Monday 19 January 2015

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် ပြည်တွင်းစစ်အဆုံးသတ်ရန် အပြည့်ဝ တာဝန်ယူမှု မရှိဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ပြောကြား

Photo: တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် ပြည်တွင်းစစ်အဆုံးသတ်ရန် အပြည့်ဝ တာဝန်ယူမှု မရှိဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ပြောကြား

ဇန်န၀ါရီလ ၁၉ ရက်၊ ၂၀၁၅ 

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် ပြည်တွင်းစစ်အဆုံးသတ်ရန် အပြည့်ဝ တာဝန်ယူမှု မရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စကာင်္ပူ အခြေစိုက် ချန်နယ်နယူးစ် အေးရှား သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းမှုတွင် ပြောသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လက်ရှိ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများမှာ စည်းမျဉ်းဥပဒေများနှင့် တပ်မတော်မှာ ချမှတ်ထားသည့် ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒများကို ချိုးဖောက်မှုများ ရှိနေသည့်အတွက် ကြောင့် ဖြစ်ကြောင်းလည်း စွပ်စွဲပြောဆိုသည်။

‘အရာအားလုံးက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပေါ်မှာပဲ မူတည်တာပါ.။ တကယ်ငြိမ်းချမ်းရေး လိုချင်တယ်ဆိုရင် ဘာကြောင့် မလုပ်နိုင်တာလဲံ။ သူတို့တွေအနေနဲ့ တကယ်ပဲ ဒိမိုကရေစီ လမ်းကြောင်းပေါ် လျှောက် လမ်းချင်တယ်။ ဒေသဖွံ့ဖြိုးရေးတွေ တကယ်ပဲ လုပ်ချင်တယ် ဆိုရင် ကျန်တော်တို့ သွားနေတဲ့ လမ်းကြောင်းပေါ်မှာ သူတို့ လိုက်ရပါမယ်။ ကျန်တော်တို့က ငြင်းနေတာ မဟုတ်ပါဘူး။ တိုင်းပြည်ဖွံ့ဖြိုး မှု နှောင့်နှေးအောင် ငြိမ်းချမ်းရေး ကို ငြင်းပယ်နေကြတယ် ‘ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

အစိုးရနှင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြားနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးအတွက် ဆွေးနွေးနေရာတွင် အချက် ၁၂၂ ချက်ပါ အပစ်ရပ်မူကြမ်းတွင် အချက် ၈ ချက်ခန့်သာ သဘောတူညီမှု ရယူရန် ကျန်ရှိနေသည်။

ယင်းသို့ ၈ ချက်သာ ကျန်ရှိနေသော်လည်း ပြေလည်မှု မရခဲ့သည့် စက်တင်ဘာလ ဆွေးနွေးပွဲနောက် ပိုင်းတွင် တရားဝင် ဆွေးနွေးပွဲများ ဆက်လက်ကျင်းပနိုင်ခြင်း မရှိတော့သလို လက်ရှိအချိန်အထိလည်း တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်တို့အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

‘ကျန်တော်တို့ တိုင်းရင်းသားတွေ ဘက်က ငြိမ်းချမ်းရေးအတွက် တကယ်ပဲ တာဝန်ယူမှုရှိတယ်။ အစိုးရနဲ့ ပေါင်းပြီး အပစ်ရပ်စဲရေး မူကြမ်းကို ရေးဆွဲနေတာကိုပဲ ကြည့်ပါ စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေး ပွဲတွေ ဖြစ်လာဖို့လဲ တောင်းဆိုပါတယ် ။ တောင်းလည်း တောင်းဆိုနေတာပါ။ ‘ဟု ချင်းအမျိုးသား တပ်ဦးမှ အဓိပတိကောင်စီ ၀င် ဒေါက်တာ ဆလှိုင်းလျှံမှုန်းဆာခေါန်းက ပြောသည်။

