Friday 23 January 2015

အိန္ဒိယခရီးစဉ်အတွင်း မိုဒီ၏လစဉ်ရေဒီယို အမေးအဖြေကဏ္ဍတွင် အိုဘားမား ပါဝင်မည်

Photo: အိန္ဒိယခရီးစဉ်အတွင်း မိုဒီ၏လစဉ်ရေဒီယို အမေးအဖြေကဏ္ဍတွင်
အိုဘားမား ပါဝင်မည်
Friday, January 23, 2015

လာမည့်သီတင်းပတ်တွင် ပြု လုပ်မည့် အိန္ဒိယဝန်ကြီးချုပ်နာရန် ဒရာမိုဒီ၏ လစဉ်ပုံမှန်ပြုလုပ်နေကျ ရေဒီယိုမှ ထုတ်လွှင့်မည့်တယ်လီဖုန်း ဖြင့် အမေးအဖြေ အစီအစဉ်တွင် အမေရိကန် သမ္မတဘားရက်အိုဘား မားပါ ပါဝင်မည်ဖြစ်ကြောင်း သိရ သည်။

အိုဘားမားသည် လာမည့်တနင်္ဂ နွေနေ့တွင် အိန္ဒိယနိုင်ငံသို့ ရောက် ရှိမည်ဖြစ်ပြီး ထိုခရီးစဉ်၏ အစိတ် အပိုင်းတစ်ရပ်အနေဖြင့် မိုဒီ၏ရေဒီ ယိုအစီအစဉ်တွင် ပါဝင်မည်ဖြစ် သည်။

ထိုကြေညာချက်ကို မိုဒီက ၄င်း၏ တွစ်တာစာမျက်နှာတွင်ပြု လုပ်ခဲ့ခြင်းဖြစ်သည်။

မိုဒီက ဇန်နဝါ ရီ ၂၇ရက်က Mann ki Baat (နှ လုံးသားမှ) ဟု အမည်ရသော အစီ အစဉ်တွင် ပြည်သူများအနေဖြင့် ၄င်းတို့မေးခွန်းများကို ပေးပို့ရန်လည်း တောင်းဆိုခဲ့သည်။

''ယခုလ Mann ki Baat အစီ အစဉ်မှာ အထူးဧည့်သည်တော် တစ်ယောက်ပါဝင်မှာပါ။ သူကတော့ အမေရိကန်သမ္မတပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့နှစ်ယောက် အတူတူ မေးခွန်းတွေကို ဖြေကြားသွားမှာ ပါ''ဟု မိုဒီက ၄င်း၏တွစ်တာတွင် ရေးသားဖော်ပြထားသည်။ ဇန်နဝါ ရီ ၂၇ရက် အစီအစဉ်ကို အိန္ဒိယနှင့် အမေရိကန်နှစ်နိုင်ငံကြားက အထူး ဆက်ဆံရေး အနေနဲ့တင်ဆက်သွား မှာပါဟုလည်း ပါရှိသည်။

Ref: The Straits Times
Democracytoday
လာမည့်သီတင်းပတ်တွင် ပြုလုပ်မည့် အိန္ဒိယဝန်ကြီးချုပ်နာရန် ဒရာမိုဒီ၏ လစဉ်ပုံမှန်ပြုလုပ်နေကျ ရေဒီယိုမှ ထုတ်လွှင့်မည့်တယ်လီဖုန်းဖြင့် အမေးအဖြေ အစီအစဉ်တွင် အမေရိကန် သမ္မတဘားရက် အိုဘား မားပါ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

အိုဘားမားသည် လာမည့်တနင်္ဂ နွေနေ့တွင် အိန္ဒိယနိုင်ငံသို့ ရောက် ရှိမည်ဖြစ်ပြီး ထိုခရီးစဉ်၏ အစိတ် အပိုင်းတစ်ရပ်အနေဖြင့် မိုဒီ၏ရေဒီ ယိုအစီအစဉ်တွင် ပါဝင်မည်ဖြစ် သည်။

ထိုကြေညာချက်ကို မိုဒီက ၄င်း၏ တွစ်တာစာမျက်နှာတွင်ပြု လုပ်ခဲ့ခြင်းဖြစ်သည်။

မိုဒီက ဇန်နဝါ ရီ ၂၇ရက်က Mann ki Baat (နှ လုံးသားမှ) ဟု အမည်ရသော အစီ အစဉ်တွင် ပြည်သူ များအနေဖြင့် ၄င်းတို့မေးခွန်းများကို ပေးပို့ရန်လည်း တောင်းဆိုခဲ့သည်။

''ယခုလ Mann ki Baat အစီ အစဉ်မှာ အထူးဧည့်သည်တော် တစ်ယောက်ပါဝင်မှာပါ။ သူကတော့ အမေရိကန်သမ္မတပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့နှစ်ယောက် အတူတူ မေးခွန်းတွေကို ဖြေကြားသွားမှာ ပါ''ဟု မိုဒီက ၄င်း၏တွစ်တာတွင် ရေးသားဖော်ပြထားသည်။ ဇန်နဝါ ရီ ၂၇ရက် အစီအစဉ်ကို အိန္ဒိယနှင့် အမေရိကန်နှစ်နိုင်ငံကြားက အထူး ဆက်ဆံရေး အနေနဲ့တင်ဆက်သွား မှာပါဟုလည်း ပါရှိသည်။

Ref: The Straits Times
Democracytoday

No comments:

Post a Comment