Friday 23 January 2015

အမျိုးသားပညာရေးဥပဒေနှင့်ပတ်သက်၍ ပြင်ဆင်ပေးရန် အချက်လေးချက်ပါ တောင်းဆိုနေမှုများအပေါ် ပညာရေးဝန်ကြီးဌာနကအမျိုးသားပညာရေး ဥပဒေပြင်ဆင် သည့် ဥပဒေကြမ်းပြုစု၍ ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့လာပါက အမြန်ဆုံးညှိနှိုင်းပြင်ဆင်ပေးသွားမည်ဟုဆို

အမျိုးသားပညာရေးဥပဒေနှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတမှပေးပို့သော သဝဏ်လွှာသည်ပြည်စုံပြီး အေးချမ်းစွာ ပညာသင်ကြားရေးနှင့် အမျိုးသားပညာရေးအဆင့် မြင့်မားတိုးတက်ရေးအတွက် ရည်ရွယ် ထားရှိ သည်ကို တွေ့ရှိရပါကြောင်းနှင့် အမျိုးသားပညာရေး ဥပဒေပါပြဋ္ဌာန်းချက်အချို့ကို အကြောင်းပြု၍ ပြင်ဆင်ပေးရန်အချက်လေးချက်ပါ တောင်းဆိုနေမှုများအပေါ် ပညာရေးဝန်ကြီးဌာနအနေနှင့် အစိုးရအဖွဲ့ ၏ ခွင့်ပြုချက်ဖြင့် အမျိုးသားပညာရေးဥပဒေပြင်ဆင်သည့် ဥပဒေကြမ်းကိုပြုစုပြီး ပြည်ထောင်စု လွှတ်တော် သို့ ဆောလျင်စွာ ပေးပို့လာပါက အမြန်ဆုံးညှိနှိုင်း ပြင်ဆင်ပေး သွားမည် ဖြစ်ကြောင်းယနေ့ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတတိယနေ့ အစီအစဉ်တွင်နိုင်ငံတော် သမ္မတထံမှပေးပို့သောအမျိုးသားပညာရေးဥပဒေပါ ပြဋ္ဌာန်းချက်များအ ပေါ်ပြန်လည်သုံးသပ်ရေး သဝဏ် လွှာနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မ တီ၏လေ့လာသုံး သပ်ချက် အစီရင်ခံစာ ဖတ်ကြား တင်ပြရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

အမျိုးသားပညာရေးနှင့်ပတ်သက်ပြီး နိုင်ငံတော်ပြင်ဆင်ပေးရန် တောင်း ဆိုမှုများအနေဖြင့်-

(က)ဗဟိုချုပ်ကိုင်မှုလျှော့ပေးရန်အမျိုးသားပညာရေးကော်မရှင်မလိုအပ်ကြောင်း တောင်းဆိုမှုနှင့် အလားတူ အဆင့်မြင့် ပညာပေါင်း စပ်ညှိနှိုင်းရေးကော်မတီ မလိုအပ် ကြောင်းတောင်းဆိုမှု၊
(ခ)ဆရာအဖွဲ့အစည်းများ၊ ကျောင်းသားအဖွဲ့အစည်းများဖွဲ့စည်းနိုင်ရေးအတွက် အမျိုးသားပညာရေး ဥပဒေတွင် ထည့်သွင်းပေးရန် တောင်း ဆိုမှု၊
(ဂ)လူတိုင်းအကျုံးဝင်ပညာ ရေး (Inclusive Education) ကိုအမျိုးသား ပညာရေးဥပဒေတွင်ထည့်သွင်းပေးရန် တောင်းဆိုမှု၊

(ဃ)တိုင်းရင်းသားစာပေယဉ် ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်းဆို ထားကြောင်း ဥပဒေကြမ်း ပူးပေါင်း ကော်မတီမှလေ့လာတွေ့ရှိရကြောင်း အစီရင်ခံစာတွင်ထည့်သွင်းဖတ်ကြားခဲ့သည်။

ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီသည်အမျိုးသား ပညာရေးဥပဒေနှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတကပေးပို့လာသော သဝဏ်လွှာပါအကြောင်း အရာများသည်အချက်အလက်ပြည့်စုံပြီး အမျိုးသား ပညာရေးအဆင့်အတန်းမြင့်မားတိုးတက်ရေးကိုမထိခိုက်စေသည့်အပြင်အေးချမ်းစွာပညာသင်ကြားရေး၊ တည်ငြိမ်အေးချမ်းရေး တို့အတွက်များစွာ အထောက် အကူ ပြုနိုင်သဖြင့်တောင်းဆိုချက်ပါအချက် အလက်များကိုဖြည့်စွက်ပြီးပြင်ဆင် သည့်ဥပဒေကြမ်းတစ်ရပ်အဖြစ်ရေး ဆွဲရန်လိုအပ်ကြောင်း၊ ယင်းဥပဒေသည် ၃၀-၉-၂၀၁၄ရက်က ဥပဒေ အဖြစ် တရားဝင်တည်ရှိနေပြီးဖြစ် သဖြင့် ပြည်ထောင်စုလွှတ်တော် အနေနှင့် ပြန်လည်သုံးသပ်ခြင်းထက် သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာနက ပြည်ထောင်စုအစိုးရ၏ခွင့်ပြုချက်ဖြင့် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြုစုကာ ပြည်ထောင် စုလွှတ်တော်သို့ ဆောလျင် စွာ ပေးပို့ပါက ပြည်ထောင်စုလွှတ်တော်မှလည်း အမြန်ဆုံးညှိနှိုင်းပြင် ဆင်ဆောင်ရွက်ပေးသင့်ပါကြောင်း ပြည်ထောင်စု လွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီမှ သဘောထားမှတ်ချက်ပြုခဲ့သည်။

MP
Democracytoday‬

No comments:

Post a Comment