သုံးသပ်သူ အချို့ကမူ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့အနေဖြင့် ခိုင်မာသည့်နိုင်ငံရေးအရ အာမခံချက်များရယုလိုသည့်အတွက် အပြီးသတ် သဘောတူညီမှု ရယူရန် ကျန်ရှိနေခြင်း ဖြစ်ကြောင်း မှတ်ချက်ပြုကြသည်။ လက်ရှိ တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် ကချင်လွတ်မြောက်ရေး တပ်မတော်မှာ ပြီးခဲ့သည့် တပ်မတော် အစိုးရလက်ထက်က ၁၇ နှစ်ကြာ အပစ်ခတ်ရပ်စဲခဲ့ဖူးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့စည်းဖြစ်ပြီး စစ်မှန်သည့် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မလာခဲ့သည့်အတွက် အစိုးရသစ်လက်ထက်တွင် တိုက်ခိုက်နေရခြင်း ဖြစ်ကြောင်းလည်း တိုင်းရင်းသား အင်အားစုများက ဆိုသည်။ 

‘ ကျည်ဆံဆိုတာ နှစ်ဘက်စလုံက ထွက်မှ ထွက်တာပါပဲ။ အချိန်လည်း သိပ်မကျန်တော့ပါဘူး။ တဘက်နဲ့ တဘက်အသာစီးရယူလိုမှုနဲ့ ငြိမ်းချမ်းရေးကို ချဉ်းကပ်နေတယ်ဆိုရင် ငြိမ်းချမ်းရေးရမှာ မဟုတ်ပါဘူး။ ကျန်တော်နှစ်ဘက် စလုံးကိုပြောတာပါ။ တကယ်ကျန်နေတာကလည်းအဖွဲ့ တချို့နဲ့ပဲ ကျန်နေတာပါ။ ဒါပေမဲ့ တိုင်းရင်းသား အခွင့်ရေးတို့ စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတို့ ဆိုတာကလည်း ရှိနေပါတယ် ‘ဟု လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးစိုင်းညွှန့်လွင်က မှတ်ချက်ပြုပြော ဆိုသည်။ 

Yangon Media Group
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် ပြည်တွင်းစစ်အဆုံးသတ်ရန် အပြည့်ဝ တာဝန်ယူမှု မရှိ ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စကာင်္ပူ အခြေစိုက် ချန်နယ်နယူးစ် အေးရှား သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းမှုတွင် ပြောသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လက်ရှိ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချို့ အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများမှာ စည်းမျဉ်းဥပဒေများနှင့် တပ်မတော်မှာ ချမှတ်ထားသည့် ငြိမ်းချမ်း ရေးဆိုင်ရာ မူဝါဒများကို ချိုးဖောက်မှုများ ရှိနေသည့်အတွက်ကြောင့် ဖြစ်ကြောင်းလည်း စွပ်စွဲပြောဆိုသည်။

‘အရာအားလုံးက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပေါ်မှာပဲ မူတည်တာပါ.။ တကယ်ငြိမ်းချမ်းရေး လိုချင်တယ်ဆိုရင် ဘာကြောင့် မလုပ်နိုင်တာလဲံ။ သူတို့တွေအနေနဲ့ တကယ်ပဲ ဒိမိုကရေစီ လမ်းကြောင်း ပေါ် လျှောက်လမ်းချင်တယ်။ ဒေသဖွံ့ဖြိုးရေးတွေ တကယ်ပဲ လုပ်ချင်တယ် ဆိုရင် ကျန်တော်တို့ သွားနေတဲ့ လမ်းကြောင်းပေါ်မှာ သူတို့ လိုက်ရပါမယ်။ ကျန်တော်တို့က ငြင်းနေတာ မဟုတ်ပါဘူး။ တိုင်းပြည်ဖွံ့ဖြိုး မှု နှောင့်နှေးအောင် ငြိမ်းချမ်းရေး ကို ငြင်းပယ်နေကြတယ် ‘ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

