Friday 23 January 2015

ပိတ်မိနေသော အရပ်သားများ ပြောင်းရွှေ့ပေးရန်နှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများ သွားရောက်နိုင်ရန် ကုလက ကာကွယ်ရေးဝန်ကြီးထံ တောင်းဆို

Photo: ပိတ်မိနေသော အရပ်သားများ ပြောင်းရွှေ့ပေးရန်နှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများ သွားရောက်နိုင်ရန် ကုလက ကာကွယ်ရေးဝန်ကြီးထံ တောင်းဆို
Friday, January 23, 2015

ကချင်ပြည်နယ်တိုက်ပွဲ ဖြစ်ပွားရာနေရာမှ အရပ်သားဒုက္ခ သည်များကို ဖားကန့်၊ လုံးခင်းသို့ ပြောင်းရွှေ့ပေးရေးနှင့် စစ်ပွဲဖြစ် ရာနေရာသို့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အဖွဲ့အ စည်းများ သွားရောက်နိုင်ရေး အ ထူးခရီးသွား အမိန့်ကို မြန်မာ့တပ်မ တော်က အမြန်ဆုံးထုတ်ပေးစေ လိုကြောင်း ကုလ သမဂ္ဂက မြန်မာ ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ် ကြီး ဝေလွင်ထံသို့တောင်းဆို လိုက် သည်။

ဇန်န၀ါရီ ၂၁ ရက်တွင် ကာ ကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ဝေလွင်ထံသို့ ကုလသမဂ္ဂ လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး မစ္စရီတာနာလော့ ဒက်စလီယန် လာရောက်တွေ့ဆုံ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ကာကွယ်ရေးဝန်ကြီးကမူ ကချင်ပြည်နယ် ကိစ္စကို တပ်မ တော်က ရာနှုန်းပြည့်ထောက်ပံ့ကူ ညီမည်ဖြစ်ပြီး တစ်ဖက်တွင်လည်း လက်နက်ကိုင်တပ်ဖွဲ့ (KIA ကိုဆို လိုသည်)နှင့် နှစ်ဖက်ညှိနှိုင်းမှသာ အဆင်ပြေနိုင်ကြောင်း၊ တပ်မ တော်က ခွင့်ပြုလိုသော်လည်း တစ် ဖက်က ခွင့်မပြုပါက အဆင်မပြေ နိုင်ကြောင်း ကုလကိုယ်စားလှယ် အား ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။

ပဋိပက္ခဖြစ်ပွားရာအနီးဒုက္ခ သည်များကို လုံးခင်း၊ ဖားကန့်သို့ ပြောင်းရွှေ့ပေးစေလိုပြီး အစားအ သောက်နှင့် ရိက္ခာပစ္စည်းပေးပို့ မည့် လူသားချင်း စာနာထောက် ထားမှုအဖွဲ့များကို ဒုက္ခသည်များ ထံ သွားရောက်နိုင်ရေး အထူးခရီး သွားအမိန့် အမြန်ထုတ်ပေးရန် ကုလကိုယ်စားလှယ်က တောင်းဆိုခဲ့ ခြင်း ဖြစ်သည်။ ထို့ပြင် ပဋိပက္ခ ဖြစ်ပွားရာ ဒေသမှ ကလေးများအတွက် ၀က်သက်ဂျိုက်သိုးကာ ကွယ်ဆေးဖြန့်ဝေခွင့်ပြုရန်လည်း ၎င်းက ပြောသည်။

တပ်မတော်နှင့် ကေအိုင်အေ တို့ ပြီးခဲ့သည့်ရက်ပိုင်းက တိုက်ပွဲ များဖြစ်ပွားရာဒေသတွင် ဒေသခံနှစ်ထောင်ခန့်ပိတ်မိနေပြီး ဒေသခံ များ၏ စားဝတ်နေရေးနှင့် လုံခြုံ ရေးကို ကေအိုင်အေက တာဝန်ယူမည်ဖြစ်ကြောင်း ပြောကြားမှုများ ရှိခဲ့သည်။ လက်ရှိ အချိန်တွင် တိုက်ပွဲဖြစ်ပွားရာအနီး ဒေသခံ များ ပိတ်မိနေသည့် ကချင်ပြည် နယ် အောင်ဘာလေကျေးရွာသို့ တပ်မတော် စစ်ကြောင်းက ၀င် ရောက်ရှင်းလင်းပြီး တပ်စွဲထားသည်။

