Friday 23 January 2015

အမျိုးသားပညာရေးဥပဒေပြင်ဆင်လိုလျှင် အစိုးရက ပြင်ဆင်သည့် ဥပဒေကြမ်းရေးဆွဲသင့်ဟု လွှတ်တော်မှ သမ္မတထံသို့ အကြောင်းပြန်

အမျိုးသားပညာ ရေးဥပဒေသည် အသက်ဝင်နေပြီဖြစ်၍ ၎င်းဥပဒေ ပြင်ဆင်လိုပါက ပညာရေးဝန်ကြီး ဌာနက ပြင်ဆင်သည့် ဥပဒေကြမ်း တစ်ရပ် ကို အမြန်ဆုံးရေးဆွဲကာ ပြည် ထောင်စုလွှတ်တော်သို့ ပေးပို့ရန် နိုင်ငံတော် သမ္မတထံသို့ လွှတ် တော်မှ အကြောင်းပြန်လိုက်သည်။

အမျိုးသားပညာရေးဥပဒေနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့လာသော သ၀ဏ်လွှာအပေါ် ဥပဒေမူကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင် ခံစာကို ဇန်န၀ါရီ ၂၂ ရက်က ပြု လုပ်သည့် (၁၂)ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်တွင် အထက်ပါအတိုင်း ပြန်လည်အကြောင်း ပြန်ခြင်း ဖြစ်သည်။

ထိုသို့ပြင်ဆင်ပြီး ပြည်ထောင်စုလွှတ်တော်သို့ အလျင်အမြန်ပေးပို့ ပါက အမြန်ဆုံးညှိနှိုင်းဆောင်ရွက် ပေးမည် ဖြစ်ကြောင်း ယင်းအစီရင် ခံစာတွင် ပါရှိသည်။ သမ္မတပေးပို့လာသော သ၀ဏ်လွှာပါ  အ ကြောင်းအရာသည် အမျိုးသား ပညာရေးအဆင့်အတန်းမြင့်မား တိုးတက်ရေးကို မထိခိုက်စေသည့် အပြင် အေးချမ်းစွာပညာသင်ကြားနိုင်ရေးတို့ကို များစွာအထောက်အကူပြုနိုင်သဖြင့် တောင်းဆိုပါ အချက်များကို ဖြည့်စွက်ပြီး ပြင် ဆင်လိုသည့် ဥပဒေကြမ်းတစ်ရပ် ရေးဆွဲရန် လိုအပ်ကြောင်း ပါရှိ သည်။ အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ပေးရန် တောင်းဆိုမှုများမှာ ဗဟိုချုပ်ကိုင်မှု လျှော့ချ ပေးရေး၊ ဆရာ၊ ကျောင်းသား အဖွဲ့အစည်းများ ဖွဲ့စည်းနိုင်ရေး၊ လူတိုင်းအကျုံးဝင်ပညာရေး၊ တိုင်း ရင်းသားစာပေယဉ်ကျေးမှုဖွံ့ဖြိုး တိုးတက်ရေးတို့ကို တောင်းဆိုထား ခြင်း ဖြစ်သည်။

အဆိုပါဥပဒေနှင့် ပတ်သက် ၍ ကျောင်းသားများတောင်းဆို ထားသော အချက်များကို ရက် ပေါင်း ၆၀ အတွင်း ညှိနှိုင်းပေးခြင်းမရှိခြင်းကြောင့် ဇန်န၀ါရီ ၂၀ ရက်မှစ၍ တက္ကသိုလ်ကျောင်းသားတစ်ရာကျော်က မန္တလေးမှ  ရန်ကုန်မြို့ထိခြေလျင်ချီတက်ဆန္ဒပြနေပြီး အခြားမြို့ကြီး အချို့တွင်လည်း ကျောင်းသားအချို့၏ ဆန္ဒပြပွဲများ ပေါ်ပေါက်နေသည်။

7Day DAILY 

No comments:

Post a Comment