အစိုးရနှင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြားနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးအတွက် ဆွေးနွေး နေရာတွင် အချက် ၁၂၂ ချက်ပါ အပစ်ရပ်မူကြမ်းတွင် အချက် ၈ ချက်ခန့်သာ သဘောတူညီမှု ရယူရန် ကျန်ရှိနေသည်။

ယင်းသို့ ၈ ချက်သာ ကျန်ရှိနေသော်လည်း ပြေလည်မှု မရခဲ့သည့် စက်တင်ဘာလ ဆွေးနွေးပွဲနောက် ပိုင်းတွင် တရားဝင် ဆွေးနွေးပွဲများ ဆက်လက်ကျင်းပနိုင်ခြင်း မရှိတော့သလို လက်ရှိအချိန်အထိလည်း တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်တို့အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

‘ကျန်တော်တို့ တိုင်းရင်းသားတွေ ဘက်က ငြိမ်းချမ်းရေးအတွက် တကယ်ပဲ တာဝန်ယူမှုရှိတယ်။ အစိုးရနဲ့ ပေါင်းပြီး အပစ်ရပ်စဲရေး မူကြမ်းကို ရေးဆွဲနေတာကိုပဲ ကြည့်ပါ စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေး ပွဲတွေ ဖြစ်လာဖို့လဲ တောင်းဆိုပါတယ် ။ တောင်းလည်း တောင်းဆိုနေတာပါ။ ‘ဟု ချင်းအမျိုးသား တပ်ဦးမှ အဓိပတိကောင်စီ ၀င် ဒေါက်တာ ဆလှိုင်းလျှံမှုန်းဆာခေါန်းက ပြောသည်။

သုံးသပ်သူ အချို့ကမူ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့အနေဖြင့် ခိုင်မာသည့်နိုင်ငံရေးအရ အာမ ခံချက်များ ရယုလိုသည့်အတွက် အပြီးသတ် သဘောတူညီမှု ရယူရန် ကျန်ရှိနေခြင်း ဖြစ်ကြောင်း မှတ်ချက် ပြုကြသည်။ လက်ရှိ တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် ကချင်လွတ်မြောက်ရေး တပ်မတော်မှာ ပြီးခဲ့သည့် တပ်မတော် အစိုးရလက်ထက်က ၁၇ နှစ်ကြာ အပစ်ခတ်ရပ်စဲခဲ့ဖူးသည့် တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့စည်းဖြစ်ပြီး စစ်မှန်သည့် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မလာခဲ့သည့်အတွက် အစိုးရသစ် လက်ထက်တွင် တိုက်ခိုက်နေရခြင်း ဖြစ်ကြောင်းလည်း တိုင်းရင်းသား အင်အားစုများက ဆိုသည်။

‘ ကျည်ဆံဆိုတာ နှစ်ဘက်စလုံက ထွက်မှ ထွက်တာပါပဲ။ အချိန်လည်း သိပ်မကျန်တော့ပါဘူး။ တဘက်နဲ့ တဘက်အသာစီးရယူလိုမှုနဲ့ ငြိမ်းချမ်းရေးကို ချဉ်းကပ်နေတယ်ဆိုရင် ငြိမ်းချမ်းရေးရမှာ မဟုတ်ပါဘူး။ ကျန်တော်နှစ်ဘက် စလုံးကိုပြောတာပါ။ တကယ်ကျန်နေတာကလည်းအဖွဲ့ တချို့နဲ့ပဲ ကျန်နေတာပါ။ ဒါပေမဲ့ တိုင်းရင်းသား အခွင့်ရေးတို့ စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတို့ ဆိုတာကလည်း ရှိနေပါတယ် ‘ဟု လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးစိုင်းညွှန့်လွင်က မှတ်ချက်ပြုပြော ဆိုသည်။

Yangon Media Group

No comments:

Post a Comment