Friday 23 January 2015

ယူကရိန်းတွင် ပြုလုပ်သော နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးက အပစ်အခတ်ရပ်စဲရေးကို တောင်းဆို

Photo: ယူကရိန်းတွင် ပြုလုပ်သော နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးက အပစ်အခတ်ရပ်စဲရေးကို တောင်းဆို
Friday, January 23, 2015

ရုရှား၊ ယူကရိန်း၊ ဂျာမနီနှင့် ပြင်သစ်တို့မှ နိုင်ငံခြားရေးဝန်ကြီး များသည် ယူကရိန်းတွင် ဖြစ်ပွားနေ သော တိုက်ပွဲများရပ်ဆိုင်း ရန် တောင်း ဆိုမှုများနှင့်အတူ ယမန်နေ့က ဘာ လင်တွင်ပြုလုပ်သော နောက်ဆုံး ဆွေးနွေးပွဲကို အဆုံးသတ်ခဲ့သော် လည်း တိုက်ပွဲများရပ်ဆိုင်းရေးသ ဘောတူညီချက်မရရှိခဲ့ဟု AFP သ တင်းများအရ သိရသည်။

အဆိုပါ ဆွေးနွေးပွဲသည် ယူ ကရိန်းအရှေ့ပိုင်းရှိ ရုရှားလိုလား သော သူပုန်များနှင့် ယူကရိန်းအစိုး ရတို့ကြား ပဋိပက္ခဖြစ်ပွားမှုကို အ ဆုံးသတ်နိုင်မည့် သဘောတူညီချက် ရရှိရေး ကြိုးပမ်းနေခြင်းဖြစ်သည်။

သံတမန်လေးဦးစလုံးသည် ရန်စ လှုံ့ဆော်မှုများ အဆုံးသတ်စေရေး နှင့် လက်နက်ကြီးများဖြင့် ပစ်ခတ် မှုရပ်ဆိုင်းရန် သဘောတူ ညီကြရ မည်ဖြစ်သည်။

''အပစ်အခတ်ရပ်စဲ ရေးသဘောတူခဲ့တယ်လို့ ကျွန်တော် မပြောလိုပါဘူး၊ ဒါပေမဲ့ ဒီနေ့ဆွေး နွေးပွဲဟာ တိုးတက်မှုရှိတယ် လို့တော့ထင်ပါတယ်''ဟု ဂျာမန်နိုင်ငံခြားရေး ဝန်ကြီးဖရန့်ဝေါလ်တာစတင်မီအာ က ပြောသည်။

ထိုဆွေးနွေးပွဲသည် အဖွဲ့ဝင်အားလုံး၏ စိတ်ရှည်သည်း ခံမှုကို စမ်းသပ်နေခြင်းဖြစ်ကြောင်း ၎င်းက ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ဗ်၊ယူကရိန်းနိုင်ငံ ခြားရေးဝန်ကြီးပါဗ်လိုကလင်မ်တင် နှင့် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Laurent Fabius တို့နှင့် ဆွေးနွေးပွဲ ပြီးနောက် ပြောကြားခဲ့သည်။

ဝန်ကြီးများသည် ကာဇက်စတန် ငြိမ်းချမ်းရေးထိပ်သီးအစည်းအဝေး မကျင်းပမီ ထိရောက်သော အပစ်အ ခတ်ရပ်စဲရေးနှင့် ပဋိပက္ခဖြစ်ပွားရာ နေရာသို့ လူသားချင်းစာနာထောက် ထားမှုအထောက်အပံ့များ ပေးပို့ရေး သဘောတူညီချက်အပါအဝင် Minsk မြို့တွင် လက်မှတ်ရေးထိုးခဲ့သော သဘောတူညီချက်ကို အကောင် အထည်ဖော်နိုင်ရန် ကြိုးပမ်းရမည် ဖြစ်သည်။

Ref : AFP
Democracytoday
ရုရှား၊ ယူကရိန်း၊ ဂျာမနီနှင့် ပြင်သစ်တို့မှ နိုင်ငံခြားရေးဝန်ကြီး များသည် ယူကရိန်းတွင် ဖြစ်ပွားနေ သော တိုက်ပွဲများရပ်ဆိုင်း ရန် တောင်း ဆိုမှုများနှင့်အတူ ယမန်နေ့က ဘာ လင်တွင်ပြုလုပ်သော နောက်ဆုံး ဆွေးနွေးပွဲကို အဆုံးသတ်ခဲ့သော် လည်း တိုက်ပွဲများရပ်ဆိုင်းရေးသ ဘောတူညီချက်မရရှိခဲ့ဟု AFP သ တင်းများအရ သိရသည်။

အဆိုပါ ဆွေးနွေးပွဲသည် ယူကရိန်းအရှေ့ပိုင်းရှိ ရုရှားလိုလား သော သူပုန်များနှင့် ယူကရိန်းအစိုး ရတို့ကြား ပဋိပက္ခဖြစ်ပွားမှုကို အ ဆုံးသတ်နိုင်မည့် သဘောတူညီချက် ရရှိရေး ကြိုးပမ်းနေခြင်းဖြစ်သည်။

သံတမန်လေးဦးစလုံးသည် ရန်စလှုံ့ဆော်မှုများ အဆုံးသတ်စေရေး နှင့် လက်နက်ကြီးများဖြင့် ပစ်ခတ် မှုရပ်ဆိုင်းရန် သဘောတူ ညီကြရ မည်ဖြစ်သည်။

''အပစ်အခတ်ရပ်စဲ ရေးသဘောတူခဲ့တယ်လို့ ကျွန်တော် မပြောလိုပါဘူး၊ ဒါပေမဲ့ ဒီနေ့ဆွေး နွေးပွဲဟာ တိုးတက်မှုရှိတယ် လို့တော့ထင်ပါတယ်''ဟု ဂျာမန်နိုင်ငံခြားရေး ဝန်ကြီးဖရန့်ဝေါလ်တာစတင်မီအာ က ပြောသည်။

ထိုဆွေးနွေးပွဲသည် အဖွဲ့ဝင်အားလုံး၏ စိတ်ရှည်သည်း ခံမှုကို စမ်းသပ်နေခြင်းဖြစ်ကြောင်း ၎င်းက ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ဗ်၊ယူကရိန်းနိုင်ငံ ခြားရေးဝန်ကြီးပါဗ်လိုကလင်မ်တင် နှင့် ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး Laurent Fabius တို့နှင့် ဆွေးနွေးပွဲ ပြီးနောက် ပြောကြားခဲ့သည်။

ဝန်ကြီးများသည် ကာဇက်စတန် ငြိမ်းချမ်းရေးထိပ်သီးအစည်းအဝေး မကျင်းပမီ ထိရောက်သော အပစ်အ ခတ်ရပ်စဲရေးနှင့် ပဋိပက္ခဖြစ်ပွားရာ နေရာသို့ လူသားချင်းစာနာထောက် ထားမှုအထောက်အပံ့များ ပေးပို့ ရေး သဘောတူညီချက်အပါအဝင် Minsk မြို့တွင် လက်မှတ်ရေးထိုးခဲ့သော သဘောတူညီချက်ကို အကောင် အထည်ဖော်နိုင်ရန် ကြိုးပမ်းရမည် ဖြစ်သည်။

Ref : AFP
Democracytoday

No comments:

Post a Comment