMF က ၎င်းတို့ ၏ ကြေညာချက်တွင်ဖော်ပြထား သည်။

ယခုလအစောပိုင်းတွင် ကမ္ဘာ့ ဘဏ်ကလည်း IMF ကဲ့သို့သော ကြိုတင်ခန့်မှန်းမှုကို ပြုလုပ်ခဲ့သည်။

သို့သော် ကမ္ဘာ့ဘဏ်၏ထင်မြင်ချက်တွင် အိန္ဒိယသည် တရုတ်နိုင်ငံ၏စီး ပွားရေးကို ကျော်ဖြတ်ရန် နောက် ထပ် အချိန်တစ်နှစ်လိုအပ်မည်ဟု ဆို သည်။

ကမ္ဘာ့ဘဏ်၏အဆိုအရ ၂၀၁၆ ခုနှစ်တွင် နှစ်နိုင်ငံစလုံး၌ စီးပွားရေးဖွံ့ ဖြိုးမှု ရ ရာခိုင်နှုန်းရှိမည်ဖြစ်သော် လည်း အိန္ဒိယသည် ယခုနှစ်တွင် ဝ ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်လာမည် ဟုဆိုသည်။

Democracytoday‬

No comments:

Post a Comment