ကုလကိုယ်စားလှယ်က က ချင်ပြည်နယ်အရေးအပြင် တပ်မ တော်အတွင်း ကလေးစစ်သားပ ပျောက်ရေးကို အဓိကထားဆောင်ရွက်ရန်နှင့် ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့များအား လူ့အခွင့် အရေးနှင့် ပဋိပက္ခညင်သာစွာ ဖြေရှင်းရန် သင်တန်းပေးနေပါက နိုင် ငံတကာကသိရှိအောင် သတင်း ထုတ်ပြန်ပေးစေလိုကြောင်း ကာ ကွယ်ရေးဝန်ကြီးအား တိုက်တွန်းခဲ့သည်။

‘‘တချို့ကိစ္စတွေက ပြဿနာကို ဖြေရှင်းရာမရောက်ဘဲ မီးမွှေး ရာရောက်တယ်လို့ ၀န်ကြီးက ပြန် ထောက်ပြတယ်။ ဒါဟာ ရခိုင်အ ရေးနဲ့ပတ်သက်ရင် ပြည်ပနိုင်ငံ ကြီးတွေ၊ အခြေစိုက်လူ့အခွင့်အ ရေးသမားတွေ ပုံကြီးချဲ့စွက်ဖက် မှုတွေလည်းရှိနေတာကို သွယ် ၀ိုက်ပြောလိုက်တာပဲလို့ မြင်ပါ တယ်’’ဟု တပ်မတော်အရာရှိကြီး တစ်ဦးက ပြောကြားသည်။

ယခုအခါ မြန်မာ့တပ်မတော် နှင့် KIA တို့ကြား တိုက်ပွဲများ ရပ် ဆိုင်းသွားပြီဟု နှစ်ဖက်စလုံးက ပြောကြားထားသည်။

7Day DAILY

တိုက်ပွဲကြောင့် ပိတ်မိနေသော ကျေးရွာမှ ပြည်သူတစ်ဦးစစ်ဘေးတိမ်းရှောင် လာစဉ် (ဓာတ်ပုံ− မရန်)
တိုက်ပွဲကြောင့် ပိတ်မိနေသော ကျေးရွာမှ ပြည်သူတစ်ဦးစစ်ဘေးတိမ်းရှောင် လာစဉ် (ဓာတ်ပုံ− မရန်) 
ကချင်ပြည်နယ်တိုက်ပွဲ ဖြစ်ပွားရာနေရာမှ အရပ်သားဒုက္ခ သည်များကို ဖားကန့်၊ လုံးခင်းသို့ ပြောင်းရွှေ့ ပေးရေးနှင့် စစ်ပွဲဖြစ် ရာနေရာသို့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အဖွဲ့အ စည်းများ သွား ရောက်နိုင် ရေး အ ထူးခရီးသွား အမိန့်ကို မြန်မာ့တပ်မ တော်က အမြန်ဆုံးထုတ်ပေးစေ လိုကြောင်း ကုလ သမဂ္ဂက မြန်မာ ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ် ကြီး ဝေလွင်ထံသို့တောင်းဆို လိုက် သည်။

ဇန်န၀ါရီ ၂၁ ရက်တွင် ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ဝေလွင်ထံသို့ ကုလသမဂ္ဂ လူသား ချင်းစာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး မစ္စရီတာနာလော့ ဒက်စလီယန် လာရောက်တွေ့ဆုံ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ကာကွယ်ရေးဝန်ကြီးကမူ ကချင်ပြည်နယ် ကိစ္စကို တပ်မ တော်က ရာနှုန်းပြည့်ထောက်ပံ့ကူ ညီမည်ဖြစ်ပြီး တစ်ဖက်တွင်လည်း လက်နက်ကိုင်တပ်ဖွဲ့ (KIA ကိုဆို လိုသည်)နှင့် နှစ်ဖက်ညှိနှိုင်းမှသာ အဆင်ပြေနိုင် ကြောင်း၊ တပ်မ တော်က ခွင့်ပြုလိုသော်လည်း တစ် ဖက်က ခွင့်မပြုပါက အဆင်မပြေ နိုင်ကြောင်း ကုလကိုယ်စားလှယ် အား ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။

ပဋိပက္ခဖြစ်ပွားရာအနီးဒုက္ခ သည်များကို လုံးခင်း၊ ဖားကန့်သို့ ပြောင်းရွှေ့ပေးစေလိုပြီး အစားအ သောက် နှင့် ရိက္ခာပစ္စည်းပေးပို့ မည့် လူသားချင်း စာနာထောက် ထားမှုအဖွဲ့များကို ဒုက္ခသည်များ ထံ သွားရောက် နိုင်ရေး အထူးခရီး သွားအမိန့် အမြန်ထုတ်ပေးရန် ကုလကိုယ်စားလှယ်က တောင်းဆိုခဲ့ ခြင်း ဖြစ်သည်။ ထို့ပြင် ပဋိပက္ခ ဖြစ်ပွားရာ ဒေသမှ ကလေးများအတွက် ၀က်သက်ဂျိုက်သိုးကာ ကွယ်ဆေးဖြန့်ဝေခွင့်ပြုရန် လည်း ၎င်းက ပြောသည်။

တပ်မတော်နှင့် ကေအိုင်အေ တို့ ပြီးခဲ့သည့်ရက်ပိုင်းက တိုက်ပွဲ များဖြစ်ပွားရာဒေသတွင် ဒေသခံ နှစ်ထောင်ခန့် ပိတ်မိနေပြီး ဒေသခံ များ၏ စားဝတ်နေရေးနှင့် လုံခြုံ ရေးကို ကေအိုင်အေက တာဝန်ယူမည် ဖြစ်ကြောင်း ပြောကြားမှုများ ရှိခဲ့သည်။ လက်ရှိအချိန်တွင် တိုက်ပွဲဖြစ်ပွားရာအနီး ဒေသခံများ ပိတ်မိနေ သည့် ကချင်ပြည် နယ် အောင်ဘာလေကျေးရွာသို့ တပ်မတော် စစ်ကြောင်းက ၀င်ရောက်ရှင်းလင်းပြီး တပ်စွဲထားသည်။

ကုလကိုယ်စားလှယ်က က ချင်ပြည်နယ်အရေးအပြင် တပ်မ တော်အတွင်း ကလေးစစ်သားပ ပျောက်ရေး ကို အဓိကထားဆောင်ရွက်ရန်နှင့် ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့များအား လူ့အခွင့် အရေးနှင့် ပဋိပက္ခညင်သာစွာ ဖြေရှင်းရန် သင်တန်းပေးနေပါက နိုင် ငံတကာကသိရှိအောင် သတင်း ထုတ်ပြန်ပေးစေ လိုကြောင်း ကာ ကွယ်ရေးဝန်ကြီးအား တိုက်တွန်းခဲ့သည်။

‘‘တချို့ကိစ္စတွေက ပြဿနာကို ဖြေရှင်းရာမရောက်ဘဲ မီးမွှေး ရာရောက်တယ်လို့ ၀န်ကြီးက ပြန် ထောက် ပြ တယ်။ ဒါဟာ ရခိုင်အ ရေးနဲ့ပတ်သက်ရင် ပြည်ပနိုင်ငံ ကြီးတွေ၊ အခြေစိုက်လူ့အခွင့်အ ရေးသမားတွေ ပုံကြီးချဲ့စွက်ဖက် မှုတွေလည်းရှိနေတာကို သွယ်ဝိုက်ပြောလိုက်တာပဲလို့ မြင်ပါ တယ်’’ဟု တပ်မတော် အရာရှိကြီး တစ်ဦးက ပြောကြားသည်။

ယခုအခါ မြန်မာ့တပ်မတော် နှင့် KIA တို့ကြား တိုက်ပွဲများ ရပ် ဆိုင်းသွားပြီဟု နှစ်ဖက်စလုံးက ပြောကြား ထားသည်။

7Day DAILY

No comments:

Post a Comment